ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ

ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
28 Mar 2019 1:17 pm တွင် တင်ခဲ့သည်
6457 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မှတ်မိနေပါသေးတယ်။ လွန်ခဲ့တဲ့ (၃)လလောက်ကပေါ့။ ရန်ကုန်မြို့တွင်းက ကွန်ဒိုတိုက်ခန်းကိုမှ ဝယ်ချင်ပါတယ်လို့ ဆိုလာသူ “ ကိုကောင်းစံ ” ရဲ့ ဆန္ဒကိုပါရမီဖြည့်ဖို့ အိမ်ခြံမြေအကျိုးဆောင်ကို ညီဇော်တို့ဇနီးမောင်နှံက အကျိုးဆောင်ချင်း ချိတ်ဆက်ပြီး ကြိုးစားရှာဖွေပေးကြပါတယ်။ ဒါနဲ့ ပန်းဘဲတန်းမြို့နယ်က ကွန်ဒိုပိုင်ရှင်တစ်ဦးနဲ့ ချိတ်ဆက်မိလို့ အိမ်ရာတစ်ခုကိုရောက်ခဲပါတယ်။

အပြီးလက်ငင်းပေးချေဖို့ တောင်းဆိုတဲ့ ရောင်းသူ

ရောင်းမယ့် ကွန်ဒိုနှစ်ခန်းက ဘယ်ခန်း၊ ညာခန်း နှစ်ခန်းတွဲဖြစ်လို့ ကိုကောင်းစံက ပိုပြီးသဘောကျတယ်။ သိန်းတစ်ရာလောက်ပဲ စရန်ပေးပါရစေလို့ ပြောတော့ရောင်းသူက စရန်မလိုပါဘူး။ တစ်ခါတည်း အပြီးငွေချေတာ အကြိုက်ဆုံးပါ လို့ ပြောပါတယ်။ ဒါဆိုရင် (၁၀)ရက်လောက်တော့ ခေတ္တစောင့်ပါ။ သတင်းစာမှာ ကန့်ကွက်မယ်သူ ရှိမရှိ ကြော်ငြာကြည့်ချင်လို့ပါ။ တောင်ဆိုတဲ့အခါ ရောင်းသူကလည်း ခဏဆိုတော့ ခွင့်ပြုပါတယ်။

စရန်ငွေတစ်ဝက်ပေးထားရတဲ့ ဝယ်ယူသူ

ဒါနဲ့ ဝမ်းသာအားရ သတင်းစာမှာ ကြော်ငြာကြည့်တဲ့အခါမှာတော့ မထင်မှတ်ဘဲ ကန်ကွက်ချက်တွေ ပေါ်လာပါတော့တယ်။ တစ်ယောက်သောသူက A , B အခန်း (၂) ခန်း ရှိတဲ့အနက် A အခန်းကို သူတို့ဝယ်ထားတာတဲ့။ ပထမအရစ် တိုက်ခန်းတန်ဖိုးရဲ့ တစ်ဝက်ကိုပေးထားတဲ့ “ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ် (မူရင်း) ” ကို ထုတ်ပြပါတယ်။ သူထုတ်ပြတဲ့ စာချုပ်ကြည့်လိုက်တော့ အမှန်တကယ် ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်နေတယ်။

ဒါဆို ဒုတိယအရစ်ကျန်ငွေ မပေးဘဲ ဘာဖြစ်လို့ လက်ရောက် မယူခဲ့တာလဲလို့ မေးကြည့်တော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးကုသွားနေတာ (၃)လကြာသွားပါတယ်။ ပြန်လာတဲ့အခါကျတော့ (၃)လအထိ မစောင့်နိုင်လို့ အခု ကိုကောင်းစံတို့ကို ရောင်းမယ့်သူက ဝယ်သွားတယ်လို့ သိရပါတယ်။ အဲဒါ မူလပိုင်ရှင် ကန်ထရိုက်တာနဲ့ အဆက်ဆက် ဝယ်ထားသူတွေကို တိုင်းတရားရုံးမှာ တရားစွဲထားတယ်လို့ ပြောပြီး တရားမကြီးအမှုတွဲကို ထုတ်ပြပါတယ်။

