ဘတစ်ပြန်ကျားတစ်ပြန် ပြောင်းလဲချိန်မြင့်

ဘတစ်ပြန်ကျားတစ်ပြန် ပြောင်းလဲချိန်မြင့် - Property Knowledge in Myanmar from iMyanmarHouse.com
4 Jun 2019 12:50 pm တွင် တင်ခဲ့သည်
5004 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

နိုင်ငံတော်အစိုးရက တိုက်ခန်း များရောင်းချတဲ့အခါမှာ အရစ်ကျစနစ်နဲ့ ရောင်းချပေးလာတဲ့စနစ်ဟာ ပုဂ္ဂလိကတိုက်ခန်းအရောင်းအဝယ်လောကကိုလည်း အကျိုးသက်ရောက်မှု ရှိလာတာကို တွေ့ရပါတယ်။ ယခုလို အရစ်ကျစနစ် မပေါ်သေးမီက ကြိုပွိုင့် အရောင်းအဝယ်စနစ် ထွန်းကားခဲ့ပါသေးတယ်။

ကြိုပွိုင့်ဝယ်ရောင်း သူဌေးလောင်း

ကြိုပွိုင့်စနစ်က တိုက်ဆောက်ဖို့ မြေမတူးမီ အစိမ်းဘုတ် (အိမ်ဆောက်လုပ်ခွင့်) ဆိုင်းဘုတ်ထောင်ထားစဉ်မှ စလို့ တိုက်ကြီးတစ်ခုလုံး ပြီးစီးတဲ့အထိ ကြိုပွိုင့်ဝယ်သူထံက နောက်ဝယ်သူတွေက အဆင့်ဆင့် ပြန်ဝယ်ခဲ့ကြပါတယ်။ အဲဒီလို ကြိုပွိုင့်ဝယ်ပြီး ပြန်ရောင်းသူအချို့ဟာ ကြီးပွားချမ်းသာသွားကြတာကိုလည်း တွေ့ခဲ့ရဖူးပါတယ်။

ဝယ်ထားမိသူ ရင်တွေပူ

ဒါပေမဲ့ အခုလို အရစ်ကျစနစ်နဲ့ ရောင်းဝယ်တဲ့ခေတ်မှာတော့ ကြိုပွိုင့်ဝယ်ယူတဲ့စနစ်ကို လူတွေစိတ်မဝင်စားကြတော့ပါဘူး။ ကြိုပွိုင့်စနစ်ရဲ့ သဘောက တစ်နှစ်အတွင်း တိုက်ကြီး အမြန်ပြီးစီးပါက BCC အမြန်ဆုံး ရပစေကြောင်း ဆောက်လုပ်တဲ့ ကန်ထရိုက်တာကိုလည်း မေတ္တာပို့ပေးကြရတယ်။နောက်ဆုံး တိုက်ကြီးပြီးလို့ ကိုယ့်အခန်း ကိုယ့်လက်ရောက်တော့ မှပဲ တော်ပါသေးရဲ့လို့သက်ပြင်ချနိုင်ပြီး “ အောင့်လုံးကြီး ” ကျသွားပါတော့တယ်။

အခုလို အရစ်ကျစနစ်နဲ့ဝယ်ရတဲ့ ခေတ်ကျတော့ အဲဒီသောကတွေ မရှိတော့ပါဘူး။ဝယ်သူတွေဘက်မှာ အာမခံချက်အပြည့်အဝ ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရက တိုက်ခန်းတွေ ဆောက်ပြီးမှ ပြန်ရောင်းတဲ့စနစ် ထွန်းကားလာတဲ့ အရှိန်ကြောင့် ယခုအခါတိုက်ခန်းအဟောင်းတွေ ပြန်ရောင်းရင်လည်း ဝယ်သူတွေက အဲဒီလို အရစ်ကျစနစ်နဲ့ပဲ ဝယ်ချင်လာကြတယ်။ အဲဒီမှာ ရောင်းချင်သူတွေ အခက်တွေ့တော့တာပါပဲ။

