ကမ္ဘာကျော်ဂန္ထဝင် ရုပ်ရှင်ကြယ်ပွင့်၊ အဆိုတော် အိုလီဗီယာ နယူတန်ဂျွန်က သြစတေးလျရှိ ၁၈၇ ဧက ကျယ်ဝန်းသော ယာတောခြံကြီးကို ဝယ်လက်ရှာဖွေလျက်ရှိ

ကမ္ဘာကျော်ဂန္ထဝင် ရုပ်ရှင်ကြယ်ပွင့်၊ အဆိုတော် အိုလီဗီယာ နယူတန်ဂျွန်က သြစတေးလျရှိ ၁၈၇ ဧက ကျယ်ဝန်းသော ယာတောခြံကြီးကို ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Mar 2019 11:01 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

အိုလီဗီယာ နယူတန် ဂျွန်သည် သြစတေးလျအဆိုတော်၊ တေးရေး၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဂရမ်မီဆု ၄ ကြိမ်အထိ ရရှိထားသော ကမ္ဘာကျော် တေးသံရှင်လည်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ ကမ္ဘာ့သမိုင်းတစ်လျှောက် အရောင်းရဆုံး အနုပညာရှင်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။

နယူတန်ဂျွန်သည် အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ရှိုင်းယားအရပ်တွင် မွေးဖွားပြီး မိခင်ဘက်မှ ဂျူးလူမျိုးအဘိုးဖြစ်သူ မက်ဇ်ဘွန်းမှာ နိုဘယ်ဆုရ ရူပဗေဒသိပ္ပံပညာရှင်ဖြစ်သည်။

မက်ဇ်ဘွန်းသည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီတွင် နာဇီတို့လက်အောက်မှ လွတ်မြောက်ရန်အတွက် ဂျာမနီမှ အင်္ဂလန်သို့ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

နယူတန်ဂျွန်၏ ဖခင်မှာ MI5 မှ အရာရှိတစ်ဦးဖြစ်သည်။

ယခုအခါ အိုလီဗီယာ နယူတန်ဂျွန်က သြစတေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်တွင် ၎င်းပိုင်ဆိုင်ထားသော ၁၈၇ ဧက ကျယ်ဝန်းသည့် ယာတောမြေနေရာကြီးကို လက်လွှဲဝယ်ယူမည့် သဘာဝတရားကို ချစ်မြတ်နိုးသူတစ်ဦး ရှာဖွေလျက်ရှိသည်။

မစ္စ နယူတန်ဂျွန်သည် အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး မြို့ပြဒေသများနှင့် အလှမ်းကွာဝေးသည့် ယခုနေရာကို နှစ်ပေါင်း ၄၀ ခန့် ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် နာမည်ကျော်တို့ အခြေချစုဝေးရာ ဘိုင်ရွန်ပင်လယ်ကွေ့နှင့်မူ မိနစ် ၄၀ ခရီးသာ ကွာဝေးသည်။

ခေါ်ဈေးမှာ သြစတေးလျဒေါ်လာ ၅ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၉ သန်း) ဖြစ်ကြောင်း နယူတန်ဂျွန်၏ မိတ်ဆွေ အိမ်ခြံမြေအကျိုးဆောင် ဂျီလီယန် မက်ခ်ဂရက်သ်က ပြောကြားသည်။

၁၉၈၇ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော ဂီတ၊ အချစ်ဟာသဇာတ်မြူးဖြစ်သည့် Grease တွင် ကမ္ဘာကျော်သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာနှင့်အတူ ဦးဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပြီး အောင်မြင်မှုများ ရရှိလာပြီး ၁၉၈၀ ပြည့်လွန် အစောပိုင်းကာလများတွင် ယခုယာတောမြေကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

“ဒီယာတောမြေမှာ တွေ့မြင်ရတဲ့ အသက်ရှုမှားဖွယ် ရှုမျှော်ခင်းတွေဟာ နေထိုင်ခဲ့တဲ့နှစ်ကာလတစ်လျှောက် ကျွန်မရဲ့ နှလုံးသားကို ဖမ်းစားထားခဲ့ပါတယ်”ဟု မစ္စ နယူတန်ဂျွန်က ပြောကြားသည်။

ပြီးခဲ့သော ဆယ်စုနှစ် ၄ ခုအတွင်း မစ္စ နယူတန်ဂျွန်သည် အဆိုပါယာတောမြေတွင် သစ်ပင်ပေါင်း ၁၀၀၀၀ ကျော် စိုက်ပျိုးခဲ့သည်။

နယူတန်ဂျွန်သည် ၂၀၀၂ ခုနှစ်တွင် ပင်မနေအိမ်ကို ပြန်လည်ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၃ ခန်း၊ စားသောက်ရန် နေရာတွဲဖက် ထည့်သွင်းထားသည့် မီးဖိုဆောင်တို့ ပါဝင်သော ပြင်သစ်ကျေးလက်ဟန်နေအိမ်အဖြစ် ဖန်တီးခဲ့သည်။

နေအိမ်အတွင်း ကျွန်းသားကြမ်းပြင်များ၊ အနီးရှိ ပင်လယ်ကမ်းခြေများမှ စုဆောင်းရယူထားသည့် ခရုခွံ၊ ကျောက်စရစ်များဖြင့် အလှဆင်ထားသည့် နံရံများတွေ့ရှိရမည် ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service