လမ်းပေါ်က အိမ်များ

လမ်းပေါ်က အိမ်များ - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 11:47 am တွင် တင်ခဲ့သည်
6030 ကြိမ် ကြည့်ရှု့ပြီး
ကနေဒါနိုင်ငံ Edmonton မြို့ရောက် မြန်မာတရား လွှတ်တော်ရှေ့နေကြီး ဦးဝင်းအောင်ကျော်၏ ဖိတ်ကြားချက်အရ စာရေးသူနှင့် ဇနီးတို့သည် ကနေဒါနိုင်ငံသို့ ရောက်ခဲ့သည်။ လေယာဉ်စရိတ်၊ နေထိုင်စရိတ်၊ ကနေဒါနိုင်ငံ၏ ကျောက်တောင် တန်းကြီးများ၊ ဥယျာဉ်ကြီးများ၊ ရေအိုင်ကြီးများ၊ ရေပူစမ်းများ သို့ လည်ပတ်ရန် ကုန်ကျစရိတ်များပါ အကုန်အကျခံခေါ်ယူခြင်း ဖြစ်သည်။ စာရေးသူနှင့် ဇနီးတို့သည် ပင်စင်စား သက်ကြီး ရွယ်အိုများဖြစ်သော်လည်း သွားနိုင်လာနိုင်ရှိသေး၍ ၀မ်းမြောက် ၀မ်းသာလက်ခံခဲ့သည်။

ဦးဝင်းအောင်ကျော်နှင့် ဇနီးဒေါ်မူမူမိသားစုက လည် ပတ်ရန် မော်တော်ကားအိမ်( RV Car ) ကို ကြိုတင်ငှားရမ်း ထားပြီးကြောင်း ကနေဒါတွင် တစ်လခန့်လည်ပတ်မည့်ရက်၊ နေရာ၊ အချိန်ဇယားဖြင့် တိတိကျကျ စာဖြင့်ဖိတ်ပါသည်။ ကနေဒါရော့ကီးတောင်တန်းများဆီသွားရန်၊ ကမ္ဘာ့နှင်းလျှောစီး ပြိုင်ပွဲကျင်းပသော ဆီးနှင်းတောင်တန်းများ နှစ်ပေါင်းသန်းချီ သော ဆီးနှင်းရေခဲပြင်ကြီးများ၏အလှအပများခံစားရန်၊ ကမ္ဘာကျော် ရေပူစမ်းကြီးများနှင့် ကနေဒါသမိုင်းဝင် ဂေါက်ကွင်းများ ၌ ဂေါက်ကစားရန် အချိန်ဇယား၌ပါရှိသည်။ ထို့ပြင် ကြိုတင် ဖတ်ရှုနိုင်ရန် စာအုပ်များ လက်ကမ်းစာစောင်များ ပါပေးပို့ပါသည်။ စာရေးသူ စိတ်ဝင်စားသည်မှာ Rving ခေါ်မော်တော်ကား အိမ်ကြီးဖြင့် ခရီးသွားလာခြင်းဖြစ်ပါသည်။

မော်တော်ကားအိမ်

ပေးပို့သည့်အထဲ၌ စာရေးဆရာ Rogir B.White ရေးသားသော Home on the Road စာအုပ် ပါဝင်ပါသည်။ ခရီးသွားလာရာ၌ လှေခေတ်၊ လှည်းခေတ်ကာလကပင် ချက်ပြုတ် စားသောက်ရန် အိုးခွက်ပန်းကန်၊ ဆီဆန်ဆား၊ ညအိပ်နေရာ ၌ အိပ်ယာ၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခြားခရီးသွား အသုံး အဆောင် ပစ္စည်းများတင်ဆောင်၍ ခရီးသွားဓလေ့မှာ ကမ္ဘာဦး ကပင် စခဲ့မည်ဖြစ်ပါသည်။ တိုးတက်လာသည်နှင့်အမျှ လှေအိမ်၊ လှည်းအိမ်၊ ကားအိမ်များ အဆင့်ဆင့်တိုးတက်လာသည် မှာ ယခုခေတ်၌ ကားအိမ်များ၌ ရေချိုးခန်း၊ အိမ်သာ၊ မီးဖို ဆောင်၊ ထမင်းစားနေရာ၊ အိပ်ခန်းစင်များ အပြည့်အစုံနှင့် စခန်းချရပ်နားရန်နေရာများကိုပါ သတ်မှတ်၍ ရေဆိုးစွန့်ခြင်း၊ ရေဖြည့်ခြင်း၊ ဆီဖြည့်ခြင်း၊ လျှပ်စစ်ဓါတ်အားသွင်းခြင်းများပြု လုပ်၍ လုံခြုံမှုပါ တာဝန်ယူသော စခန်းများတည်ဆောက်ထား ကြပါသည်။ ခေတ်မီမော်တော်ကားအိမ်များ ထုတ်လုပ်ခြင်းနှင့် ယဉ်ရပ်နားစခန်းများ၊ အပန်းဖြေစခန်းများ တည်ဆောက်ခြင်း ကို စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြပါသည်။

