မော်လမြိုင်လေယာဉ်ကွင်းနှင့် မလွတ်သည့် မြေများ လျော်ကြေးပေးရာတွင် ကာလပေါက်ဈေးထက် နည်းနေဟုဆို

မော်လမြိုင်လေယာဉ်ကွင်းနှင့် မလွတ်သည့် မြေများ လျော်ကြေးပေးရာတွင် ကာလပေါက်ဈေးထက် နည်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Nov 2018 11:06 am တွင် တင်ခဲ့သည်
1771 ကြိမ် ကြည့်ရှု့ပြီး

မော်လမြိုင် လေ ယာဉ်ကွင်းကို ယခုဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင်ရန် စီမံကိန်း နှင့် မလွတ်သည့်မြေယာများကို ပြည်နယ်အစိုးရက လျော်ကြေးပေးရာ ကာလပေါက်ဈေးနှင့် ကွာဟနေကြောင်း ဥယျာဉ်ခြံမြေပိုင်ရှင်များက ပြောသည်။

လေယာဉ်ကွင်း တိုးချဲ့ရန် မလွတ်သည့် ဥယျာဉ်ခြံမြေနှင့် လန ၃၉ ရှိသည့် မြေများကို တစ် ဧကကျပ်သိန်း ၄၀၀၊ လမ်းမတန်း နှင့် နီးသည့် လယ်မြေတစ်ဧက လျှင် ကျပ်သိန်း ၆၀၊ အတွင်းပိုင်း လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၄၀ ပေးမည်ဖြစ်ပြီး သစ်ပင်တစ် ပင်ကို ကာလတန်ဖိုး သုံးဆထိ ပေးရန်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

ဥယျာဉ်ခြံပိုင်ရှင် ဦးဌေးမြင့် က ‘‘ ၀န်ကြီးပြောတာ ကြက် မောက်ပင်တစ်ပင်ကို သုံးသိန်း ပေးမယ်။ ရော်ဘာပင်ဆိုရင် သုံးသောင်း။ အပင်အမျိုးအစားလိုက် ကာလတန်ဖိုး သုံးဆ ပေးသွား မယ်ဆိုတာ ကျေနပ်တယ်။ မြေကတော့ ကာလပေါက်ဈေးထက် အရမ်းနည်းနေတယ်။ ကျွန်တော့် ခြံက တစ်ဧကလောက်ပါမယ်။ သိန်းက ထောင်ချီတန်တယ်။ အခုအစိုးရနဲ့ ညှိနှိုင်းဆဲပါ’’ဟု ပြောကြားသည်။

လေယာဉ်ကွင်းနှင့် မလွတ် သည့် မြေပိုင်ရှင်များနှင့် ဆွေးနွေးရာတွင် မြေလျော်ကြေးပေးရန် ညှိနှိုင်းဆဲ ဖြစ်သော်လည်း အဆောက်အအုံများနှင့် အပင်လျော်ကြေးကိစ္စကို လယ်မြေပိုင်ရှင်များက ကျေနပ်ကြောင်း ဦးရွှေမြင့်က ပြောသည်။

‘‘သူတို့ တောင်းသလောက် ကျွန်တော်တို့ပေးလို့ မရဘူး။ မြေ တွေကို နဂိုကတည်းက သတ်မှတ်ထားပြီးသား။ အဆောက်အအုံ ကိစ္စနဲ့ အပင်လျော်ကြေးကိစ္စကို သူတို့က လက်ခံတယ်။ ဥယျာဉ်မြေကို သူတို့က သိန်း ၂,၀၀၀ လောက် လိုချင်ကြတယ်။ လယ်နဲ့ပတ်သက်ရင် လယ်သမားတွေက သိန်း ၅၀၀ လောက် တောင်းတယ်။ သူတို့တောင်းတဲ့ငွေက မြိုင်သာ ယာရပ်ကွက်မှာ သွားဝယ်ရင် အဲဒီလောက် မပေးရဘူး။ ကျွန်တော်တို့က တစ်နိုင်ငံလုံးစံနဲ့ ညှိပြီးပေး မယ်’’ဟု ဦးရွှေမြင့်က ပြောကြားသည်။

လေယာဉ်ကွင်းနှင့် မလွတ် သည့် ဥယျာဉ်ခြံမြေထဲတွင် ကြက်မောက်၊ ရော်ဘာ၊ ဒူးရင်း စသည့် ရာသီထွက် သီးနှံများ စိုက်ပျိုးထားကြောင်း၊ အစိုးရဘက်မှပေးသည့် အပင်ပေါက်ဈေးများကို ကျေနပ်သော်လည်း မြေယာဈေး မှာ နည်းနေသေးကြောင်း ဥယျာဉ်ခြံပိုင်ရှင် ဦးတင်ထွန်းကဆိုသည်။

လေယာဉ်ကွင်းအဆင့်မြှင့်တင်ရာတွင် မလွတ်သည့်မြေများ အတွက် လျော်ကြေးပေးရန် ကျပ် သန်း ၁,၅၀၀ ရရှိထားကြောင်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရသုံးခန့် မှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များ (Citizens Budget) တွင် ဖော်ပြထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service