အမွေဆက်ခံခြင်းအတွက် သေတမ်းစာ အတည်ပြုလက်မှတ်

အမွေဆက်ခံခြင်းအတွက် သေတမ်းစာ အတည်ပြုလက်မှတ် - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2019 12:48 pm တွင် တင်ခဲ့သည်
2166 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကျွန်တော်၏အိမ်နီးချင်း မိတ်ဆွေဖြစ်သူ ဦးစီဗန်ဟွေးသည် နေ့စဉ် နံနက်စောစောတွင် ကျွန်တော်နှင့်အတူ လမ်းလျှောက်နေကျ ဖြစ်သဖြင့် ယနေ့လည်း လမ်းအတူလျှောက်ပြီးမှ အပြန်တွင် မိမိတို့၏ အိမ်ခန်းများသို့ မသွားသေမီ လှိုင်မြို့နယ် ၊ ပါရမီကွန်ဒိုတိုက်ခန်းဘေးတွင် ဖွင့်လှစ်ထားသော မယဉ် လက်ဖက်ရည်နှင့် မြန်မာထမင်းဆိုင်မှာ အမောဖြေရင်း စားသောက်ဖြစ်ပါသည်။

စားသာက်ရင်းမှ ဦးစီဗန်ဟွေးက “ ရှေ့နေကြီးရယ်၊ ဒီနေ့တော့ အမွေကိစ္စတွေ သိချင်တာ ရှိနေလို့ ရှင်းပြပေးဦးနော် ” ခွင့်တောင်းသဖြင့် ကျွန်တော်က “ ကောင်းပြီလေ၊ ဦးစီဗန်ဟွေး သိချင်တာကို မေးပေါ့ဗျာ ။ ကျွန်တော် သိသလောက်၊ လေ့လာထားသလောက် ရှင်းပြပါ့မယ် ”ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်မှ သူက “ ဒီလိုပါခင်ဗျာ၊ ကျွန်တော်ရဲ့သားသမီးများဟာ၊ အခုလည်း နိုင်ငံရပ်ခြားတွေမှာ အလုပ်လုပ်နေကြတုန်းပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ အတူ သမီးငယ်လေးတို့စုံတွဲလည်း အတူနေကြပါတယ်။ ဆရာသိတဲ့အတိုင်း လွန်ခဲ့တဲ့လက ကလေးမီးဖွားသေးတယ်လေ၊ အဲဒီကလေးကို လက်လွှတ်လို့ရတော့မှ သူတို့စုံတွဲလည်း နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြမှာပါ ဆရာ၊ ဒါပေမဲ့ သားမတ်ဖြစ်သူဟာ သူ့မိဘတွေရဲ့ သေတမ်းစာအရ အမွေခွဲဝေယူဖို့ကိစ္စတစ်ခု ရှိနေပါတယ်။ဒါပေမဲ့ ပြဿနာကသူကိုယ်တိုင်ဟာ ယခင်တုန်းကတော့ သူ့မောင်နှမအမွေဆိုင်တွေကြားထဲမှာ သေတမ်းစာမူရင်းကလည်း လှိုင်မြို့နယ်မှာ မီးဘေးသင့်တုန်းက ပါသွားတယ် ပြောပါတယ်။ အဲဒါကြောင့် သေတမ်းစာအတည်ပြုသူလက်မှတ်ထုတ်ပေးဖို့ လျှောက်ထားလို့ ရနိုင်မလားဆိုတာကို သိချင်တာပါ ခင်ဗျာ ” ဟု မေးလာပါသည်။

ကျွန်တော်က “ သြော်…ဒီကိစ္စကိုသိချင်တာလား ၊ ဒါကတော့ မိတ်ဆွေကြီးရယ် ၊ သေတမ်းစာကလည်း မရှိတော့တဲ့အတွက် မိတ်ဆွေကြီးရဲ့ သာမတ်အဖြစ်သူဟာ သေတမ်းစာအတည်ပြုသူတစ်ဦးအဖြစ် ခွင့်ပြုထားကြောင်းကိုတော့၊ သက်သေပြရမှာပါ၊ အဲဒီအတွက် သေတမ်းစာကိုများ ၊ ဓာတ်ပုံရိုက်ထားမိသေးလားလို့ သိချင်ပါတယ် ” ဟု ပြောလိုက်၍ သူက “ ဟုတ်ကဲ့ပါ ၊ ဓာတ်ပုံရိုက်ထားတာရှိပါတယ် ”ဟု အားတက်သရောပြောသဖြင့် ကျွန်တော်က “ ဒါဖြင့်ရင်လည်း၊ ဥပဒေအတိုင်း ပြောရမယ်ဆိုရင် ၊ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၃၈ တွင် သေတမ်းစာ ပျောက်ဆုံး သို့မဟုတ် ပျက်စီးခဲ့လျှင် သေတမ်းစာပါ အကြောင်းအရာများကို သက်သေခံချက်နှင့်ထင်ရှာအောင် ပြသနိုင်ကြောင်း၊ ယင်းသို့ ထင်ရှားအောင် ပြသနိုင်လျှင် အတည်ပြု လက်မှတ်ပေးအပ်ခွင့်ရကြောင်းဖြင့် ပြဌာန်ထားပါတယ် ”

