ေငြကုန္ေၾကးက် သက္သာေစမယ့္ အိမ္တြင္းထုတ္ ေပါင္းသတ္ေဆး (၁၀) မ်ိဳး

ေငြကုန္ေၾကးက် သက္သာေစမယ့္ အိမ္တြင္းထုတ္ ေပါင္းသတ္ေဆး (၁၀) မ်ိဳး - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2019 12:46 pm တွင် တင်ခဲ့သည်
3158 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ေသေသခ်ာခ်ာေပါင္းႏွဳတ္ရိတ္သင္ထားတဲ့ ျမက္ခင္းေလးနဲ႔ ပန္းျခံေလးကိုရရွိႏို္င္ဖို႔ ကြ်ႏု္ပ္တို႔ ပတ္ဝန္းက်င္မွာ တိုးတိုးတိတ္တိတ္ေျဖရွင္းေနရတာေတြရွိပါတယ္။ ဒါဟာလြယ္ကူတဲ့အလုပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း လူေတြဟာသူတို႔ရဲ႕ျမက္ခင္းျပင္ေလးကို ထိန္းသိမ္းဖို႔ ႏွစ္စဥ္ေပါင္းသတ္သမားေတြငွွားရမ္းျခင္း၊ အႏၱရာယ္ရွိတဲ့ ဓာတုပစၥည္းေတြကိုဝယ္ယူျခင္းေတြမွာ သန္းေပါင္းမ်ားစြာထိကုန္က်ပါတယ္။

ဒီအသံုးမတည့္တဲ့ အပင္ေတြဟာ ေႏြရာသီမွာ စိတ္ပ်က္စရာအေကာင္းဆံုးအရာေလးေတြျဖစ္တယ္ဆိုတာ သူတို႔ဘာသာသိေနသလိုမ်ိဳး ကြ်ႏု္ပ္တု႔ိရဲ႕ ေန႔စဥ္ဘဝထဲမွာ အဖ်က္အေမွာက္လုပ္ငန္းေတြကိုလုပ္ႏိုင္ဖို႔ ႏွစ္စဥ္လ်င္ျမန္စြာရွင္သန္ၾကီးထြားလာေနၾကပါတယ္။ သင့္ရဲ႕ပန္းျခံထဲမွာ၊ ေလွ်ာက္လမ္းေပၚမွာ၊ အိမ္ေရွ႕အဝင္လမ္းေတြေပၚက အုတ္ၾကားေတြထဲမွာ ဒါမွမဟုတ္ ျမက္ခင္းျပင္ထဲမွာရွိေနတဲ့ ဒီဒုကၡေပးတဲ့အပင္ေလးေတြကို ဖယ္ပစ္ဖို႔လိုေနျပီဆိုရင္ေတာ့ သင့္ကိုကယ္တင္ႏိုင္မယ့္ ျပီးျပည့္စံုတဲ့ နည္းလမ္းေလးေတြ ကၽြန္ေတာ္တို႔ဆီမွာရွိပါတယ္။သင့္ဆီမွာ ဒီပါဝင္ပစၥည္းေတြကရွိေနျပီးသားပါ။ ေအာက္ပါနည္းလမ္းေတြထဲက တစ္ခုကိုေရြးခ်ယ္ျပီး ဒီႏွစ္ေႏြမွာ သင့္ရဲ႕ပန္းျခံထဲမွာစမ္းၾကည့္လိုက္ပါ။

(၁) ေရေႏြးပူ

ဒီနည္းေလးက အရမ္းကိုရိုးရွင္းျပီးေတာ့ သင္လည္းပိုက္ဆံတစ္ျပားတစ္ခ်ပ္မွ ကုန္မွာမဟုတ္ပါဘူး။ ေရေႏြးပူပူနဲ႔ထိမိတဲ့ အပင္တိုင္းဟာ ေသကုန္ပါလိမ့္မယ္။ ေလွ်ာက္လမ္းနဲ႔ အိမ္ေရွ႕အဝင္လမ္းက အုတ္ၾကားေတြထဲကိုေရေႏြးပူေလာင္းခ်ေပးျခင္းဟာ ေပါင္းပင္ေတြကိုေသေစပါလိမ့္မယ္။ ပိုေကာင္းတဲ့ရလဒ္ကိုလိုခ်င္ရင္ေတာ့ ေရေႏြးထဲဆားနည္းနည္းခပ္ေပးပါ။ ဒီနည္းက က်ဥ္းတဲ့ေနရာေတြမွာသာ အလုပ္ျဖစ္တာေၾကာင့္ သင့္ရဲ႕ျမက္ခင္းတစ္ခုလံုးေပၚေတာ့ ေရေႏြးေတြမေလာင္းခ်မိပါေစနဲ႔။

