အိုးအိမ်အောက်ရှိ မြို့ပြမြေပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရထံ လွှဲပြောင်းမည်

အိုးအိမ်အောက်ရှိ မြို့ပြမြေပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရထံ လွှဲပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 10:39 am တွင် တင်ခဲ့သည်
5459 ကြိမ် ကြည့်ရှု့ပြီး

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများကို ယခုနှစ်ကုန် နောက်ဆုံးထား၍ တိုင်းအစိုးရထံ အားလုံးလွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အထက်ပါ ဌာနလက်ရှိ စီမံခန့်ခွဲနေသည့် ကိစ္စရပ်များအားလုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းရန်စီမံခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောသည်။

လက်ရှိ၌ တိုင်းအစိုးရစီမံခန့်ခွဲမှု မရှိခြင်းကြောင့် ၀န်ကြီးက အိမ်ရာအရောင်းနှင့် အငှားများ တွင် စီမံခန့်ခွဲမှု အားနည်းချက် များ၊ အခြေခံ အဆောက်အအုံ ပြတ်လပ်မှုများ၊ အငြင်းပွားမှုများ စသည်တို့ရှိနေပြီး မြို့ပြဥပဓိရုပ်အားကောင်းမှု ကျဆင်းနေသည် ဟု ဆိုသည်။

၁၉၈၈ နောက်ပိုင်း တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာ နှင့် အိမ်ရာအချို့ကို ၂၀၁၇ မတ်လ ၈ ရက်၌ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

‘‘ လွှဲပြောင်းပေးရမှာ ရန်ကုန် မြို့ မြေရဲ့ ၅ ရာခိုင်နှုန်းရှိပါတယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အိမ်ရာများ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းနိုင်ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်းမွန်စေရန် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေသည်ဟု ၀န်ကြီးက ပြောသည်။ထိုဥပဒေကို Apartment Law အဖြစ် ဥပဒေကြမ်းပြုစုရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး သုတေသနပြုနေကြောင်း ၎င်း ကဆက်လက်ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service