ဝေါလ်ပေပါများ၏သဘာဝနှင့်အလှဆင်ခြင်းအနုပညာ

ဝေါလ်ပေပါများ၏သဘာဝနှင့်အလှဆင်ခြင်းအနုပညာ - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2018 1:09 pm တွင် တင်ခဲ့သည်
1880 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဥရောပနိုင်ငံများ၌အိမ်အလှဆင်ရာနေရာတွင် ပထမဆုံးတီထွင်အသုံးပြုခဲ့သော ဝေါလ်ပေပါခေါ် နံရံ ကပ်စက္ကူအမျိုးအစားသည် အိမ်အလှဆင်ပစ္စည်းတစ်ခုအဖြစ်ဈေးကွက်၌ပေါ်ပေါက်ခဲ့သည်မှာ နှစ်အတော်ကြာ ပြီ ဖြစ်သည်။ ထိုစဉ်ကအိမ်အလှဆင်ရာတွင် အိမ်အတွင်းပိုင်း၌ အဖြစ်များသော ပြဿနာများမှကင်းဝေးစေရန်၊ ထို့ပြင်ဈေးနှုန်းသက်သာစွာအသုံးပြုအလှဆင်နိုင်ရန် ရည်ရွယ်စီစဉ်လာရာမှ နောက်ပိုင်းစက္ကူလိပ်များဖြင့် ပန်း ပြောက်၊ ပန်းပွင့်၊ အစင်း၊ အကွက်၊ ပြောင်၊ ကြောင်ခြစ်၊ အကြား၊ အရောင်အနုအရင့်စသဖြင် ဈေးကွက်ဝင် တွင် ကျယ်လာကြောင်း မှတ်သားရဖူးသည်။

ပထမဆုံးပေါ်ပေါက်ခဲ့သော ဝေါ်လ်ပေပါများသည် သဘာဝရူခင်းပုံများ၊ ကတ္တီပါသားကဲ့သို့ ညိုသော မောင်းသောအရောင်များ ဖြစ်ြကပြီး ကိုလိုနီခေတ်ကာလများအတွင်း အမေရိကန် လူချမ်းသာများ အိမ်တွင် တွေ့ရတတ်သည်။ နောက်မကြာသေးမီနှစ်များအတွင်းရောက်မှသာ အဆင်စုံ၊ အရောင်စုံဒီဇိုင်းများဖြင့် နေရာတော်တော်များများတွင် ပုံသဏ္ဍာန်ဘက်တွင် သာမက၊ အသုံးပြုမှုအပိုင်းတွင် ရောတွင်တွင်ကျယ်ကျယ် သုံးစွဲလာကြသည်။ ထူးထူးဆန်းဆန်း အသုံးပြုချင်သော အိမ်ရှင်များအနေဖြင့် နေရာစုံစုံတွင် အမြင်ကောင်းရန် ဟိတ်ဟန်ထုတ် သုံးစွဲလာကြသည်။

ဝေါလ်ပေပါကို သူ့နေရာနှင့်သူ စနစ်တကျ နေရာမှန်ဒီဇိုင်းမှန် အသုံးပြုခြင်းဖြင့် လတ်ဆတ်သော မြင်ကွင်းကို ရရှိစေ၏။ ညစ်ထေးသောနံရံကို တောက်ပစေ၏။ ထို့ပြင် ငေးမောမှင်သက်မှုကို ဖြစ်စေပြီး စိတ်ဘ၀င်ကိုကြည်နူး ချမ်းမြေ့စေသည်။

ယခုအခါဝေါလ် ပေပါဒီဇိုင်းများသည်လည်း အဆင်စုံ၊ အရောင်စုံမရေတွက်နိုင်အောင်ပင် များပြားစွာ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဈေးနှုန်းအားဖြင့်လည်း ၀ယ်ယူလိုသည့် အတိုင်းအတာပမာဏနှင့် အသုံးပြု ကုန်ကြမ်းပစ္စ္စည်းမူတည်၍ အစားစားရှိ၏၊

ဗီနိုင်း

အသားကောင်းကောင်း ဗီနိုင်းဝေါလ်ပေပါ အမျိုးအစားများသည်ရေလုံပြီး၊ အစိုခံအကြမ်းခံသည်။ ဝေါလ်ပေပါအမျိုးအစားများအနက် စိုထိုင်းဆခံနိုင်ရည်ရှိမှုနှင့် အထိအခိုက်ခံနိုင်ရည်ရှိသဖြင့် ခန်းမ ကျယ်များ၊ ရေချိုးခန်း၊ မီးဖိုဆောင်၊ ကစားခန်းငယ်များအတွက် အသင့်တော်ဆုံးဟုဆိုသည်။