(၂) ပန္းကန္ေဆးဆပ္ျပာရည္

ဒီနည္းကေတာ့ ပန္းျခံထဲကေပါင္းေတြကိုသတ္ဖို႔ ကြ်ႏု္ပ္အႏွစ္သက္ဆံုး ကိုယ္တိုင္လုပ္လ႔ိုရတဲ့နည္းလမ္းေလးပါ။ ပိုေကာင္းတာက ပါဝင္ပစၥည္းေတြက သင့္အိမ္ထဲမွာရွိျပီးသားပါ။ ပံုမွန္ဆိုဒ္ ေရျဖန္းပုလင္း (spray bottle) ထဲမွာ ဆားကို ခြက္ရဲ႕ေလးပံုတစ္ပံုစာနဲ႔ ပန္းကန္ေဆးဆပ္ျပာရည္တစ္ညွစ္စာထည့္ျပီး ရွာလကာရည္ေတြျဖည့္လိုက္ပါ။ သင့္မွာေရျဖန္းပုလင္း (spray bottle) မရွိဘူးဆိုရင္ စတိုးဆိုင္ေလးေတြမွာအလြယ္တကူဝယ္လို႔ရပါတယ္၊ ဒါမွမဟုတ္သင့္မွာရွိတဲ့ မွန္ၾကည္ေဆးရည္ဗူးကုန္သြားတဲ့အခါ သံုးႏိုင္ပါတယ္။

(၃) စစ္ထရစ္အက္ဆစ္ နဲ႔ သံပုရာရည္

သင္က ေအာ္ဂဲနစ္ေပါင္းသတ္ေဆးကို ရွာေနတာဆိုရင္ေတာ့ စစ္ထရစ္အက္ဆစ္က အသင့္ေတာ္ဆံုးေပါင္းသတ္ေဆးပါပဲ။ ပံုမွန္ေပါင္းသတ္ေဆးေတြမွာဆိုရင္လည္း စစ္ထရစ္အက္ဆစ္ဟာ ပါဝင္ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ဒီေလာက္ဆို သင့္ရဲ႕ဥယ်ာဥ္ထဲက မလိုအပ္တဲ့ေပါင္းျမတ္ေတြကိုဖယ္ရွားဖို႔ အလုပ္ျဖစ္ျပီဆိုတာသင္သိေနေလာက္ပါျပီ။ စတိုးဆိုင္ေတြမွာေရာင္းတဲ့ စစ္ထရစ္အက္ဆစ္ကို သံပုရာရည္ (၄) ေအာင္စ၊ ရွာလကာရည္အျဖဴ သို႔မဟုတ္ ပန္းသီးကထုတ္တဲ့ ရွာလကာရည္ ပုလင္းအဖံုး (၁) ဖံုးစာနဲ႔ေရာျပီး ပံုမွန္ဆိုဒ္ ေရျဖန္းပုလင္းထဲမွာ ထည့္ပါ။ ပုလင္းကို နာနာလႈပ္ျပီး မလိုအပ္တဲ့ အပင္ေတြေပၚမွာ ျဖန္းေပးပါ။

(၄) အိမ္သံုးဆား

ကြ်ႏု္ပ္တို႔ရဲ႕ ေၾကာင္အိမ္ေတြထဲမွာရွိေလ့ရွိတဲ့ ဆားပုလင္းေလးေတြကို ေကာင္းေကာင္းအသံုးခ်ဖို႔ အခ်ိန္တန္ပါျပီ။ ေႏြဦးရာသီပဲရွိေသးတယ္ဆုိရင္ ဆားကိုသင့္ဥယ်ာဥ္ရဲ႕အစြန္းေလးေတြမွာ စည္းတားသလို ျဖဴးထားလို႔ရပါတယ္။ ဒီလိုလုပ္ေပးတာက သင့္ျမက္ရိတ္စက္မမီႏိုင္တဲ့ အစြန္အဖ်ားေနရာေလးေတြမွာ ေပါင္းျမက္ေတြေပါက္လာျခင္းမွ ကာကြယ္ေပးပါတယ္။ ဆားက လူေတြကိုေရဓာတ္ခန္းေျခာက္ေအာင္လုပ္ႏိုင္သလိုပဲ အပင္ေတြကိုလည္းလုပ္ႏုိင္ပါတယ္၊ အပင္ေတြကို ေျခာက္ျပီးေသသြားေစပါတယ္။ ပူျပင္းတဲ့ေႏြရာသီမွာ ေရဓာတ္ပိုခန္းေျခာက္လြယ္ေအာင္ ဒီနည္းလမ္းကို သံုးႏိုင္ပါတယ္။

