အော်စကာဆုရှင် အမေရိကန်ရုပ်ရှင်ဆောင် ပိုင်ဆိုင်ခဲ့ဖူးသော ဧကပေါင်း ၃၀၀၀ နီးပါး ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ဈေးကွက်ဝင်လာ

အော်စကာဆုရှင် အမေရိကန်ရုပ်ရှင်ဆောင် ပိုင်ဆိုင်ခဲ့ဖူးသော ဧကပေါင်း ၃၀၀၀ နီးပါး ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 11:55 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သရုပ်ဆောင် ဘင် ခရော့စ်ဘီသည် ရုပ်ရှင်နှင့် ဂီတနယ်နှစ်ရပ်တွင် ခြေချခဲ့သူဖြစ်ပြီး နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။

ဘင် ခရော့စ်ဘီကို ဝါရှင်တန်ပြည်နယ်၊ တာကိုးမားဆိပ်ကမ်းမြို့ကလေးတွင် ၁၉၀၃ ခုနှစ်၊ မေလ ၃ ရက်တွင် မွေးဖွားသည်။ (၁၉၇၇ ခုနှစ်ကွယ်လွန်)

ရုပ်ရှင်ဘက်တွင် ၁၉၄၄ ခုနှစ်က ထုတ်လုပ်ခဲ့သော Going My Way ရုပ်ရှင်ဖြင့် အကောင်းဆုံး သရုပ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည့်နည်းတူ ဂီတတွင်လည်း ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှု ဂရမ်မီဆု (Grammy Global Achievement Award) ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ရာ အဆိုပါဆုကို ပထမဆုံးရရှိသည့် အဆိုရှင်လည်း ဖြစ်သည်။

ဘင် ခရော့စ်ဘီသည် နီဗားဒါးပြည်နယ်၊ အယ်လ်ကိုမြို့ကလေး၏ မြို့ပြင်ရှိ သူ၏မွေးမြူရေးခြံကြီးတွင် အပန်းဖြေလေ့ရှိသည်။

ဧကပေါင်း ၃၀၀၀ နီးပါးကျယ်ဝန်းသည့် အဆိုပါမွေးမြူရေးခြံကြီးမှာ ယခုအခါ အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၇ ဒသမ ၂၈ သန်းဖြင့် ဈေးကွက်ဝင်လာသည်။

လက်ရှိပိုင်ရှင်များက ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘင် ခရော့စ်ဘီသည် ယခုခြံကြီးတည်ရှိရာ ဒေသဝန်းကျင်ကို နှစ်သက်မြတ်နိုးခဲ့ပြီး ၁၉၄၄ ခုနှစ်တွင် ပထမဆုံး မြေနေရာ ၇ ခု စတင်ဝယ်ယူခဲ့သည်။

Las Vegas Review-Journal ၏ ဖော်ပြချက်အရ ဘင် ခရော့စ်ဘီသည် နီဗားဒါးခြံကြီးကို ၁၉၅၈ ခုနှစ်အထိ ပိုင်ဆိုင်ထားခဲ့သည်ဟု ဆိုသည်။

“သူ့ကလေးတွေကို မွေးမြူရေးခြံကြီးတစ်ခုထဲမှာ ကြီးပြင်းစေလိုခဲ့တယ်”ဟု ဈေးကွက်တင်သည့်အကျိုးဆောင် တော့ဒ် ရန်းဖြူးက ပြောကြားသည်။

Lawson Ranch ဟု အမည်ပေးထားသောခြံကြီးသည် အယ်လ်ကိုမြို့ကလေး၏ မြောက်ဘက် ၄၅ မိုင်အကွာတွင်တည်ရှိပြီး နွားကောင်ရေ ၆၀၀ စားကျက်လွှတ်ရန် လုံလောက်သော အကျယ်အဝန်းရှိသည်။

ခြံဝန်းကြီးအတွင်း မူရင်းယာတောအိမ်တစ်လုံး ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်သည်။

စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်သည့် ပင်မနေအိမ်တစ်လုံး ပါဝင်သည်။

ထို့အပြင် ဧည့်ဂေဟာ ၃ လုံးလည်းပါဝင်သည့်အပြင် ကိုယ်ပိုင် လေယာဉ်ကွင်းတစ်ခုနှင့် ကြီးမားသော လေယာဉ်ရုံတစ်ခုလည်း ပါဝင်သေးသည်။

စိမ်းလန်းသောရှုခင်းများ ပေါကြွယ်ဝလှပြီး အင်ဒီပန်းဒန့်တောင်တန်းများကို နောက်ခံအဖြစ် တွေ့မြင်ရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service