“ မိတ်ဆွေကြီးအနေနဲ့ ပိုပြီးရှင်းလင်းသွားအောင် စီရင်ထုံးနဲ့ ဆုံးဖြတ်ချက်ကို ပြောပြပေးပါ့မယ် ”

“နောက်ပြီး သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူဖြစ်နေရင် သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးမှာ မဟုတ်ဘူးနော် ”

“ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ သေတမ်းစာ အတည်ပြူသူအဖြစ် ခန့်ထားခြင်း မခံရသူအား သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးခြင်းသည် မှန်ကန်မှု မရှိကြောင်းကို ဆုံးဖြတ်ထားတဲ့ “ ဦးစန်းမောင်ပါ ၅ နှင့် ဒေါ်မြယု (ခ) ဒေါ်ခင်မမကြီး၊ ၂၀၀၇ ခုနှစ် ၊ တရားမအထူးအယူခံမှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၁၅ ” စီရင်ထုံးကို ညွန်းဆိုရပါမယ် ”

“ မူလရုံးအမှုတွဲကို စိစစ်ရာက ဒေါ်ခင်မြယု (ခ) ဒေါ်ခင်မမကြီးက အဘွားဖြစ်သူ ဒေါ်လှရင် ရေးသားခဲ့သည်. ၄-၁၀-၇၃ ရက်စွဲပါ သေတမ်းစာအရ သေတမ်းစာအတည်ပြုလက်မှတ်ထုတ်ဖော်ရန် လျှောက်ထားခြင်း ဖြစ်တယ်။ ယင်းလျှောက်ထားချက်အပေါ် ဦးစန်းမောင်တို့က ကန့်ကွက်လွှာတင်သွင်းခဲ့တယ် ”

" ယင်းသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သော်လည်း တိုင်းတရားရုံးက၊ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၉၅ ပါ ပြဌာန်းချက်နှင့်အညီ၊ တရားမကြီးမှု ပြောင်းလဲဖွင့်လှစ်ခြင်း မပြုဘဲ၊ နှစ်ဖက်သက်သေခံချက်များ ရယူကာ ဒေါ်ခင်မြယုလျှောက်ထားသည့်အတိုင်း သေတမ်းစာအတည်ပြုလက်မှတ် ထုတ်ပေးခဲ့ကြောင်းတွေ့ရတယ် ”

“ ယင်းအမိန့်ကို ဦးစန်းမောင်ပါ ၅ တို့က ကျေနပ်မှု မရှိသဖြင့်၊ တရားရုံးချုပ် (မန္တလေးရုံးဆိုင်) တွင် ၂၀၀၅ ခုနှစ် ၊ တရားမအထွေထွေ အယူခံမှု အမှတ် ၃၄ ကို တင်သွင်းရာ မအောင်မြင်သဖြင့်တရား ရုံးချုပ်တွင် ပြန်လည်စိစစ်ဆေးပေးရန် အထူးအယူခံဝင်ခြင်း ဖြစ်ပါတယ်”

“ ဒေါ်ခင်မြယုက သေတမ်းစာမူရင်မျာ ပျောက်ဆုံးသွားသဖြင့် ၁၉၇၃ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက်နေ့စွဲဖြင့် အခွန်တော် ၁ိ/-တန် တံဆိပ်ခေါင်းစာရွက်ပေါ်တွင် သေတမ်းစာချုပ်ဟူ၍ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ပြုလုပ် ချုပ်ဆိုထားသော ဓာတ်ပုံမိတ္တူ ၂ စောင်ကို သေတမ်းစာသက်သေခံအမှတ် (ခ)ကို တင်ပြတယ် ”