(၅) ရွာလကာရည္

ေပါင္းျမက္ပင္ေတြဟာလည္း တျခားအပင္ေတြလိုပဲ ရွင္သန္ဖို႔ ေရကိုလိုအပ္ပါတယ္။ ေရမွာ ဓာတ္ျပယ္ pH level တစ္ခုရွိပါတယ္၊ အက္ဆစ္ဘက္လည္းမေဖာက္ အယ္ကာလိုင္းဘက္လည္းမေရာက္ပဲ ၾကားမွာရွိေနတာကိုဆိုလိုတာပါ။ ရွာလကာရည္ကေတာ့ အက္ဆစ္ဘက္ကိုအေတာ္ေလးေဖာက္ပါတယ္။ ဒါေၾကာင့္ ရွာလကာရည္အျဖဴ သို႔မဟုတ္ ပန္းသီးကထုတ္တဲ့ ရွာလကာရည္ကို ေပါင္းပင္ေတြေပၚကို ေလာင္းေပးမယ္ဆို ေပါင္းပင္ေတြအျမန္ေသကုန္မွာပါ။ ပိုျမန္ျမန္ေသေစခ်င္ရင္ ပူျပီးေနသာတဲ့ေန႔မွာ ေပါင္းပင္ေတြေပၚကို ရွာလကာရည္ျဖန္းေပးပါ။ ဒါေပမယ့္ သင့္ရဲ႕ပန္းအလွပင္ေလးေတြေပၚကို မျဖန္းမိဖို႔ေတာ့ ဂရုစိုက္ပါ။ သတိထားရမွာက သင္အရမ္းအမ်ားၾကီး ျဖန္းမိရင္ေတာ့ သင့္ေျမၾကီးရဲ႕ pH level ကို ေလ်ာ့ေစႏိုင္ျပီး သင့္ရဲ႕ဥယ်ာဥ္၊ ျမက္ခင္းေတြကို ထိခိုက္ေစႏိုင္ပါတယ္။

(၆) ငရုတ္သီးမႈန္႔

လူအမ်ားစုက သူတို႔ရဲ႕ဟင္းလ်ာေတြေပၚမွာ အရသာပိုထူးေအာင္ ငရုတ္သီးမႈန္႔နည္းနည္းျဖဴးေလ့ရွိၾကပါတယ္။ ငရုတ္သီးမႈန္႔ တစ္ဇြန္းေမာက္ေမာက္ၾကီးထည့္လိုက္တယ္လို႔ေတြးၾကည့္၊ ေတြးၾကည့္ရံုနဲ႔တင္ မခံႏိုင္ေလာက္ေအာင္စပ္တယ္ဟုတ္? ဆပ္ျပာရည္ရယ္၊ ေရရယ္၊ ငရုတ္သီးမႈန္႔တခ်ိဳ႕ရယ္ကို ေရျဖန္းပုလင္းထဲထည့္စပ္ျပီး ေပါင္းပင္ေတြ အျပံဳလိုက္ေပါက္ေနတဲ့ေနရာေတြမွာ လိုက္ျဖန္းေပးပါ။ ဒီအရည္ကို သင္ ေပါင္းျမက္ေတြမေပါက္ေစခ်င္တဲ့ ေနရာေတြမွာလိုက္ျဖန္းထားတာေတာ့ အေကာင္းဆံုးပါ။

(၇) သတင္းစာမ်ား သို႔မဟုတ္ အပင္ခံစိုက္တဲ့ ဥယ်ာဥ္သံုးပိတ္စ

သင့္မွာ ဥယ်ာဥ္သံုးပိတ္စ အလြယ္တကူမရွိဘူးဆိုရင္ သင့္ရဲ႕ေပါင္းျမက္ေတြကို သတင္းစာေတြနဲ႔ အုပ္ထားလို႔လည္းရပါတယ္။ ေၾကြသားမပါတဲ့ ရိုးရိုးသတင္းစာေတြျဖစ္ဖို႔လိုပါတယ္။ ဒီနည္းက အခ်ိန္ေတာ့နည္းနည္းယူရပါတယ္။ ဒါေပမယ့္သင္က သင့္ဥယ်ာဥ္ထဲမွာ အခ်ိန္ကုန္ရတာကိုၾကိဳက္သူ၊ ေပါင္းျမက္ကင္းစင္တဲ့ ျခံပတ္ဝန္းက်င္ကိုႏွစ္သက္သူဆိုရင္ေတာ့ ဒီနည္းကသင့္ေတာ္ပါတယ္။