ဗီနိုင်းအလွှာပါရှိသောဝေါလ်ပေပါ

လူကြိုက်များသောဝေါလ်ပေပါဖြစ်သည်။ စက္ကူသားပေါ်တွင် ပေါင်းစပ်ပါဝင် သော ဗီနိုင်းအလွှာကြောင့် သန့်ရှင်းရလွယ်ကူပြီးတာရှည်ခံသည်။ ဗီနိုင်းဝေါလ်ပေပါနှင့် မတူညီ သောအချက်က အလွယ်တကူပြန်လည်ခွာယူနိုင်ခြင်းပင်ဖြစ်သည်။

စက္ကူသားဝေါလ်ပေပါ

အပေါ်ယံတွင် မည်သည့်အလွှာမှတစ်ထပ်ပါဝင်ခြင်းမရှိသည့်အတွက် နောက်ပိုင်း အသုံးပြုမတွင်ကျယ်တော့ပါ။ သူ၏အားသာချက်မှာ ရိုးရိုးကော်အမျိုးအစားနှင့် ကပ်လို့ရခြင်းဖြစ်သည်။ သို့သော် အပေါ်ယံတင်းခံပေးနိုင်မည့်အလွှာတစ်ထပ်မျိုးမပါဝင်တာကြောင့် စိုထိုင်းဆကိုလက်မခံခြင်း၊ အလွယ်တကူစုတ် ပြဲနိုင်ခြင်း၊ ပြန်လည်ခွာယူရခက်ခြင်းတို့ကြောင့် လူကြိုက်နည်းပါး၏။

ပင်ထောင်အဆင်ဝေါလ်ပေပါများ

အများအားဖြင့် ဗီနိုင်းနှင့်စက္ကူသားများအပေါ်တွင် အဆင်ဒီဇိုင်းများကို ရိုက်နှိပ်အသုံးပြုလေ့ရှိကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်က တော်ရုံတန်ရုံထိခိုက်ပွန်းပဲ့မှုများနှင့် မတော်တ ဆစွန်းထင်းမှုများရှိလျှင်ပင် အဆင်၏အရောင်လိုင်းကွက်မျးကြောင့် လုံးဝမသိသာလှပါ။ ယင်းဝေါလ်ပေပါများ ပေါ်တွင် မည်သည့်ဒီဇိုင်းမျှမပါဝင်ဘဲ အဲဒီပေါ်မှာတင်ဆေးထပ်သုတ်ခြင်းမျိုးလည်းရှိ၏။ ပင်ထောင်ဒီဇိုင်း ဝေါလ် ပေပါများသည် ပျက်စီးနေသောမျက်နှာကျက်များတွင်အသုံးပြုခြင်းဖြင့် အခင်းကြွေပြားများပေါ်ရောင်ပြန်ဟပ် စေနိုင်သဖြင့် ဒီဇိုင်းနာများကြိုက်နှစ်သက်ကြလေသည်။

ခပ်သေးသေးပွင့်ရိုက်ဆင်

ကတ္တီသဖွယ် အရိပ်ထနေသော အလားတူဒီဇိုင်းများတွင် အဆုပ်အ ဆုပ်နှင့်ခပ်သေးသေးပွင့်ရိုက်ဆင်များကိုအသုံးများကြသည်။ အဆင်မပြေတာသည်မှာဒီဇိုင်းဖြစ်သည်။ ထိုကဲ့သို့ ဒီဇိုင်းများမှာ အတော်ခေတ်နောက်ကျနေပြီဟု ဆိုနိုင်ပါသည်။

 

နဂိုထက်စာလျှင် နောက်ထပ်ထွက်လာသော ဒီဇိုင်းများမှာတော့ တစ်စထက်တစ်စခေတ်စားလာပါသည်။ အကောင်းဆုံးအသုံးပြုနိုင်သောနေရာများမှာ ထမင်းစားခန်းနှင့် အိပ်ခန်းကဲ့သို့သော အသွားအလာကျဲသောနေရာများတွင် အသုံးပြုလေ့ရှိကြပါသည်။

ချည်ထည်ဝေါလ်ပေပါ

ချည်ထည်အစားထဲတွင် အမျိုးအစားနှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဗီနိုင်း လွှာပါဝင်သောအမျိုးအစားဖြစ်ပြီး လုပ်ငန်းဌာနများတွင် အများဆုံးတွေ့ရသည်။ နောက်ဒုတိယတစ်မျိုးမှာတော့ စက္ကူသားဖြစ်သဖြင့် လူနေအဆောက်အဦးများအတွင်းသုံးရပါသည်။ စက္ကူသားဝေါလ်ပေပါများကတော့ ကြည့် ကောင်းပင်ကောင်းသော်ငြားလည်း ကပ်ရခက်ခဲခြင်း၊ အကောင်းစားကော်မှ အဆင်ပြေနိုင်ခြင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်း အခက်အခဲများရှိနိုင်လေသည်။

