ရန်ကုန်တိုင်းအစိုးရ၏ သုံးနှစ်စာစီမံကိန်းများ ဧပြီတွင် လွှတ်တော်တင်မည်

ရန်ကုန်တိုင်းအစိုးရ၏ သုံးနှစ်စာစီမံကိန်းများ ဧပြီတွင် လွှတ်တော်တင်မည် - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 10:32 am တွင် တင်ခဲ့သည်
4900 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သုံးနှစ်တာကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်ထံ ၂၀၁၈ ခုနှစ် ဧပြီလတွင် တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိအစိုးရ ဆက်လက် တာဝန်ထမ်းဆောင်ရန်ကျန်ရှိသည့် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ သိရှိစေရန်အတွက် လွှတ်တော်ထံတင်ပြရခြင်းဖြစ်ပြီး စီမံကိန်းများရေးဆွဲရေးနှင့် ပတ်သက်၍လည်း သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီတင်ပြချက်တွေဟာ အရေးကြီးပါတယ်။ လုပ်ငန်းရှင်တွေအားလုံး သိထားဖို့လိုပါတယ်။ ရန်ကုန်ရဲ့ ရှေ့ဆက်သွားမယ့် ရည်ရွယ်ချက်တွေက ဘာတွေလဲ၊ ဒီနေရာမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်သင့်တယ်၊ ဘယ်လိုအစီအစဉ်တွေ ဆောင်ရွက်ခြင်းသည် ကိုယ့်ရဲ့စီးပွားရေးတွေ ရှင်သန်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြစီမံကိန်းအားလုံးကို လွှတ်တော်တင်ဖို့ရှိပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ ကိုကိုးကျွန်းအပါအဝင် မြို့နယ် ၁၂ ခုတွင်လည်း စက်မှုဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး လက်ရှိတွင် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးနှစ်စာစီမံကိန်းများ တင်ပြပါက ရန်ကုန်အထူးစီးပွားရေးဇုန်နှင့် မြို့သစ်စီမံကိန်းတို့ကိုပါ ထည့်သွင်းတင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

“ လုပ်ငန်းရှင်တွေကို စနစ်အမျိုးမျိုးနဲ့ကျပ်ပြီး ပိုက်ဆံတောင်းတဲ့စနစ်မျိုးကို ကျွန်တော်တို့က ပုံဖော်နေတာ မဟုတ်ပါဘူး။ ဒီစနစ်မျိုးက အတိတ်မှာကျန်ခဲ့ပြီလို့ ပြောပါရစေ။ လုပ်ငန်းတွေကို အလွယ်တကူ ဆောင်ရွက်လို့ရနိုင်တဲ့ စနစ်မျိုးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service