ေရွ႕မွာေျပာခဲ့သလိုပဲ၊ ေပါင္းပင္ေတြရွင္သန္ဖို႔ ေရနဲ႔ေန လိုအပ္ပါတယ္။ ဒါေၾကာင့္ သင္သာသူတို႔ကို သတင္းစာေတြနဲ႔ အုပ္ထားမယ္ဆိုရင္ သူတို႔ဆက္လက္မရွင္သန္ႏိုင္ပဲ ေနာက္ဆံုးမွာ ေသသြားပါလိမ့္မယ္။ သတင္းစာေတြ ေျမၾကီးမွာကပ္ေနေအာင္ထိန္းထားဖို႔ အေပၚက ေက်ာက္ခဲေတြနဲ႔ဖိထားတာ ဒါမွမဟုတ္ ေျမေဆြးေတြ ခပ္ထူထူေလးပံုထားတာေတြ လုပ္ႏိုင္ပါတယ္။ သတင္းစာေတြက အဖ်က္ပိုးေတြမလာႏိုင္ေအာင္လည္းလုပ္ေပးႏိုင္ပါေသးတယ္။

(၈) ေျမေဆြး

သင့္ဥယ်ာဥ္ထဲမွာ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးကဲ့သို႔ အႏၱရာယ္ရွိတဲ့ဓာတုေဆးေတြ မသံုးခ်င္ဘူးဆုိရင္ ေျမၾကီးေပၚမွာ ေျမေဆြးခပ္ထူထူေလးပံုထားေပးပါ။ ေျမေဆြးက ေပါင္းပင္ေတြေပါက္၊ပြားႏႈန္းကို ေလွ်ာ့ခ်ေပးျပီး ေျမၾကီးကိုေနေရာင္တိုက္ရိုက္ထိုးတာကိုလည္း ကာကြယ္ေပးပါတယ္။

(၉) တျခားအပင္ေတြစိုက္ျခင္း

သင့္ဥယ်ာဥ္ထဲမွာ ေပါင္းျမက္ပင္ေတြကိုထိန္းသိမ္းရင္း အခ်ိန္ေတြကုန္ေနတာကို ျငီးေငြ႔လာျပီဆိုရင္ေတာ့ ေပါင္းပင္ေတြကို ဆြဲႏႈတ္ျပီး သင္ၾကိဳက္တဲ့ပန္းပင္ေတြကို စိုက္လိုက္ပါ။ ကၽြန္ေတာ့္ရဲ႕ပန္းျခံထဲမွာဆိုရင္ ေျမၾကီးအတိုင္းပဲရွိေနေစခ်င္တဲ့ ေနရာေတြရွိပါတယ္။ ဒါေၾကာင့္မို႔ အဲ့လိုေနရာေလးေတြကို ထိန္းသိမ္းဖို႔ အခ်ိန္ကိုစီမံခန္႔ခြဲရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ရဲ႕ပန္းျခံနဲ႔ ျမက္ခင္းထဲကတခ်ိဳ႕ေနရာေလးေတြမွာ ထပ္တစ္ရာပန္းေလးေတြ ဒါမွမဟုတ္ တျခားအၾကမ္းခံတဲ့အပင္ေလးေတြစိုက္ထားမွ ၾကည့္ေကာင္းမွာပါ။

(၁၀) ဆြဲႏႈတ္ပါ

အေပၚက နည္းလမ္းေတြနဲ႔ အလုပ္မျဖစ္ဘူးဆိုရင္ေတာ့ သင့္ျမက္ခင္းကိုပံုမွန္ရိတ္ေပးရင္းနဲ႔ ေပါင္းပင္ေတြကို ျဖတ္ပစ္ပါ။ ဘယ္လိုျဖတ္ရမလဲဆိုေတာ့ သင့္ရဲ႕ျမက္ရိတ္စက္အသြားကို ပိုျမင့္တဲ့ setting မွာထားျပီးရိတ္ရင္ ျမက္ေတြရဲ႕အရွည္ကဒီအတိုင္းက်န္ျပီးေတာ့ ေပါင္းပင္ေတြကိုေတာ့ျဖတ္သြားမွာပါ။ သင့္ျမက္ခင္းကို သင္မၾကာခဏရိတ္ေလ ေပါင္းပင္ၾကီးထြားႏႈန္းေႏွးေလျဖစ္ျပီး ေနာက္ဆံုးမွာေတာ့ ေပါင္းပင္ေလးေတြေသသြားမွာပါ။ ဒါမွမဟုတ္ ဒီအတိုင္းလည္းဆြဲႏႈတ္ႏိုင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္ကေလးေတြကိုတစ္ပတ္၂ၾကိမ္ ႏႈတ္ခိုင္းပါတယ္။ သူတို႔ကို ဒါဟာကိုယ္လက္လႈပ္ရွားနည္းတစ္မ်ိဳးျဖစ္ေၾကာင္းေျပာျပပါတယ္။ သူတို႔မလုပ္ခ်င္ၾကတဲ့အခါ ဒါဟာအိမ္အျပင္ဥယ်ာဥ္ထဲမွာ စိတ္အပန္းေျဖနည္းတစ္ခုအျဖစ္ေတြးျပီး ကၽြန္ေတာ္ကိုယ္တိုင္လုပ္ပါတယ္။

