အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့်

အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့် - Property Knowledge in Myanmar from iMyanmarHouse.com
27 Feb 2018 12:54 pm တွင် တင်ခဲ့သည်
4609 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မေး။ ။ဝယ်စဉ်က အရောင်းအဝယ်စာချုပ်ရော SP ရောစာချုပ် ချုပ်ထားပါတယ် အမည်ပေါက်ပြောင်းရင် အခွန်ဆောင်ရပါသလား ဘာတွေလိုအပ်လဲရှင်းပြပေးပါခင်ဗျာ။

ဖြေ။ ။ အိမ်၊ ခြံ၊ မြေ နှင့်ပတ်သက်ပြီး စရံပေးစဉ် အချိန်မှစ၍ ဝယ်သူတို့မှ တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ရေးသားကာ အရပ်သဘော အရောင်းအဝယ်ပြုလုပ်ကြပါသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် တန်ဖိုး (၁၀၀) ကျပ်ထက်ပိုပါက မှတ်ပုံတင်မှသာ ဥပဒေအရ ခိုင်မာမည်ဖြစ်၍ ဝယ်ယူသူတို့မှ အရောင်းအဝယ် တိကျ ခိုင်မာမှုရှိရန်အတွက် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။

အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့်

(၁) တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊ ဝယ်သူ၏ သန်းခေါင်စာရင်း၊ အရောင်းအဝယ်ပြုထားသော မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံးအကြိမ်ဆောင်ထားသော မြေခွန် နှင့် အရောင်းမြေပုံ၊ မြေရာဇဝင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အားရိုက်ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂) ဦးလုံးမှ တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသောမြေကို တန်ဖိုးဖြတ်သတ်မှတ်ပေးရန် လျှောက်ထားရမည်။

(၂) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အခွန်မည်မျှ ကျသင့်ကြောင်း သွားရောက်စုံစမ်းရမည်။

(၃) ပြီးနောက်ကျသင့်သော အခွန်ကို သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် သွားရောက်ထမ်းဆောင်ပြီး သက်သေခံဘဏ်ချလံအား ပြန်လည်ထုတ်ယူရပါသည်။

(၄) ဘဏ်ချလံရရှိလာပါက မြို့နယ်အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ ထုတ်ယူနိုင်ပါသည်။

(၅) ယင်းတံဆိပ်ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိမ်ပြီးနောက် စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ်စာချုပ်ကို ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင်ရပါသည်။

(၆) ရက်ပေါင်း (၄၅) ရက်ကြာပါက မှတ်ပုံတင်ထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူနိုင်ပါသည်။

ခြွင်းချက်။ ။ ရောင်းချသူမှ စာချုပ်မှတ်ပုံတင်အဆင့်ဆင့်ကို လိုက်ပါဆောင်ရွက်မပေးနိုင်ပါဟု ဝယ်ယူသူ (သို့) ဝယ်ယူသူညွှန်ပြသောသူအား S.P ပေးရပါမည်။

အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူအမည်ပေါက်ရေးအတွက် စည်ပင်သာယာရေးကော်မတီ (သို့) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။

အမည်ပြောင်းလျှောက်ထားရာတွင် ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့်သွင်းခသာပေးဆောင်ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံပေးဆောင်စရာမလိုအပ်ပါ။

Credit: မြန်မာ့အိမ်ခြံမြေသတင်းဌာန

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service