ဂ်ပန္ကုမၸဏီ Nomura Real Estate က ဗီယက္နမ္ႏိုင္ငံတြင္ ၁၄ ထပ္ ရံုးအေဆာက္အအံုၾကီးတစ္ခု ဝယ္ယူ

ဂ်ပန္ကုမၸဏီ Nomura Real Estate က ဗီယက္နမ္ႏိုင္ငံတြင္ ၁၄ ထပ္ ရံုးအေဆာက္အအံုၾကီးတစ္ခု ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
28 Aug 2019 12:11 pm တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ZEN PLAZA ၏ အခ်က္အလက္မ်ား

တည္ေနရာ- အမွတ္ ၅၄/၅၆ ၊ ငုယင္ ထရိုင္လမ္း၊ ခရိုင္ ၁၊ ဟိုခ်ီမင္းျမိဳ႕ေတာ္

ရံုးခန္း အက်ယ္အဝန္းမ်ား- ၃၂ စတုရန္းမီတာ (sqm ) ၊ ၄၅ sqm ၊ ၈၀ sqm ၊ ၁၆၇ sqm ၊ ၂၂၅ sqm ၊ ၃၅၁ sqm ၊ ၉၄၈ sqm

ေစ်းႏႈန္း- ၂၆×× (ကန္ေဒၚလာ/ ၁ စတုရန္းမီတာ / ၁ လ)

စီမံခန္႔ခြဲမႈ စရိတ္ - ၆ ( ကန္ေဒၚလာ / ၁ စတုရန္းမီတာ / ၁ လ )

အေဆာက္အအံု အတန္းအစား- Class B

ဂ်ပန္အိမ္ျခံေျမ ကုမၸဏီ Nomura Real Estate သည္ ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းျမိဳ႕ေတာ္ (HCMC) တြင္ ၁၄ ထပ္ ရံုးအေဆာက္အအံုၾကီးတစ္ခု ဝယ္ယူကာ အာရွေစ်းကြက္ကို ထပ္မံခ်ဲ႕ထြင္လာသည္။

Zen Plaza အမည္ရွိ ရံုးအေဆာက္အအံုၾကီးသည္ ၾကမ္းခင္းဧရိယာ ၁၁၇၀၀ စတုရန္းမီတာရွိျပီး ဟိုခ်ီမင္းျမိဳ႕ေတာ္၏ ပင္မစီးပြားေရးရပ္ကြက္အနီးတြင္ တည္ရွိကာ ဗီယက္နမ္ဖက္ရွင္ဆိုင္မ်ားစြာ တည္ရွိေၾကာင္း ဝယ္လက္က ထုတ္ေဖာ္ေၾကညာသည္။

အျပီးသတ္အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ေစ်းႏႈန္းကိုမူ ထုတ္ျပန္ေၾကညာျခင္း မရွိေသးေခ်။

Nomura Real Estate က လာမည့္ ၉ ႏွစ္အတြင္း ဂ်ပန္ယန္းေငြ ၃၀၀ ဘီလီယံ (ကန္ေဒၚလာ ၂ ဒသမ ၈ ဘီလီယံ) အသံုးျပဳကာ ျပည္ပ အိမ္ျခံေျမေစ်းကြက္မ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာ ဧျပီလအတြင္းက ထုတ္ျပန္ေၾကညာထားခဲ့သည္။

ဟိုခ်ီမင္းျမိဳ႕ေတာ္တြင္ grade A အဆင့္ ရံုးခန္းေနရာမ်ား ငွားရမ္းလိုမႈ ျမင့္တက္လာေနမႈမွာ ငွားရမ္းႏိုင္သည့္ supply ပမာဏထက္ ပိုမိုေက်ာ္လြန္ေနေသာေၾကာင့္ ငွားရမ္းခမ်ားမွာ ၂ ရာခိုင္ႏႈန္းမွ ၂ ဒသမ ၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာလ်က္ရွိေနသည့္အခ်ိန္မ်ဳိးတြင္ ယခု အေရာင္းအဝယ္ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