(ေနာက္ဆံုးနည္းလမ္း) စားပစ္ပါ။

ေပါင္းပင္ေတြက အျမင္သာမလွေပမယ့္ တခ်ိဳ႕အပင္ေတြကေတာ့ စားလို႔ရပါတယ္။ ဥပမာ: ထိကရံုး၊ ပုစြန္စာ၊ ကင္းပံု နဲ႔ ျမင္းခြာရြက္ေတြဟာ အသုပ္ထဲလည္းထည့္စားလို႔ရပါတယ္။ သင္ေပါင္းျမက္ပင္ေတြကို မစားခင္မွာ သူတို႔မွာအဆိပ္ရွိမရွိကို အထပ္ထပ္အခါခါစစ္ေဆးသင့္ပါတယ္။

Credit: shwemom

 

 

သေသေချာချာပေါင်းနှုတ်ရိတ်သင်ထားတဲ့ မြက်ခင်းလေးနဲ့ ပန်းခြံလေးကိုရရှိနိုင်ဖို့ ကျွနု်ပ်တို့ ပတ်ဝန်းကျင်မှာ တိုးတိုးတိတ်တိတ်ဖြေရှင်းနေရတာတွေရှိပါတယ်။ ဒါဟာလွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လူတွေဟာသူတို့ရဲ့မြက်ခင်းပြင်လေးကို ထိန်းသိမ်းဖို့ နှစ်စဉ်ပေါင်းသတ်သမားတွေငှားရမ်းခြင်း၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကိုဝယ်ယူခြင်းတွေမှာ သန်းပေါင်းများစွာထိကုန်ကျပါတယ်။

ဒီအသုံးမတည့်တဲ့ အပင်တွေဟာ နွေရာသီမှာ စိတ်ပျက်စရာအကောင်းဆုံးအရာလေးတွေဖြစ်တယ်ဆိုတာ သူတို့ဘာသာသိနေသလိုမျိုး ကျွနု်ပ်တု့ိရဲ့ နေ့စဉ်ဘဝထဲမှာ အဖျက်အမှောက်လုပ်ငန်းတွေကိုလုပ်နိုင်ဖို့ နှစ်စဉ်လျင်မြန်စွာရှင်သန်ကြီးထွားလာနေကြပါတယ်။ သင့်ရဲ့ပန်းခြံထဲမှာ၊ လျှောက်လမ်းပေါ်မှာ၊ အိမ်ရှေ့အဝင်လမ်းတွေပေါ်က အုတ်ကြားတွေထဲမှာ ဒါမှမဟုတ် မြက်ခင်းပြင်ထဲမှာရှိနေတဲ့ ဒီဒုက္ခပေးတဲ့အပင်လေးတွေကို ဖယ်ပစ်ဖို့လိုနေပြီဆိုရင်တော့ သင့်ကိုကယ်တင်နိုင်မယ့် ပြီးပြည့်စုံတဲ့ နည်းလမ်းလေးတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။သင့်ဆီမှာ ဒီပါဝင်ပစ္စည်းတွေကရှိနေပြီးသားပါ။ အောက်ပါနည်းလမ်းတွေထဲက တစ်ခုကိုရွေးချယ်ပြီး ဒီနှစ်နွေမှာ သင့်ရဲ့ပန်းခြံထဲမှာစမ်းကြည့်လိုက်ပါ။

(၁) ရေနွေးပူ

ဒီနည်းလေးက အရမ်းကိုရိုးရှင်းပြီးတော့ သင်လည်းပိုက်ဆံတစ်ပြားတစ်ချပ်မှ ကုန်မှာမဟုတ်ပါဘူး။ ရေနွေးပူပူနဲ့ထိမိတဲ့ အပင်တိုင်းဟာ သေကုန်ပါလိမ့်မယ်။ လျှောက်လမ်းနဲ့ အိမ်ရှေ့အဝင်လမ်းက အုတ်ကြားတွေထဲကိုရေနွေးပူလောင်းချပေးခြင်းဟာ ပေါင်းပင်တွေကိုသေစေပါလိမ့်မယ်။ ပိုကောင်းတဲ့ရလဒ်ကိုလိုချင်ရင်တော့ ရေနွေးထဲဆားနည်းနည်းခပ်ပေးပါ။ ဒီနည်းက ကျဉ်းတဲ့နေရာတွေမှာသာ အလုပ်ဖြစ်တာကြောင့် သင့်ရဲ့မြက်ခင်းတစ်ခုလုံးပေါ်တော့ ရေနွေးတွေမလောင်းချမိပါစေနဲ့။

