အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံးကို ကြမ်းခင်းဈေး ၁ ပေါင် (မြန်မာငွေ ၁၈၈၅ ကျပ်) ဖြင့် ကမ္ဘာကျော် အက်စတန်ဗီလာ ဘောလုံးအသင်းကြီး၏ အိမ်ကွင်းတွင် လေလံတင်ရောင်းချမည်
အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံးကို ကြမ်းခင်းဈေး ၁ ပေါင် (မြန်မာငွေ ၁၈၈၅ ကျပ်) ဖြင့် ကမ္ဘာကျော် အက်စတန်ဗီလာ ဘောလုံးအသင်းကြီး၏ အိမ်ကွင်းတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
27 Sep 2019 10:50 am တွင် တင်ခဲ့သည်
1225 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အင်္ဂလန်နိုင်ငံအလယ်ပိုင်း ဘာမင်ဂမ်မြို့၏ အရှေ့တောင်ဘက်တွင် Acocks Green ဟုခေါ်သော ဒေသကလေး တည်ရှိသည်။
အဆိုပါဒေသတွင် အခြေချခဲ့သော Acock မိသားစုကို အစွဲပြုကာ အမည်ပေးထားခြင်းဖြစ်ပြီး Acock မိသားစုသည် ယင်းဒေသတွင် ၁၃၇၀ ပြည့်နှစ်အတွင်း စံအိမ်ကြီးတစ်ခု ဆောက်လုပ်နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဘာမင်ဂမ်မြို့၊ Acocks Green ဒေသကလေးရှိ အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံးကို ကြမ်းခင်းဈေး ၁ ပေါင် (မြန်မာငွေ ၁၈၈၇ ကျပ်) ဖြင့် လေလံတင်ရန် စီစဉ်လာသည်။
ဘီယာတစ်ပုလင်းစာ ဈေးနှုန်းမျှဖြင့် နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
Acocks Green ဒေသ၊ ဒေါက်ဂလပ်လမ်းပေါ်ရှိ ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်တွင် မူရင်းလက်ရာ မြင်းမိုရ်ပိတ် ပါဝင်သည့် ဆင်ဝင်၊ ညီညီညာညာ တိဖြတ်ထားသော သစ်ပင်ခြံစည်းရိုးနှင့် ဆေးသစ်သုတ်ထားသော အိမ်ရှေ့တံခါးတို့ကို ဦးစွာတွေ့ရမည် ဖြစ်သည်။
သို့ရာတွင် သော့ဖွင့်လိုက်ပြီး အိမ်တွင်းသို့ ရောက်သွားသည်နှင့် တပြိုင်နက် အရောင်းဈေးကွက်တွင် အဘယ်ကြောင့် ဤမျှနည်းပါးသည့် ဈေးနှုန်းဖြင့် ဈေးကွက်တင်လာသည်ကို ချက်ချင်းအဖြေပေါ် ရှင်းလင်းသွားမည် ဖြစ်သည်။
အုတ်ကျိုးအုတ်ပဲ့ပုံများ၊ ပျက်စီးနေသော အိမ်သာ၊ လုံးဝပျက်စီးနေသော မီးဖိုဆောင်တို့ကို ကြည့်လျှင် ဝယ်လက်အနေဖြင့် ၎င်းတို့လက်သို့ ရောက်ပါက အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ရတော့မည်မှာ သေချာသည်။
အကယ်၍ ပြုပြင်မွမ်းမံရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး စိတ်အနှောင့်အယှက်မဖြစ်ပါက ယခုအိမ်မှာ ကောင်းမွန်သည့် ဝယ်ယူမှုတစ်ခုဖြစ်ကာ အလားအလာများစွာရှိသည့် နေအိမ်တစ်လုံးလည်း ဖြစ်သည်။
အဆိုပါ နေအိမ်တည်ရှိရာလမ်းပေါ်တွင် နေအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ ပေါင် ၂၀၀၀၀၀ ကျော်ရှိရာ နေရာကောင်းတစ်ခုမှ နေအိမ်ကို အောက်ဈေးဖြင့် ရမည့်အခွင့်အလမ်းလည်း ဖြစ်သည်။
နေအိမ်တည်ရှိသည့်လမ်းတွင် ဈေးဆိုင်များ တည်ရှိပြီး ရထားဘူတာရုံနှင့်လည်း နီးကပ်ကာ ဘာမင်ဂမ်မြို့လယ်မှ ၆ မိုင်ခန့်သာ ဝေးကွာသည်။
နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း ပါဝင်သည့်အနက် ၂ ခန်းတွင် မူရင်းလက်ရာ သံကြွပ်မီးလင်းဖိုများနှင့် ရေချိုးခန်း ၁ ခန်း ပါဝင်ကြသည်။
မြေညီထပ်တွင် အဝင်ခန်းမ၊ မီးဖိုဆောင်နှင့် ဧည့်ခံခန်းမ ၂ ခုတို့ ပါဝင်သည်။
နေအိမ်ရှေ့တွင် ပန်းဥယျာဉ်ငယ်တစ်ခု တွေ့ရပြီး အိမ်နောက်တွင်မူ ပိုမိုကြီးမားသည့် ဥယျာဉ်တစ်ခု ပါဝင်သည်။
အဆိုပါစံအိမ်ကို ကမ္ဘာကျော် ပရီးမီးယားလိဂ် ဘောလုံးအသင်းဖြစ်သော အက်စတန်ဗီလာ ဘောလုံးအသင်း၏ အိမ်ကွင်းဖြစ်သော ဘာမင်ဂမ်မြို့ရှိ Villa Park ဘောလုံးကွင်းတွင် SDL Auctions လေလံအဖွဲ့က လာမည့် အောက်တိုဘာလ ၂၉ ရက်၊ အင်္ဂ ါနေ့တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးမှ စတာလင်ပေါင် ၁ ပေါင် (မြန်မာငွေ ၁၈၈၅ ကျပ် - ၂၀၁၉၊ စက်တင်ဘာ ၂၇ ရက် ငွေလဲနှုန်းအရ) ဖြင့် လေလံတင်ရောင်းချသွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ERC Luxury Condo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service