ရောင်းထွက်ချင်တဲ့အခါ အားကိုးရာရှာ

ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားမှာ တိုက်ခန်းဝယ်ချင်သူက နည်းပြီး ငှါးချင်တဲ့လူတွေက ခပ်များများ ဖြစ်နေတယ်။ အိမ်ငှါးပွဲစားတွေအတွက် လက်ဖျားငွေသီးတဲ့ကာလပေါ့။ တိုက်ခန်းရောင်းချင်သူတွေကတော့ ရောင်းမထွက်ဘူးဆိုမှသာ မအီမသာ ငှါးချင်ကြတာလေ။ လက်ရှိအနေအထားမှာ လိုချင်နေတာက သိန်း ၂၀၀ ၊ သိန်း ၃၀၀ မရောင်းရလို့ (၆)လစာ ငှါးလိုက်ရင် တစ်လတစ်သိန်းနဲ့ (၆)သိန်းပဲ ရမှာ။ ဒါတောင် ပွဲစားခ တစ်လစာ (၁)သိန်း ပေးလိုက်ရတော့ (၆)လ တစ်ဖြတ်မှ (၅)သိန်းပဲ ရတာလေ။ ဒီတော့ငှါးဖို့ စိတ်မကူးတော့ဘူး။ တိုက်ခန်းရောင်းထွက်ဖို့သာ အဓိက ဖြစ်နေတယ်။

တကယ်တော့ ပုထုဇဉ်လူတွေရဲ့ စိတ်ကလည်း ၊ အခက်သားကလား။ တိုက်ခန်းအမြန်ရောင်းချင်ပြီဆိုရင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပေါင်းစုံကို ရောင်းပေးဖို့ ပြေးအပ်ကြတော့တာပဲ။ဒါနဲ့တင် အားမရသေးဘူး။ အမြန်ဆုံး အိမ်ရောင်းထွက်အောင် လုပ်ပေးမယ်လို့ ကြော်ငြာနေတဲ့ ဗေဒင် ၊ လက္ခဏ ဆရာတွေဆီလည်း ပြေးပြီး မေးလိုက်ကြသေးတာပဲ။ ဗေဒင်လက္ခဏဆရာနဲ့တင် မလုံလောက်လို့ အမြင်အကြားပါရမီရှင် တွေထံ သွားပြီး ဓာတ်ရိုက်ဓာတ်ဆင် လုပ်လိုက်ကြတာပဲ။

ဥပမာ- ရောဂါတစ်ခုဖြစ်ပြီဆိုရင် ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ မျိုးစုံအောင် သုံးလိုက်ကြသလိုပါပဲ။ တကယ်လည်း ရောဂါ ပျောက်သွားရော ဘယ်ဆေးကောင်းတယ်လို့တောင် ထုတ်ဖော်ပြောဖို့ ခပ်ခက်ခက် ဖြစ်သွားတတ်တယ်။ အဲဒီ ဥပမာအတိုင်းပါပဲ။ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းဘူးတာအနီးမှာနေတဲ့ “ အအေးအေးအောင် ” တို့ မိသာစုဟာ အစိုးရဝန်ထမ်းတွေဆိုတော့ နယ်ပြောင်းပြီး တာဝန်ထမ်းဆောင်ရတယ်လေ။ ရန်ကုန်ပြန်ဝင်လာဖို့ကလည်း ၂-နှစ်၊ ၃-နှစ် စောင့်ရဦးမှာဆိုတော့ အခုနေတဲ့ တိုက်ကိုရောင်းပြီး နယ်မှာပဲ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ထားကြတယ်။