(၂) ပန်းကန်ဆေးဆပ်ပြာရည်

ဒီနည်းကတော့ ပန်းခြံထဲကပေါင်းတွေကိုသတ်ဖို့ ကျွနု်ပ်အနှစ်သက်ဆုံး ကိုယ်တိုင်လုပ်လ့ိုရတဲ့နည်းလမ်းလေးပါ။ ပိုကောင်းတာက ပါဝင်ပစ္စည်းတွေက သင့်အိမ်ထဲမှာရှိပြီးသားပါ။ ပုံမှန်ဆိုဒ် ရေဖြန်းပုလင်း(spray bottle)ထဲမှာ ဆားကို ခွက်ရဲ့လေးပုံတစ်ပုံစာနဲ့ ပန်းကန်ဆေးဆပ်ပြာရည်တစ်ညှစ်စာထည့်ပြီး ရှာလကာရည်တွေဖြည့်လိုက်ပါ။ သင့်မှာရေဖြန်းပုလင်း(spray bottle)မရှိဘူးဆိုရင် စတိုးဆိုင်လေးတွေမှာအလွယ်တကူဝယ်လို့ရပါတယ်၊ ဒါမှမဟုတ်သင့်မှာရှိတဲ့ မှန်ကြည်ဆေးရည်ဗူးကုန်သွားတဲ့အခါ သုံးနိုင်ပါတယ်။

(၃) စစ်ထရစ်အက်ဆစ် နဲ့ သံပုရာရည်

သင်က အော်ဂဲနစ်ပေါင်းသတ်ဆေးကို ရှာနေတာဆိုရင်တော့ စစ်ထရစ်အက်ဆစ်က အသင့်တော်ဆုံးပေါင်းသတ်ဆေးပါပဲ။ ပုံမှန်ပေါင်းသတ်ဆေးတွေမှာဆိုရင်လည်း စစ်ထရစ်အက်ဆစ်ဟာ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီလောက်ဆို သင့်ရဲ့ဥယျာဉ်ထဲက မလိုအပ်တဲ့ပေါင်းမြတ်တွေကိုဖယ်ရှားဖို့ အလုပ်ဖြစ်ပြီဆိုတာသင်သိနေလောက်ပါပြီ။ စတိုးဆိုင်တွေမှာရောင်းတဲ့ စစ်ထရစ်အက်ဆစ်ကို သံပုရာရည် (၄)အောင်စ၊ ရှာလကာရည်အဖြူ သို့မဟုတ် ပန်းသီးကထုတ်တဲ့ ရှာလကာရည် ပုလင်းအဖုံး(၁)ဖုံးစာနဲ့ရောပြီး ပုံမှန်ဆိုဒ် ရေဖြန်းပုလင်းထဲမှာ ထည့်ပါ။ ပုလင်းကို နာနာလှုပ်ပြီး မလိုအပ်တဲ့ အပင်တွေပေါ်မှာ ဖြန်းပေးပါ။

(၄) အိမ်သုံးဆား

ကျွနု်ပ်တို့ရဲ့ ကြောင်အိမ်တွေထဲမှာရှိလေ့ရှိတဲ့ ဆားပုလင်းလေးတွေကို ကောင်းကောင်းအသုံးချဖို့ အချိန်တန်ပါပြီ။ နွေဦးရာသီပဲရှိသေးတယ်ဆိုရင် ဆားကိုသင့်ဥယျာဉ်ရဲ့အစွန်းလေးတွေမှာ စည်းတားသလို ဖြူးထားလို့ရပါတယ်။ ဒီလိုလုပ်ပေးတာက သင့်မြက်ရိတ်စက်မမီနိုင်တဲ့ အစွန်အဖျားနေရာလေးတွေမှာ ပေါင်းမြက်တွေပေါက်လာခြင်းမှ ကာကွယ်ပေးပါတယ်။ ဆားက လူတွေကိုရေဓာတ်ခန်းခြောက်အောင်လုပ်နိုင်သလိုပဲ အပင်တွေကိုလည်းလုပ်နိုင်ပါတယ်၊ အပင်တွေကို ခြောက်ပြီးသေသွားစေပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ ရေဓာတ်ပိုခန်းခြောက်လွယ်အောင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။

