တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး e-commerce ကုမ္ပဏီ JD.com က နေ့စဉ်နေ့တိုင်း ဈေးဝယ်စင်တာပေါင်း ၁၀၀၀ ကျော် ဖွင့်လှစ်သွားမည်ဟုဆို

တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး e-commerce ကုမ္ပဏီ JD.com က နေ့စဉ်နေ့တိုင်း ဈေးဝယ်စင်တာပေါင်း ၁၀၀၀ ကျော် ဖွင့်လှစ်သွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Sep 2018 11:44 am တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး e-commerce ကုမ္ပဏီဖြစ်သော JD.com သည် နေ့စဉ်နေ့တိုင်း စတိုးဆိုင်ပေါင်း ၁၀၀၀ ကျော် ဖွင့်လှစ်သွားမည်ဟု ကတိပြုလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

JD.com သည် အွန်လိုင်းမှ offline ကမ္ဘာသို့ နယ်ပယ်ချဲ့ထွင်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။

“ပြီးခဲ့တဲ့လတုန်းက JD.com ဟာ တရုတ်ပြည်မှာ ရက်သတ္တပတ်တိုင်း ကုန်မျိုးစုံစတိုးဆိုင် ၁၀၀၀ ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အခုနှစ်ကုန်အထိ နေ့စဉ်နေ့တိုင်း စတိုးဆိုင် ၁၀၀၀ ဖွင့်လှစ်သွားနိုင်ဖို့ ဖြစ်ပါတယ်။

စတိုးဆိုင်အားလုံးနီးပါးဟာ franchise အနေနဲ့ ဖွင့်လှစ်သွားဖွယ်ရာ ရှိပါတယ်” ဟု JD.com ၏ အမှုဆောင်အရာရှိချုပ် လျူကျန်းတုံက တရုတ်ပြည် အနောက်တောင်ပိုင်း ချုံကင်းမြို့တွင်ကျင်းပသော ကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။

JD.com သည် လာမည့် ၅ နှစ်အတွင်း လက်လီစတိုးဆိုင်ပေါင်း တစ်သန်းခန့်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထက်ဝက်ခန့်မှာ ကျေးလက်ဒေသများတွင် တည်ရှိလိမ့်မည်ဖြစ်ကြောင်း လျူကျန်းတုံက ကြေညာထားသည်။

Franchise ပုံစံဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ဆိုင်ချင်းမှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးစီ၏ လွတ်လပ်စွာရပ်တည်မှုဖြင့် လည်ပတ်မည် ဖြစ်သည်။

ဆိုင်ခွဲဖွင့်လှစ်လိုသူများအား JD.com က ချေးငွေထုတ်ပေးကာ အလွယ်တကူဆိုင်ဖွင့်နိုင်ရန် ကူညီမှုများ ပေးအပ်သွားမည်ဟု ဆိုသည်။

“တစ်နေ့ကို လျှောက်လွှာပေါင်း ၅၀၀၀၀ လောက် ကျွန်တော်တို့ လက်ခံရရှိပါတယ်။ လျှောက်ထားသူအများစုက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး သူတို့ရဲ့ ကျေးရွာ (သို့မဟုတ်) မြို့ငယ်လေးတွေကို ပြန်လည်အခြေချနေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဆိုင်ဖွင့်နိုင်ဖို့အတွက် သူတို့ကို ချေးငွေတွေ ထုတ်ပေးသွားမှာပါ။ သူတို့အနေနဲ့ တစ်လကို ယွမ်ငွေ ၈၀၀၀ ကျော် ဝင်ငွေရနိုင်ပါတယ်” ဟု လျူကျန်းတုံက ပြောကြားသည်။

ယခုစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်သည့် ပထမအသုတ်တွင် ဆိုင်ပေါင်း ၁၁၁၁ ဆိုင် တစ်နေ့တည်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...

နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်

ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service