“ ယင်းသေတမ်းစာတွင် ပစ္စည်းစာရင်းကို ဖော်ပြထားသော်လည်း ဒေါ်လှရင်က ယင်းသေတမ်းစာအရ၊ သေတမ်းစာအတည်ပြုသူအဖြစ်၊ ဒေါ်ခင်မြယုကိုသော်လည်းကောင်း၊ အခြားတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း ခန့်ထားခြင်း မရှိခဲ့ပေ ”

“ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၂၂ တွင် ပြဌာန်းထားသည်မှာ သေတမ်းစာအတည်ပြုသူတစ်ဦးတစ်ယောက်ကိုသာ ခွင့်ပြုနိုင်တယ် ၊ သို့ဖြစ်၍ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူအား ၊ သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးနိုင်မည် မဟုတ်ပါ၊ ထို့ပြင် သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးရန် လျှောက်လွှာတွင်၊ဖော်ပြရမည် အချက်အလက်များ၊ သတ်မှတ်ရာ၌ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၇၆(၁)(င)အရ သေတမ်းစာ အတည်ပြုလက်မှတ်ရရန်လျှောက်ထားရာ၌ လျှောက်ထားသူသည်သေတမ်းစာတွင် အမည်ဖော်ပြပါရှိသည့် သေတမ်းစာ အတည်ပြုသူဖြစ်ကြောင်း ဖော်ပြရန် လိုအပ်သည်ဟု ပြဌာန်းထားပါသည် ”

“ သို့ဖြစ်ရာ အဆိုပါ သေတမ်းစာတွင် သေတမ်းစာ အတည်ပြုသူအဖြစ်ဒေါ်ခင်မြယုအား ခန့်ထားခြင်း မရှိသဖြင့် တရားရုံးက ၄င်းအားသေတမ်းစာအတည်ပြုလက်မှတ် ထုတ်ပေးခြင်းသည် ဥပဒေနှင့် မညီညွတ်ပေ ”

“ ထို့ကြောင့် ဤအထူးအယူခံခုံရုံးက ကြားနာလျက်ရှိသော ပြဿနာကို ဖြေဆိုလိုက်သည်မှာ (က) သေတမ်းစာအရ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူ ဒေါ်ခင်မြယုအား သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးသည့်တိုင်းတရားရုံး၏ အမိန့်ကို အတည်ပြုခဲ့သော တရားရုံးချုပ် (မန္တလေးရုံးတိုင်)၏ အမိန့်သည် အမှုတွဲ ပေါ်ပေါက်လျက်ရှိသော သက်သေခံအထောက်အထားများအရ မှန်ကန်မှု မရှိကြောင်း”

(ခ) မန္တလေးခရိုင်တရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရာမကြီးမှုအမှတ် ၂၀၂ တွင် ဒေါ်လှရင် ဒေါ်ခင်မြယုအား အချင်းဖြစ်အခန်း ၄ ခန်းကို သေတမ်းစာအဖြစ် ပေးခဲ့သည်ဆိုခြင်မှာ မမှန်ကြောင်းကို သက်သေခံ (၂) စီရင်ချက်အရ ဆုံးဖြတ်ပြီး ဖြစ်၍ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁ အရ ယခုစွဲဆိုသော အမှုတွင် မီးသေကြောင့် ဖြစ်သဖြင့်၊ ဤ တရားမ အထူးအယူခံမှုကို ခွင့်ပြုပြီး တရားရုံးချုပ် (မန္တလေးရုံးထိုင်) နှင့် တိုင်းတရားရုံးတို့၏ အမိန့်ကို ပယ်ဖျက်လိုက်ကြောင်းနှင့် မူလလျှောက်ထားသူ ဒေါ်ခင်မြယု စွဲဆိုသော အမှုကို စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ခင်ဗျာ ”

“ ဦးစီဗန်ဟွေးရေ အဲဒီစီရင်ထုံးအတိုင်း ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် မိတ်ဆွေကြီးနဲ့ မိတ်ဆွေကြီးသားမက်တို့ဘက်က သေချာရင်တော့ ဆက်ပြီ ဆောင်ရွက်နိုင်ပါတယ်လို့ အကြံပေးပါရစေခင်ဗျာ ” ဟု ပြောလိုက်မှ ဦးစီဗန်ဟွေးလည်း မျက်နှာရွှင်လန်းသွားပြီးနောက် ကျသင့်ငွေများကို ပေးချေကာ ဧည့်ဝတ်ပြုပါတော့သည်။

 

Credit: ကြယ်နီလေး(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service