(၅) ရှာလကာရည်

ပေါင်းမြက်ပင်တွေဟာလည်း တခြားအပင်တွေလိုပဲ ရှင်သန်ဖို့ ရေကိုလိုအပ်ပါတယ်။ ရေမှာ ဓာတ်ပြယ် pH levelတစ်ခုရှိပါတယ်၊ အက်ဆစ်ဘက်လည်းမဖောက် အယ်ကာလိုင်းဘက်လည်းမရောက်ပဲ ကြားမှာရှိနေတာကိုဆိုလိုတာပါ။ ရှာလကာရည်ကတော့ အက်ဆစ်ဘက်ကိုအတော်လေးဖောက်ပါတယ်။ ဒါကြောင့် ရှာလကာရည်အဖြူ သို့မဟုတ် ပန်းသီးကထုတ်တဲ့ ရှာလကာရည်ကို ပေါင်းပင်တွေပေါ်ကို လောင်းပေးမယ်ဆို ပေါင်းပင်တွေအမြန်သေကုန်မှာပါ။ ပိုမြန်မြန်သေစေချင်ရင် ပူပြီးနေသာတဲ့နေ့မှာ ပေါင်းပင်တွေပေါ်ကို ရှာလကာရည်ဖြန်းပေးပါ။ ဒါပေမယ့် သင့်ရဲ့ပန်းအလှပင်လေးတွေပေါ်ကို မဖြန်းမိဖို့တော့ ဂရုစိုက်ပါ။ သတိထားရမှာက သင်အရမ်းအများကြီး ဖြန်းမိရင်တော့ သင့်မြေကြီးရဲ့ pH levelကို လျော့စေနိုင်ပြီး သင့်ရဲ့ဥယျာဉ်၊ မြက်ခင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

(၆) ငရုတ်သီးမှုန့်

လူအများစုက သူတို့ရဲ့ဟင်းလျာတွေပေါ်မှာ အရသာပိုထူးအောင် ငရုတ်သီးမှုန့်နည်းနည်းဖြူးလေ့ရှိကြပါတယ်။ ငရုတ်သီးမှုန့် တစ်ဇွန်းမောက်မောက်ကြီးထည့်လိုက်တယ်လို့တွေးကြည့်၊ တွေးကြည့်ရုံနဲ့တင် မခံနိုင်လောက်အောင်စပ်တယ်ဟုတ်? ဆပ်ပြာရည်ရယ်၊ ရေရယ်၊ ငရုတ်သီးမှုန့်တချို့ရယ်ကို ရေဖြန်းပုလင်းထဲထည့်စပ်ပြီး ပေါင်းပင်တွေ အပြုံလိုက်ပေါက်နေတဲ့နေရာတွေမှာ လိုက်ဖြန်းပေးပါ။ ဒီအရည်ကို သင် ပေါင်းမြက်တွေမပေါက်စေချင်တဲ့ နေရာတွေမှာလိုက်ဖြန်းထားတာတော့ အကောင်းဆုံးပါ။

(၇) သတင်းစာများ သို့မဟုတ် အပင်ခံစိုက်တဲ့ ဥယျာဉ်သုံးပိတ်စ

သင့်မှာ ဥယျာဉ်သုံးပိတ်စ အလွယ်တကူမရှိဘူးဆိုရင် သင့်ရဲ့ပေါင်းမြက်တွေကို သတင်းစာတွေနဲ့ အုပ်ထားလို့လည်းရပါတယ်။ ကြွေသားမပါတဲ့ ရိုးရိုးသတင်းစာတွေဖြစ်ဖို့လိုပါတယ်။ ဒီနည်းက အချိန်တော့နည်းနည်းယူရပါတယ်။ ဒါပေမယ့်သင်က သင့်ဥယျာဉ်ထဲမှာ အချိန်ကုန်ရတာကိုကြိုက်သူ၊ ပေါင်းမြက်ကင်းစင်တဲ့ ခြံပတ်ဝန်းကျင်ကိုနှစ်သက်သူဆိုရင်တော့ ဒီနည်းကသင့်တော်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ၊ ပေါင်းပင်တွေရှင်သန်ဖို့ ရေနဲ့နေ လိုအပ်ပါတယ်။ ဒါကြောင့် သင်သာသူတို့ကို သတင်းစာတွေနဲ့ အုပ်ထားမယ်ဆိုရင် သူတို့ဆက်လက်မရှင်သန်နိုင်ပဲ နောက်ဆုံးမှာ သေသွားပါလိမ့်မယ်။ သတင်းစာတွေ မြေကြီးမှာကပ်နေအောင်ထိန်းထားဖို့ အပေါ်က ကျောက်ခဲတွေနဲ့ဖိထားတာ ဒါမှမဟုတ် မြေဆွေးတွေ ခပ်ထူထူလေးပုံထားတာတွေ လုပ်နိုင်ပါတယ်။ သတင်းစာတွေက အဖျက်ပိုးတွေမလာနိုင်အောင်လည်းလုပ်ပေးနိုင်ပါသေးတယ်။

