အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း

အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Oct 2018 12:37 pm တွင် တင်ခဲ့သည်
1536 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဝယ်ယူသူ အနေဖြင့်ဖြစ်စေ ၊ အကျိုးဆောင် အနေဖြင့်ဖြစ်စေ ၊ အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ် ရေးသားချုပ်ဆိုကြရာတွင် ပိုင်ရှင်ဖြစ်သူ ရောင်းချသူ၏အမည် မှတ်ပုံတင်လိပ်စာကို ၎င်း၏ပြောပြချက်အရသာ ရေးသားဖော်ပြလေ့ရှိပြီး အဆိုပါ ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူ၏အမည်နှင့် ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်ကို တိုက်ဆိုင်စိစစ်ရန် ဝန်လေတတ် သတိမထားမိတတ် ဖြစ်တတ်ကြပါသည်။

များသောအားဖြင့် ရောင်းချသူ ၊ ပိုင်ဆိုင်သူ၏ အမည်နှင့်၎င်းမှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးခြင်းမရှိဘဲ အိမ်ခြံမြေ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလေ့ ရှိကြပါသည် ။

ရောင်းသူနှင့်ဝယ်သူအချင်းချင်းသိကျွမ်းရင်းနှီးပြီးသား ဖြစ်လျှင်အကြောင်းမဟုတ်သော်လည်း ရင်းနှီးသိကျွမ်းသူများ မဟုတ်လျှင်အမှန်တကယ် ပိုင်ရှင်ဟုတ်၊ မဟုတ် သေချာစေရန်အတွက် ၎င်း၏ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးရန် လွန်စွာအရေးကြီးပေသည်။

ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူအနေဖြင့်လည်း အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနိုင်ရန်အတွက် ဝန်လေးခြင်း ၊ စိတ်ကွက်ခြင်းမပြုဘဲဝတ္တရားအရ မိမိကိုင်ဆောင်သည့် မှတ်ပုံတင်ကို ပြသစိစစ်ခံရန် လိုအပ်ပါသည်။

တာဝန်ယူ ရေးသားချုပ်ဆိုပေးသူများအနေဖြင့် တာဝန်ကျေရန် အမှားအယွင်း ချို့ယွင်းမှုမရှိအောင် အထူးသတိပြုရမည့်အချက်ဖြစ်သကဲ့သို့ဝယ်သူအနေဖြင့်လည်း နစ်နာဆုံးရှူံးမှု မဖြစ်ပေါ်စေရေးအတွက် သတိထားရမည့်အချက် ဖြစ်ပါသည်။

စာချုပ်စာတမ်းများမှာ အစစ်အမှန်များဖြစ်သော်လည်း တစ်ခါတစ်ရံအဆိုပါစာရွက်စာတမ်းများမှာ ခေတ္တပေါင်းနှံထား၍သော်လည်းကောင်း ၊ ယုံကြည်အပ်နှံခြင်းဖြင့် လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့်တခြားတစ်စုံ တစ်ယောက်ထံ ရောက်ရှိနေတတ်ရာ စာချုပ်စာတမ်းအစစ်များပြတိုင်း ပိုင်ရှင်အစစ်အမှန်ဟု တစ်ထစ်ချမပြောနိုင်ပေ ။

တစ်စုံတစ်ယောက်က အဆိုပါစာရွက်စာတမ်း စာချုပ်စာတမ်းများရယူ၍ရယူ၍ ပိုင်ရှင်အစစ်အမှန်ဟန်ဆောင်ကာ လက်ညှိုးထိုး လမ်ညာရောင်းချခြင်းများရှိတတ်သဖြင့်စာချုပ်စာတမ်းအစစ်အမှန်များ ပြသသော်လည်း ရောင်းချသူသည် ပိုင်ရှင်အစစ်အမှန်ဟုတ်၊ မဟုတ် မှန်၊ မမှန် စိစစ်ရန် အထူးအရေးကြီးပေသည်။

အဆိုပါ ရောင်းချသူ၏မှတ်ပုံတင်ကို တောင်းယူစိစစ်ကြည့်ရန် လိုအပ်ပါကြောင်း ၊အရောင်းအဝယ်ညှိနှိုင်းစဉ် အပြန်အလှန် သဘောတူညီမှုများ ဆွေးနွေးစဉ်ကပင် ကြိုတင်အသိပေး ပြောဆိုညှိနှိုင်းထားရန် လိုအပ်ပါသည်။ ဝယ်သူအနေဖြင့် အရောင်းအဝယ် စရန်မပေးချေမီတွင်ပင် အဆိုပါရောင်းချသူ၏မှတ်ပုံတင်စိစစ်ရန်ကိစ္စကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

 

Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service