၂ဝ၁၈ ခုနှစ်တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူနှုန်းမြင့်တက်လာ

၂ဝ၁၈ ခုနှစ်တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူနှုန်းမြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
4 Jun 2018 12:44 pm တွင် တင်ခဲ့သည်
3506 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အတွင်း အဆင့်မြင့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၆ဝဝဝ ကျော်ရှိလာပြီး သုံးနှစ်အတွင်း အခန်းပေါင်း ၁ဝဝဝဝ ကျော် ထပ်မံထွက်ရှိမည်ဟု မျှော်မှန်းထားကာရောင်းအားအနေဖြင့် ၂ဝ၁၆ ခုနှစ်နောက်ပိုင်းနှင့် နှိုင်းယှဉ်ပါက ပြန်လည်မြင့်တက်လာကြောင်း ကနေဒါ အခြေဆိုက်နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သော Colliers International(Myanmar)၏၂ဝ၁၈ ခုနှစ် ပထမ သုံးလပတ်ဈေးကွက်အစီရင်ခံစာ တွင် သုံးသပ်ထားသည်။

၂ဝ၁၈ ခုနှစ်သုံးလအတွင်း ကွန်ဒိုတိုက်ခန်းသစ်အနည်းငယ်သာထွက်ရှိသော်လည်း ဝယ်ယူမှုနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ကွန်ဒိုတည်ဆောက်သူများအတွက် ဈေးကွက်ယုံကြည်မှု အထိုက်အလျောက် တိုးတက်စေခဲ့သည်။

ဈေးနှုန်းသင့်ပြီး အရည်အသွေးကောင်းမွန်ကာ ကားပါကင် နေရာအခက်အခဲမရှိသော ကွန်ဒိုတိုက်ခန်းများဝယ်လိုအားကောင်းလာသည်။

ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက ၂ဝ၁၈ ပထမသုံးလပတ်တွင် ကွန်ဒိုတိုက်ခန်းသစ်သုံးရာခိုင်နှုန်းထွက်ရှိခဲ့ပြီး အခန်းဝယ်ယူမှုတွင်ယခင်သုံးလကထက် ၂ဒသမ ၂ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်းဈေးနှုန်းမှာမူ အကျပိုင်းတွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဈေးကွက်ကျဆင်းမှုရှိနေသော်လည်း ဆောက်လက်စ ကွန်ဒိုတိုက်ခန်းများရှိနေသောကြောင့် ၂ဝ၁၈ ခုနှစ်တွင် ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ခန်းသစ် ၁ဝ၃ဝဝ ဝန်းကျင်ထွက်ရှိမည်မျှော်မှန်းထားကာစီမံကိန်း ၃၈ ခုမှာ ယခုနှစ်အတွင်း ပြီးစီးမည် ဟုခန့်မှန်းထားသည်။ကွန်ဒိုတိုက်ခန်းများတွင် အဓိက ပြဿနာတစ်ရပ်ဖြစ်နေသည့်ကားပါကင်အခက်အခဲကိုလည်း တည်ဆောက်သူများဖြေရှင်းမှ သာဝယ်လိုအားတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်းက လာမည့် ငါးနှစ်အတွင်း ကွန်ဒိုတိုက်ခန်းတစ်နှစ်လျှင် ပျမ်းမျှ ၂၁ဝဝ ခန့်ထွက်ရှိလာမည် ဟု Colliers မှ ခန့်မှန်းခဲ့သော်လည်း စီမံကိန်းနှောင့်နှေးမှုကြောင့် ၂ဝ၁၆ ခုနှစ် တွင်အခန်းပေါင်း ၁၆ဝဝ ဝန်းကျင်၊၂ဝ၁၇ခုနှစ်အတွင်း အခန်းပေါင်း ၉ဝဝ ဝန်းကျင်သာ အသစ်ထွက်ပေါ်နိုင်ခဲ့သည်။

Colliers ၏တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီကွန်ဒိုတိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၃ရာခိုင်နှုန်း၊အလယ်အလတ်ထက်အဆင့်မြင့်အဆင့် ၂၅ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့် ၄၉ ရာခိုင်နှုန်း၊ဇိမ်ခံအရည်အသွေးအဆင့် ၁၃ရာခိုင်နှုန်းရှိကြောင်းသိရသည်။

Credit : Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service