ဂျစ်ပစီလူမျိုးများ၊ အင်ဒီးယမ်းလူမျိုးများသည် ကနဦး က နေအိမ်အတည်တကျနေထိုင်ကြခြင်းမရှိဘဲ ခရီးသွားလာ လှည့်လည်နေထိုင်ခဲ့ကြသည့် မြင်းတပ်လှည်းနေအိမ်များ၊ နေ အိမ် နောက်ဆက်တွဲလှည်းများဖြင့် စူးစမ်းသွားလာနေထိုင်ခဲ့ကြ သည်။ ဂျစ်ပစီများကို အစွဲပြု၍ အင်္ဂလန်နိုင်ငံ၌ ၁၈၈၀ ခုနှစ်မှ စတင်၍ Gypsy Wagon ဂျစ်(ပ်)စီဝက်ဂွန်ကားများ စတင် ထုတ်လုပ်၍ Gypsy Wagon ခရီးသွားလုပ်ငန်းသည် ထင်ရှားခဲ့သည်။ လူကြိုက်များသော Gypsy Wagon ကားများသည် ၁၈၈၀ မှ ၁၉၁၀ ပြည့်နှစ်ခန့်အထိ ခေတ်စားခဲ့သည်။ ၁၉၁၀ ခုနှစ် နှောင်းပိုင်းမှစ၍ မော်တော်ကားအိမ်များသည် ကားနှင့် နောက်ဆက်ဆွဲအိမ်များမဟုတ်တော့ဘဲ ကားနှင့်အိမ်တွဲ၍ ထုတ် လုပ်လာကြသည်။ ဘန်ဂလိုပုံစံများပါ ဆောက်လုပ်လာကြ သည်။ စခန်းရပ်နားရာ၌ အပိုတဲများ၊ လှေများ၊ စက်ဘီးများ၊ ဆိုင်ကယ်များပါ အပိုတင်ဆောင်လာကြသည်။ စိတ်ကြိုက် နောက်တွဲအိမ်များကိုလည်း တည်ဆောက်၍ ကားဖြင့်ဆွဲလာကြ သည်။

၁၉၁၀ မှ ၁၉၂၀ ပြည့်နှစ်ကာလအတွင်း၌ ခရီးသွား ကားအိမ်များလမ်းများပေါ်၌ မော်တော်ကားစီးရေ သန်းနှင့်ချီ ကာ တွေ့လာရသည်။ အမေရိကန် နယူးယောက်ပြည်နယ်မှ ဖလော်ရီဒါပြည်နယ်သို့ ရထားဖြင့် တနေ့တာခရီးလမ်းကို ခရီး သွား ကားအိမ်များဖြင့် (၅)ရက်ခန့်အချိန်ယူ၍ ခရီးထွက်ကြ သည်။ ဘေးသဘာဝပတ်ဝန်းကျင်ရှုခင်းများ၊ ရာသီဥတုပြောင်းလဲ မှု တောတောင်များ၊ ရေတံခွန်၊ ရေပူစမ်း၊ စိမ့်စမ်းများကို နားနားနေနေ အပန်းဖြေခရီးထွက်ကြသည်။ အခက်အခဲများ၊ ပျော်ရွှင်မှုများ၊ စွန့်စားမှုများဖြင့် စိတ်လှုပ်ရှားမှုကို ခံစားကြ သည်။

ကနေဒါရော့ကီးတောင်တန်းကြီးများဆီသို့ ခရီးသွား လာကြခြင်းကို ၁၉၀၁ ခုနှစ်မှ စတင်များပြားလာသည်ဟု ဆိုပါ သည်။ ခရီးသွားကားအိမ်များကို ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။ နားနေစခန်းချနေရာများကိုလည်း ကန်ဘေး၊ ရေအိုင်ဘေး၊ တောင်ခြေ၊ တောအုပ်အလယ်၊ ချောင်းဘေး၊ ရေပူစမ်းဘေး စသည်ဖြင့် အမျိုးမျိုးတည်ဆောက်ထားကြပါသည်။

၁၉၄၀ ပြည့်နှစ်က နယူးယောက်ကမ်္ဘာရေးရာ ကုမ္ပဏီ ကြီးက Cherokee ဟုခေါ်သော အနီရောင်ကား အိမ်များစွာ ထုတ်လုပ်ခဲ့သည်။ ဈေးကွက်၌ လူကြိုက်များခဲ့သည်။ ၂၀ ရာစု တစ်လျှောက်လုံးကာလ၌ မော်တော်ကားအိမ်များကို အမေရိကန် နိုင်ငံတစ်နိုင်ငံတည်းသာမဟုတ်ဘဲ စက်မှုထွန်းကားသော နိုင်ငံ အများအပြားက ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ခဲ့ကြသည်။ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ကာလများတွင် ကမ္ဘာ၌အပန်းဖြေ ခရီးသွား လုပ်ငန်းဈေးကွက်သည် ဖွံ့ဖြိုးလာခြင်းကြောင့် မိသားစုဖြင့် ခရီးသွားသော ကားအိမ်များ ပိုမိုထုတ်လုပ်လာကြသည်။

မော်တော်ကားအိမ်များ၊ စခန်းချနေရာများကို စာဖြင့်ပုံဖော်ခြင်းထက် ဓာတ်ပုံများကို ကြည့်ခြင်းအား ဖြင့် ပိုမို ၍ ခံစားသိရှိနိုင်ပါသည်။ သို့ဖြစ်၍ ပုံများဖြင့် တင်ပြအပ်ပါ သည်။၊ ဆက်လက်ဖော်ပြပါမည်။

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ ) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service