မြက်ခင်းတုဝေါလ်ပေပါနှင့်ရွက်ဖျင်

သဘာဝဆန်ဆန်အလှကို ဖြစ်စေသောနာမည်ကြီးဝေါလ်ပေပါတစ်မျိုး ဖြစ်ပါသည်။ ထိုဝေါလ်ပေပါကိုတကယ့်မြက်ခင်းသဖွယ်ဖန်တီးရက်လုပ်ထားပါသည်။ အောက်ခံကို စက္ကူ။ ဖျင်သားများဖြင့်ရက်လုပ်ထားတတ်ပြီး လူသွား လူလာနည်းသောနေရာများတွင် အသုံးပြုအလှဆင်ကြပါသည်။

သတ္တုဆန်ဆန်သတ္တုရောင်ဝေါလ်ပေပါ

ပိုလီအက်စတာချည်၊ ခပ်ပါးပါးစက္ကူနှင့် သတ္တုမျှင်များကို စနစ်တကျ ပေါင်းစပ် ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းဝေါလ်ပေပ်သည် အခန်းငယ်လေးကိုပင် တောက်ပလင်းလက်စေ နိုင်ပြီး နံရံများတွင်အသုံးပြုက ပွန်းပဲ့ဒဏ်ရာချို့ယွင်းချက်များကိုပင် ဖုံးနိုင်စွမ်းရှိပါသည်။

ဝေါလ်ပေပါများသည်နံရံကိုဆေးသုတ်ရသည်ထက်စာလျှင် အသုံးပြုရလွယ်ကူသောပစ္စည်းများဖြစ်ကြ သောကြောင့် တပ်ဆင်ပြီးနောက်ပိုင်းသန့်ရှင်းမှုပြုလုပ်ရာတွင်လည်း အင်မတန်မှအဆင်ပြေလှသည်။ ဦးစွာ ပထမ ဝေါလ်ပေပါကပ်မည့်နံရံရှိ သံပွင့်၊ သံခေါင်းများ၊ နံရံအက်ကြောင်းများကိုဖျောက်၍ ချောမွေ့သော မျက်နှာ ပြင်တစ်ခုဖြစ်အောင်ပြုလုပ်ရမည်။ ထို့နောက် မိမိကပ်မည့် ဝေါလ်ပေပါရှိ အပွင့်၊ အခက်၊ အဆင်များ၊ အကြောများကို သူ့နေရာနှင့်သူစီစဉ်စပ်ဟပ်နေရာချရပါသည်။ မိမိနေရာချပြီးသောဝေါလ်ပေပါများကို ကပ်လို သည့်နေရာများ (ဥပမာ-ပြတင်းပေါက်၊ တံခါးပေါင်၊ မျက်နှာကျက်စသည်)နှင့် ကိုက်ညီစေရန် တစ်ခါ ညှိယူပြီးကပ်ရပါမည်။ ဝေါလ်ပေပါကပ်ရာတွင်အသုံးပြုသော ကော်အမျိုးအစားမှာ ပုံးနှင့်လာလေ့ရှိပါသည်။ ဒါမှ မဟုတ် မိမိဘာသာဂျုံကိုရေနှင့်ကော်ရအောင်စပ်သုံးလျှင် လည်းဖြစ်နိုင်ပါသည်။ ကော်ကိုဝေါလ်ပေပါ၏ ကျော ဘက်တွင်သာမက နံရံတွင်ပါ သုတ်လိမ်း စွဲကပ်ရသဖြင့် တစ်ခါတည်းကပ်မိဖို့တော့လိုပါမည်။ နောက် ထပ်နောက်ထပ်ကပ်ခြင်း၊ ခွာယူခြင်း၊ နေရာပြန်တည့်ခြင်းမျိုးမဖြစ်စေရန် အထူးဂရုစိုက်ရပါသည်။ အဲဒီနောက်မှ ဝေါလ်ပေပါမှာ ရှိနေသည့် အရေးအကြောင်းများ၊ လေခိုမှုများကို သပ်ထုတ်ဖယ်ရှား၍ ကပ်ရပါသည်။

ဝေါလ်ပေပါ၏အားသာချက်မှာ ကိုယ်မကြိုက်မလို့ ငြီးငွေ့လာလျှင်လည်း အသစ်အသစ်သော ဝေါလ် ပေပါများနှင့် စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ နံရံကို အကာအကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။ အကောင်း ဆုံးအချက်မှာ ဝေါလ်ပေပါများသည် ထိန်းရသိမ်းရလွယ်ကူရုံသာမက တစ်ခါကပ်ပြီးနောက်ပိုင်း အနည်းဆုံး ဆယ်နှစ်မှဆယ့်ငါးနှစ်ထိ အရည်အသွေးကျမသွားခြင်းဖြစ်သည်။ ဝေါလ်ပေပါများသည် စိတ်ကျေနပ်မှုကို အပြည့်အ၀ပေးစွမ်းနိုင်သောခေတ်မှီအလှဆင်ပစ္စည်းများပင်ဖြစ်ပါသည်။

 

Credit:  mm-homedecor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service