(၈) မြေဆွေး

သင့်ဥယျာဉ်ထဲမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးကဲ့သို့ အန္တရာယ်ရှိတဲ့ဓာတုဆေးတွေ မသုံးချင်ဘူးဆိုရင် မြေကြီးပေါ်မှာ မြေဆွေးခပ်ထူထူလေးပုံထားပေးပါ။ မြေဆွေးက ပေါင်းပင်တွေပေါက်၊ပွားနှုန်းကို လျှော့ချပေးပြီး မြေကြီးကိုနေရောင်တိုက်ရိုက်ထိုးတာကိုလည်း ကာကွယ်ပေးပါတယ်။

(၉) တခြားအပင်တွေစိုက်ခြင်း

သင့်ဥယျာဉ်ထဲမှာ ပေါင်းမြက်ပင်တွေကိုထိန်းသိမ်းရင်း အချိန်တွေကုန်နေတာကို ငြီးငွေ့လာပြီဆိုရင်တော့ ပေါင်းပင်တွေကို ဆွဲနှုတ်ပြီး သင်ကြိုက်တဲ့ပန်းပင်တွေကို စိုက်လိုက်ပါ။ ကျွန်တော့်ရဲ့ပန်းခြံထဲမှာဆိုရင် မြေကြီးအတိုင်းပဲရှိနေစေချင်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့်မို့ အဲ့လိုနေရာလေးတွေကို ထိန်းသိမ်းဖို့ အချိန်ကိုစီမံခန့်ခွဲရပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ပန်းခြံနဲ့ မြက်ခင်းထဲကတချို့နေရာလေးတွေမှာ ထပ်တစ်ရာပန်းလေးတွေ ဒါမှမဟုတ် တခြားအကြမ်းခံတဲ့အပင်လေးတွေစိုက်ထားမှ ကြည့်ကောင်းမှာပါ။

(၁၀) ဆွဲနှုတ်ပါ

အပေါ်က နည်းလမ်းတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ သင့်မြက်ခင်းကိုပုံမှန်ရိတ်ပေးရင်းနဲ့ ပေါင်းပင်တွေကို ဖြတ်ပစ်ပါ။ ဘယ်လိုဖြတ်ရမလဲဆိုတော့ သင့်ရဲ့မြက်ရိတ်စက်အသွားကို ပိုမြင့်တဲ့settingမှာထားပြီးရိတ်ရင် မြက်တွေရဲ့အရှည်ကဒီအတိုင်းကျန်ပြီးတော့ ပေါင်းပင်တွေကိုတော့ဖြတ်သွားမှာပါ။ သင့်မြက်ခင်းကို သင်မကြာခဏရိတ်လေ ပေါင်းပင်ကြီးထွားနှုန်းနှေးလေဖြစ်ပြီး နောက်ဆုံးမှာတော့ ပေါင်းပင်လေးတွေသေသွားမှာပါ။ ဒါမှမဟုတ် ဒီအတိုင်းလည်းဆွဲနှုတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကလေးတွေကိုတစ်ပတ်၂ကြိမ် နှုတ်ခိုင်းပါတယ်။ သူတို့ကို ဒါဟာကိုယ်လက်လှုပ်ရှားနည်းတစ်မျိုးဖြစ်ကြောင်းပြောပြပါတယ်။ သူတို့မလုပ်ချင်ကြတဲ့အခါ ဒါဟာအိမ်အပြင်ဥယျာဉ်ထဲမှာ စိတ်အပန်းဖြေနည်းတစ်ခုအဖြစ်တွေးပြီး ကျွန်တော်ကိုယ်တိုင်လုပ်ပါတယ်။

(နောက်ဆုံးနည်းလမ်း) စားပစ်ပါ။

ပေါင်းပင်တွေက အမြင်သာမလှပေမယ့် တချို့အပင်တွေကတော့ စားလို့ရပါတယ်။ ဥပမာ: ထိကရုံး၊ ပုစွန်စာ၊ ကင်းပုံ နဲ့ မြင်းခွာရွက်တွေဟာ အသုပ်ထဲလည်းထည့်စားလို့ရပါတယ်။ သင်ပေါင်းမြက်ပင်တွေကို မစားခင်မှာ သူတို့မှာအဆိပ်ရှိမရှိကို အထပ်ထပ်အခါခါစစ်ဆေးသင့်ပါတယ်။

Credit: shwemom

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service