အဲဒါတိုက်ခန်းပြန်ရောင်းမယ်ဆိုကာမှ ငှါးသူတွေနဲ့သာ တွေ့နေရပြီး အငှါးထားတာ (၂)နှစ်တောင် ကျော်သွားပြီး ဝယ်သူက ပေါ်မလာဘူး ဖြစ်နေတယ်။ ဒီတော့ မိတ်ဆွေတွေရဲ့ အကြံပေးမှုကြောင့် ပွဲစားတွေကိုလည်း အပ်နှံထားတယ်။တစ်ဖက်ကလည်း ရန်ကုန်မြို့မှာ အိမ်ရောင်းထွက်အောင် လုပ်ပေးနိုင်တဲ့ ဗေဒင် ၊ နက္ခတ်၊ လက္ခဏ ၊ ဓာတ်ရိုက်ဓာတ်ဆင် ဆရာတွေထံ သွားပြီး တွက်ချက်ပြီး ဓာတ်ဆင်လိုက်တာ တိုက်ဆိုင်တာလား မပြောတတ်ပါဘူး။ ဒီကနေတော့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အကြောင်းကြားပါတယ်။ ဝယ်မယ့်သူက တိုက်ခန်းကြည့်မယ် စာရွက်စာတမ်းကြည့်မယ် ကြိုက်ရင် စရန်ချမယ်ဆိုတာနဲ့ ဝမ်းသားအားရရောင်းသူ ၊ ဝယ်သူ ၊ ပွဲစား (၃)ဦး ဆုံဖြစ်ကြတာပေါ့။

ဝယ်သူကခပ်မာမာ ၊ ရောင်းသူက စိတ်ကိုလျှော့

တိုက်ခန်းက ၃-လွှာမှာ ၊ သိန်း ၂၂၀ ပါ။ အခု စရန်ငွေ ဘယ်လောက်ပေးမှာလဲ ၊ တစ်လပြည့်ရင် အပြီးငွေချေမှာလား လို့ မေးကြည့်တော့ အခုသိန်း (၁၀၀)ပေးမယ်၊ ကျန်ငွေကို (၂)ရစ်ခွဲပေးမယ်လို့ ပြောပါတယ်။ဟင်….ဟုတ်လား ၊ စရန်ငွေ အများကြီး ချပေးတယ်ဆိုတာ ဝမ်းသာတာပေါ့။ဒါပေမဲ့ သိန်း ၁၀၀ ပေးပြီးတာနဲ့ သော့အပ်ရမယ်၊ လူတက်နေမယ်တဲ့လေ…။ အလို …. ဒါမျိုး ထုံစံမှ မရှိတာ။ ဘယ်လက်ခံနိုင်ပါ့မလဲ။

ရောင်းသူကိုယ်တိုင် မဆုံးဖြတ်ရှေ့နေ အကြံယူရပြန်

ဒီတော့ အေးအေးအောင်တို့ အနေနဲ့ ဝယ်သူကို လက်လွှတ်မှာလည်း ကြောက်တာနဲ့ အစ်ကိုရှေ့နေထံမှာ လှမ်းပြီး တိုင်ပင်ကြတယ်။ ဒါ………အစိုးရတိုက်ခန်းမဟုတ်ဘူး။ကိုယ်ပိုင်တိုက်ခန်းတွေလေ။ သိန်း (၁၀၀)ပေး၊ လူတက်နေပြီးတော့မှ ကျန်ငွေမပေးဘဲနေရင် ဘယ်လိုလုပ်မလဲ။ သိန်း (၁၅၀)ပေး၊ လူတက်နေပါ။ ကျန်ငွေကို (၂)လကြာရင်ပေးပါ။အဲဒီင်္အခါကျမှ တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်စာတမ်း (မူရင်း) တွေ ပေးလိုက်ပါလို့ ရှေ့နေက အကြံပေးလိုက်ရတယ်။

ရှေ့နေမှာတဲ့အတိုင်း ဝယ်သူကို ပြောပြတော့ ဝယ်သူလည်း စဉ်းစားပြီး သဘောတူလို့ စရန်ပေးစာချုပ်လိုက်တယ်လို့ သိရတယ်။ အဲဒါကြောင့် ပြောတာပေါ့။လက်ရှိအနေအထားမှာ တိုက်ခန်းအရောင်းအဝယ် လုပ်ရတာကလည်း ရောင်းသူက ဝယ်သူကို ပြန်ပြီး ခယနေရသလို ဖြစ်နေတယ်။ ဒါပေမဲ့လည်ူ လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ့်အခက်အခဲရှိလို့ သည်းခံရောင်းတာ ဖြစ်မှာပါလားလို့ တွေးနေမိပါတော့တယ်။

 

လူအကြောင်းပေါင်းမှသိ ရွှေအကြောင်း ဖယောင်းမှသိ

 

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service