အိုစမာဘင်လာဒင်၏ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရသော World Trade Center ကို ဆောက်လုပ်ခဲ့သည့် developer က ပန်းခြံရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ကို ရောင်းထုတ်

အိုစမာဘင်လာဒင်၏ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရသော World Trade Center ကို ဆောက်လုပ်ခဲ့သည့် developer က ပန်းခြံရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 11:27 am တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် အိုစမာဘင်လာဒင်၏ ကြိုးကိုင်မှုဖြင့် အယ်လ်ကေဒါတို့၏ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော World Trade Center (WTC) မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ခဲ့သည့် developper သည် နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်ကို ရောင်းထုတ်လိုက်ပြီ ဖြစ်သည်။

World Trade Center အဆောက်အအုံကြီးသည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် တည်ရှိပြီး ၁၉၇၃ ခုနှစ် ၊ ဧပြီလ ၄ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

စတင်ဖွင့်လှစ်ခဲ့စဉ်က ယင်းအမြွှာမျှော်စင်ကြီးသည် ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံကြီးများအဖြစ် ရပ်တည်ခဲ့ပြီး စင်တာ ၁ မှာ ၁၃၆၈ ပေ မြင့်မားကာ စင်တာ ၂ မှာ ၁၃၆၂ ပေ အမြင့်ရှိသည်။

World Trade Center ကွန်ပလက်စ်တွင် စုစုပေါင်း အဆောက်အအုံ ၇ လုံးပါဝင်ပြီး အမြင့်မားဆုံးအမြွှာမျှော်စင်ကြီး ၂ ခုအပြင် Marriott World Trade Center (3 WTC), 4 WTC, 5 WTC, 6 WTC နှင့် 7 WTC ဟူသော အဆောက်အအုံ ၅ လုံး ပါဝင်သေးသည်။

လာရီ ဆေးလ်ဗားစတိန်းနှင့် ဇနီးဖြစ်သူ ကလာရာတို့သည် ပန်းခြံရိပ်သာလမ်း အမှတ် ၅၀၀ ရှိနေအိမ်ကြီးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် ရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြစ်သည်။

အလွှာတစ်ခုလုံး ဖြန့်ကျက်တည်ရှိပြီး အကျယ်အဝန်း ၄၆၅၃ စတုရန်းပေရှိကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

အမေရိကန် သဘာဝသမိုင်းပြတိုက်မှ Rose Center for Earth and Space ကို ဒီဇိုင်းရေးဆွဲခဲ့သည့် ဗိသုကာပညာရှင် ဂျိမ်းစ် စတီးဝပ် ပိုလ်ရှက်ခ်က ယခုနေအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

သီးသန့်ဓာတ်လှေကားတပ်ဆင်ပေးထားပြီး ဓာတ်လှေကားမှထွက်လျှင် ကြီးမားသော နားနေဆောင်တစ်ခုသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် ဧည့်ခန်းသို့ ရောက်ရှိမည် ဖြစ်သည်။

ထင်းသုံးမီးလင်းဖိုတစ်ခု ပါဝင်သည့် စာကြည့်တိုက်၊ Central Park ပန်းခြံကို စီးမိုးတွေ့မြင်ရသည့် ညစာစားခန်းနှင့် စားသောက်ရန်နေရာ တွဲဖက်ပါဝင်သည့် မီးဖိုဆောင်တစ်ခုတို့ ပါဝင်သည်။

Master bedroom မှလည်း Central Park ကို တွေ့မြင်ရပြီး အဝတ်ဗီရိုများစွာနှင့် အဝတ်လဲခန်းတစ်ခန်း တွဲဖက်ပါဝင်သည်။

ဆေးလ်ဗားစတိန်းတို့ ဇနီးမောင်နှံသည် အိမ်ထောင်သက် ၆၃ နှစ်ရှိပြီဖြစ်ပြီး လက်ရှိအားဖြင့် နယူးယောက်မြို့လယ် Park Place လမ်း၊ အမှတ် ၃၀ ရှိ ကွန်ဒိုအဆောက်အအုံကြီးတွင် တည်ရှိသော ဇိမ်ခံကွန်ဒိုခန်းတွင် နေထိုင်လျက်ရှိကာ အဆိုပါအခန်းမှတစ်ဆင့် တချိန်က World Trade Center တည်ရှိခဲ့သော နေရာကို တွေ့မြင်နေရသည်။

အရောင်းဈေးကွက်တင်သွင်းပေးခဲ့သည်မှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော မရီဒစ်သ် ဗီရိုနာနှင့် ဘက်စီ မက်ဆာရှမစ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service