Zen Plaza အေဆာက္အအံုၾကီးသည္ ဟိုခ်ီမင္းျမိဳ႕ေတာ္၊ ခရိုင္အမွတ္ ၁ တြင္ တည္ရွိျပီး ငုယင္ထရိုင္လမ္းမကို မ်က္ႏွာမူထားကာ ဂ်ပန္ႏွင့္ အျခားျပည္ပစီးပြားေရးလုပ္ငန္းမ်ား ရံုးစိုက္ထားသည့္ေနရာတစ္ခု ျဖစ္သည္။

ယခု အေရာင္းအဝယ္မတိုင္မီက Nomura Real Estate သည္ ဘက္စံုသံုး အေဆာက္အအံုၾကီးတစ္လံုးျဖစ္ေသာ Sun Wah တာဝါကို ဝယ္ယူျခင္း၊ ဟိုခ်ီမင္းျမိဳ႕လယ္ရွိ ကြန္ဒိုစီမံကိန္းတစ္ခုျဖစ္ေသာ Phú Mỹ Hưng စီမံကိန္းတြင္ ပါဝင္ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျခင္း အစရွိေသာ ေျခလွမ္းမ်ားလည္း အစပ်ဳိးထားသည္။

ဟိုခ်ီမင္းျမိဳ႕ေတာ္ ရံုးခန္းေစ်းကြက္တြင္ ေရာင္းခ်ငွားရမ္းထားရမႈႏႈန္းမွာ ျဖည့္တင္းေပးႏိုင္သည့္ supply အား အျပည့္နီးပါးျဖစ္ေနျပီး grade A အဆင့္ ရံုးခန္းအေဆာက္အအံုမ်ား၏ ၉၅ ရာခိုင္ႏႈန္းႏွင့္ grade B အဆင့္ ရံုးခန္းေနရာမ်ား၏ ၈၈ ရာခိုင္ႏႈန္းအထိ ေရာင္းခ်၊ ငွားရမ္းထားရသည္။

ယခုႏွစ္ကုန္တြင္ ဟိုခ်ီမင္းျမိဳ႕ေတာ္၌ grade A ႏွင့္ B ရံုးခန္းသစ္ ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၁၁၃၀၀၀ ခန္႔ ေစ်းကြက္သို႔ ထပ္မံေရာက္ရွိလာဖြယ္ရွိေနသည့္တိုင္ ဝယ္လိုအားမွာ ျဖည့္တင္းေပးႏိုင္သည့္ ေရာင္းလိုအားထက္မ်ားျပားေနဦးမည္ျဖစ္ျပီး ပွ်မ္းမွ်ေခၚေစ်းမ်ားမွာလည္း တျဖည္းျဖည္းခ်င္းဆက္လက္ျမင့္္တက္ေနဦးမည္ ျဖစ္ေၾကာင္း Colliers က ခန္႔မွန္းထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

 

ZEN PLAZA ၏ အချက်အလက်များ

တည်နေရာ- အမှတ် ၅၄/၅၆ ၊ ငုယင် ထရိုင်လမ်း၊ ခရိုင် ၁၊ ဟိုချီမင်းမြို့တော်

ရုံးခန်း အကျယ်အဝန်းများ- ၃၂ စတုရန်းမီတာ (sqm ) ၊ ၄၅ sqm ၊ ၈၀ sqm ၊ ၁၆၇ sqm ၊ ၂၂၅ sqm ၊ ၃၅၁ sqm ၊ ၉၄၈ sqm

ဈေးနှုန်း- ၂၆×× (ကန်ဒေါ်လာ/ ၁ စတုရန်းမီတာ / ၁ လ)

စီမံခန့်ခွဲမှု စရိတ် - ၆ ( ကန်ဒေါ်လာ / ၁ စတုရန်းမီတာ / ၁ လ )

