မြန်မာကဗီဇာကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဂျပန်ပတ်စ်ပို့သည် ကမ္ဘာပေါ်၌ သြဇာအကြီးဆုံးဖြစ်လာ

မြန်မာကဗီဇာကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဂျပန်ပတ်စ်ပို့သည် ကမ္ဘာပေါ်၌ သြဇာအကြီးဆုံးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
11 Oct 2018 10:05 am တွင် တင်ခဲ့သည်
16431 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံက ဗီဇာ ကင်းလွတ်ခွင့်ပေးလိုက်သဖြင့် ဂျပန်ပတ်စ်ပို့သည် ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံးပတ်စ်ပို့ဖြစ်လာ ပြီး မြန်မာပတ်စ်ပို့သည် အဆင့် (၉၃) တွင် ကင်မရွန်းနိုင်ငံနှင့် ပူးတွဲ ရပ်တည်နေကြောင်း ၂၀၁၈ Henley ပတ်စ်ပို့ညွှန်းကိန်းတွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းက မြန်မာနိုင်ငံက ဗီဇာကင်းလွတ်ပေးလိုက် သဖြင့် ဂျပန်ပတ်စ်ပို့သည် နိုင်ငံ ပေါင်း ၁၉၀ သို့ ဗီဇာမလိုဘဲ (သို့ မဟုတ်) ဆိုက်ရောက်ဗီဇာဖြင့် သွားနိုင်ခြင်းကြောင့် နံပါတ် (၁) နေရာရရှိလာခြင်း ဖြစ်သည်။ ဒုတိယသြဇာအကြီးဆုံးမှာ နိုင်ငံ ပေါင်း ၁၈၉ နိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက်နိုင်သည့် စင်ကာပူဖြစ်သည်။

‘‘ဒီညွှန်းကိန်းတွေက အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့က သီးသန့်ရရှိတဲ့အချက် အလက်တွေကို အခြေခံထားတာ ပါ။ ဒါက အရေးကြီးတဲ့ ကိန်းဂဏန်းတစ်ခုပါ။ ပတ်စ်ပို့သြဇာ တစ်ခုတည်းသာမကပါဘူး။ နိုင်ငံတစ်ခုက ကမ္ဘာကြီးနဲ့ ဘယ်လောက်ချိတ်ဆက်ဆောင်ရွက် တယ်ဆိုတဲ့ ရလဒ်ကိုလည်း ပြတာပါ’’ဟု Henley & Partners အုပ်စုဥက္ကဋ္ဌ ဒေါက်တာခရစ်တီးယန်း အိတ်ခ်ျကာလင်းက ပြောသည်။

မြန်မာနိုင်ငံသည် အဆင့် (၉၃)တွင်ရှိပြီး အာဆီယံနိုင်ငံများထဲ တွင် အနိမ့်ဆုံးဖြစ်သည်ဟု အဆိုပါညွှန်းကိန်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ကမ္ဘောဒီးယားသည် အဆင့် (၈၇)၊ လာအို သည် အဆင့် (၈၉)၊ ဗီယက်နမ်နိုင်ငံသည် (၉၀) နှင့် ထိုင်းနိုင်ငံကအဆင့်(၆၈) ရှိသည်ဟု ဆိုထားသည်။

မြန်မာက ဂျပန်နှင့်အတူ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသည် ပြင်သစ်၊ ဂျာမနီတို့နှင့် ပူးတွဲကာတတိယနေရာတွင်ရှိနေပြီး တရုတ်နိုင်ငံက အဆင့်(၇၁)တွင်ရှိသည်ဟု ဖော် ပြထားသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနသည် အောက်တိုဘာ ၁ ရက် ကစတင်ကာ မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော ဂျပန်နှင့် တောင်ကိုရီးယားခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေးပြီး တရုတ် ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service