ဟင် ဒါဆို အခုဝယ်မယ့် ကွန်ဒိုတိုက်ခန်းက ရှင်းရှင်းလင်းလင်း မဟုတ်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ စောစောစီးစီး နောက်ဆုတ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါပေမဲ့ ကန့်ကွက်ရက်က (၇)ရက် အပြည့်ပေးလို့နောက်တစ်နေ့မှာ စာပို့လုလင်တစ်ယောက်က နို့တစ်စာတစ်စောင်လာပို့ပြန်ပါတယ်။ ဝယ်သူထံက နို့တစ်စာ လာပြန်တာလဲလို့ဆိုတဲ့ အတွေးနဲ့ စာအိတ်ကို ဖောက်ဖက်ကြည့်လိုက်တဲ့အခါ သတင်းစာက ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာနဲ့ ပတ်သက်ပြီး ရှေ့နေကြီးတစ်ဦးရဲ့ အသိပေး အကြောင်းကြားစာ ဖြစ်နေပါတယ်။

နောက်တစ်ခါ လာပြန်ပြီ ရှေ့နေကြီးရဲ့ နို့တစ်စာ

သူရဲ့ အမှုသည်ကလည်း ကိုကောင်းစံကြော်ငြာတဲ့ တိုက်ခန်း(၂)ခန်းလုံးကို ဝယ်ထားတဲ့သူ ဖြစ်နေပြန်ပါတယ်။ သူက တော့ အခြားကန်ထရိုက်တာတစ်ဦးထံက ဝယ်ထားတယ်လို့ သိရပါတယ်။ ဒါဆိုရင် ဒီကွန်ဒိုတိုက်ခန်းတွေက ကန်ထရိုက်တာတစ်ဦးလည်း မဟုတ်ဘူးဆိုတာ သိလာရပြန်ပါတယ်။ ရှေ့နေကြီးက အသိပေးတဲ့အချက်ကတော့ ဒီတိုက်ခန်း (၂)ခန်း နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ တရားမကြီးအမှုအမှတ် ( ) နဲ့ တရားစွဲပြီး သူပိုင်ငါပိုင်အငြင်းပွားနေတဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ လက်ရှိနစ်နာသူက ကန်ထရိုက်တာများ အပါအဝင် စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ (၉)ဦးခန့်ကို တရားပြိုင်ထားပြီး တရားစွဲဆိုထားတာလို့ဆိုပါတယ်။ ဒါကြောင့် ရှေ့နေကြီးက အမှုတန်းလန်းကြီးနဲ့ အဲဒီတိုက်ခန်းကို ဝယ်ခဲ့ရင် လူကြီးမင်းကိုလည်းတရားပြိုင် (၁၀)ယောက်နဲ့ နောက်တိုး တရားပြိုင်အဖြစ် တရားစွဲဆိုခြင်း ခံရပါလိမ့်မယ်လို့ မေတ္တာနဲ့ အသိပေးထားတာကို တွေ့ရပါတယ်။

ဟိုက်…. တော်ပါသေးရဲ့။ နို့တစ်စာနဲ့ အသိပေးတဲ့ ရှေ့နေကြီးကို အထူးကျေးဇူးတင်နေမိပါတယ်။ ဒါဟာ ကန့်ကွက်ရန် ရှိမရှိ သတင်းစာမှာ ကြော်ငြာမိလို့သာပေါ့။ နို့မဟုတ်ရင် အမှုတွဲမှာ ပါသွားပြီး တရားပြိုင်(၁၀)နဲ့ အမှုရင်ဆိုင်ရတော့မှာ ။ ဒါကြောင့် ပြောတာပေါ့ အိမ်ခြံမြေတိုက်ခန်းတွေဝယ်ကြရင် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာသင့်ပါတယ်။ တကယ်လို့ ရှေ့နေငှါးရမ်းခ ဈေးကြီးတယ်ဆိုရင်လည်း မိမိအစီအစဉ်နဲ့ အခြားရှေ့နေတွေ ကြော်ငြာထားတဲ့ နမူနာယူပြီး မိမိနာမည်နဲ့ ကြော်ငြာရင်း သတင်းစာကြော်ငြာခပဲ ကုန်ပါတယ်။ ဒါဆိုရင်တော့ အိမ်ခြံမြေတိုက်ခန်း ဝယ်ယူသူတိုင်း ကြော်ငြာကြလိမ့်မယ် ထင်ပါတယ်။

အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ကိစ္စဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်လို့ သတင်းစာမှာ ကြော်ငြာရင် ၁ လက်မ(တစ်ကော်လံ)ကို ငွေကျပ် ၁၂၀၀၀ (ကျပ် တစ်သောင်းနှစ်ထောင်)ပဲ ပေးရတယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ မြေနဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ရင် ကြေးမုံ ၊ မြန်မာ့အလင်း သတင်းစာမှာ ကြော်ငြာဖို့ မမေ့ပါနဲ့လိုက အသိပေးတိုက်တွန်းလိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟရန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service