နိုင်ငံခြားဝယ်လက်များ အမေရိကန်အိမ်ခြံမြေမှ ဆုတ်ခွါ
နိုင်ငံခြားဝယ်လက်များ အမေရိကန်အိမ်ခြံမြေမှ ဆုတ်ခွါ - Property News in Myanmar from iMyanmarHouse.com
4 Sep 2019 11:44 am တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ တစ်နှစ်တာအတွင်း အမေရိကန်အိမ်များအား နိုင်ငံခြားဝယ်လက်များမှ ဝယ်ယူမှု လျော့နည်းခဲ့ကြောင်း အမေရိကန်အိမ်ခြံမြေအကျိုးဆောင်များအသင်း National Association of Realtors (NAR) က ဇူလိုင် ၁၇ တွင် စစ်တမ်းတစ်ရပ်ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားဝယ်လက်များသည် ထိုတစ်နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၉ ဘီလျံ တန်ဖိုးရှိ အမေရိကန်နေအိမ်များကို ဝယ်ယူခဲ့ကြောင်း၊ ယင်းသည် နိုင်ငံခြားသားများမှ အမေရိကန်ဒေါ်လာ ၁၂၁ ဘီလျံဖိုး အမေရိကန်နေအိမ်များဝယ်ယူခဲ့သည့် ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်အထိ တစ်နှစ်တာအောက် ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း NAR က ထုတ်ပြန်ခဲ့သည်။
“ပြည်ပနိုင်ငံတွေရဲ့စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုနှေးကွေးလာမှု၊ တရုတ်မှာ ငွေကြေးစီးဆင်းမှုထိန်းချုပ်မှုပိုမိုတင်းကျပ်လာမှု၊ အမေရိကန်ဒေါ်လာပိုမာလာမှုနဲ့ အိမ်စီမံကိန်းသစ်နည်းပါးလာမှုတို့က နိုင်ငံခြားဝယ်လက်တွေကို အမေရိကန်ကနေ ဆုတ်ခွါစေခဲ့တာပါ” ဟု NAR မှ စီးပွားရေးပညာရှင်ချုပ် လောရင့်စ်ယွန်က ပြောကြားခဲ့သည်။
ခုနစ်နှစ်မြောက်အဖြစ် ထုတ်ပြန်သော ၎င်းစစ်တမ်းတွင် တရုတ်က အမေရိကန်အိမ်များ၏ ထိပ်တန်းနိုင်ငံခြားဝယ်လက်ဖြစ်ဆဲပင်ဖြစ်သည်။ ထိုကာလ (၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ တစ်နှစ်တာ) အတွင်း တရုတ်၏ အမေရိကန်အိမ်ဝယ်ယူမှုတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလျံ ရှိခဲ့ကာ အခြားနိုင်ငံအားလုံး၏ ဝယ်ယူမှုများထက် သာလွန်ခဲ့သည်။ ကနေဒါက အမေရိကန်ဒေါ်လာ ၈ ဘီလျံဖိုးဖြင့် ဒုတိယအများဆုံးဝယ်ယူသည့် နိုင်ငံခြားဝယ်လက်ဖြစ်သည်။
တရုတ်၏ ၎င်းဝယ်ယူမှုပမာဏသည် ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်အထိ တစ်နှစ်တာအတွင်း ဝယ်ယူခဲ့သည့် ပမာဏအောက် ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
တရုတ်စီးပွားရေးဖွံ့ဖြိုးမှုသည် ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ရာမှ ၂၀၁၉ တွင် ၆ ဒသမ ၃ သို့ ကျဆင်းခဲ့ကြောင်း ထိုစစ်တမ်းက မှတ်ချက်ပြုခဲ့သည်။ တရုတ်အစိုးရကလည်း နိုင်ငံ၏ နိုင်ငံခြားငွေကြေးကန့်သတ်ချက်ကို စီမံခန့်ခွဲရန် ကြိုးပမ်းသည့်အနေဖြင့် ပြည်ပသို့ငွေကြေးစီးဆင်းမှုများကို ၂၀၁၆ ခုနှစ်ကတည်းက တင်းတင်းကျပ်ကျပ်ထိန်းချုပ်နှိပ်ကွပ်လာသည်။
အမေရိကန်တွင် နေထိုင်သူမဟုတ်သည့် နိုင်ငံခြားဝယ်လက်များသို့ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ တစ်နှစ်တာအတွင်း အမေရိကန်နေအိမ် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂ ဘီလျံဝန်းကျင်ဖိုး ရောင်းချခဲ့ရပြီး ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်အထိတစ်နှစ်တာတုန်းကမူ အမေရိကန်ဒေါ်လာ ၅၃ ဘီလျံဖိုး ရောင်းချခဲ့ရသည်။
နေထိုင်သူနိုင်ငံခြားဝယ်လက်များသို့ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ တစ်နှစ်တာအတွင်း အမေရိကန်နေအိမ် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇ ဘီလျံဝန်းကျင်ဖိုး ရောင်းချခဲ့ရပြီး ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်အထိတုန်းကမူ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၉ ဘီလျံဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service