အဆောက်အအုံ အတန်းအစား- Class B

ဂျပန်အိမ်ခြံမြေ ကုမ္ပဏီ Nomura Real Estate သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော် (HCMC) တွင် ၁၄ ထပ် ရုံးအဆောက်အအုံကြီးတစ်ခု ဝယ်ယူကာ အာရှဈေးကွက်ကို ထပ်မံချဲ့ထွင်လာသည်။

Zen Plaza အမည်ရှိ ရုံးအဆောက်အအုံကြီးသည် ကြမ်းခင်းဧရိယာ ၁၁၇၀၀ စတုရန်းမီတာရှိပြီး ဟိုချီမင်းမြို့တော်၏ ပင်မစီးပွားရေးရပ်ကွက်အနီးတွင် တည်ရှိကာ ဗီယက်နမ်ဖက်ရှင်ဆိုင်များစွာ တည်ရှိကြောင်း ဝယ်လက်က ထုတ်ဖော်ကြေညာသည်။

အပြီးသတ်အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။

Nomura Real Estate က လာမည့် ၉ နှစ်အတွင်း ဂျပန်ယန်းငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ) အသုံးပြုကာ ပြည်ပ အိမ်ခြံမြေဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဧပြီလအတွင်းက ထုတ်ပြန်ကြေညာထားခဲ့သည်။

ဟိုချီမင်းမြို့တော်တွင် grade A အဆင့် ရုံးခန်းနေရာများ ငှားရမ်းလိုမှု မြင့်တက်လာနေမှုမှာ ငှားရမ်းနိုင်သည့် supply ပမာဏထက် ပိုမိုကျော်လွန်နေသောကြောင့် ငှားရမ်းခများမှာ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက်ရှိနေသည့်အချိန်မျိုးတွင် ယခု အရောင်းအဝယ်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

Zen Plaza အဆောက်အအုံကြီးသည် ဟိုချီမင်းမြို့တော်၊ ခရိုင်အမှတ် ၁ တွင် တည်ရှိပြီး ငုယင်ထရိုင်လမ်းမကို မျက်နှာမူထားကာ ဂျပန်နှင့် အခြားပြည်ပစီးပွားရေးလုပ်ငန်းများ ရုံးစိုက်ထားသည့်နေရာတစ်ခု ဖြစ်သည်။

ယခု အရောင်းအဝယ်မတိုင်မီက Nomura Real Estate သည် ဘက်စုံသုံး အဆောက်အအုံကြီးတစ်လုံးဖြစ်သော Sun Wah တာဝါကို ဝယ်ယူခြင်း၊ ဟိုချီမင်းမြို့လယ်ရှိ ကွန်ဒိုစီမံကိန်းတစ်ခုဖြစ်သော Phú Mỹ Hưng စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း အစရှိသော ခြေလှမ်းများလည်း အစပျိုးထားသည်။

ဟိုချီမင်းမြို့တော် ရုံးခန်းဈေးကွက်တွင် ရောင်းချငှားရမ်းထားရမှုနှုန်းမှာ ဖြည့်တင်းပေးနိုင်သည့် supply အား အပြည့်နီးပါးဖြစ်နေပြီး grade A အဆင့် ရုံးခန်းအဆောက်အအုံများ၏ ၉၅ ရာခိုင်နှုန်းနှင့် grade B အဆင့် ရုံးခန်းနေရာများ၏ ၈၈ ရာခိုင်နှုန်းအထိ ရောင်းချ၊ ငှားရမ်းထားရသည်။

ယခုနှစ်ကုန်တွင် ဟိုချီမင်းမြို့တော်၌ grade A နှင့် B ရုံးခန်းသစ် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၁၃၀၀၀ ခန့် ဈေးကွက်သို့ ထပ်မံရောက်ရှိလာဖွယ်ရှိနေသည့်တိုင် ဝယ်လိုအားမှာ ဖြည့်တင်းပေးနိုင်သည့် ရောင်းလိုအားထက်များပြားနေဦးမည်ဖြစ်ပြီး ပျှမ်းမျှခေါ်ဈေးများမှာလည်း တဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း Colliers က ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service