ဒဂုံလေးမြို့နယ် အတွင်း အရောင်းအ၀ယ်ဖြစ်မှုတွင် သင့်တင့်သော ဈေးနှုန်းများဖြင့် မြေကွက်များအရောင်းအ၀ယ်သွက်

ဒဂုံလေးမြို့နယ် အတွင်း အရောင်းအ၀ယ်ဖြစ်မှုတွင် သင့်တင့်သော ဈေးနှုန်းများဖြင့် မြေကွက်များအရောင်းအ၀ယ်သွက် - Property News in Myanmar from iMyanmarHouse.com
27 Nov 2017 10:26 am တွင် တင်ခဲ့သည်
5039 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံလေးမြို့နယ်အတွင်းရှိ မြေကွက်များအနက် သင့်တင့်မျှတသောသိန်း နှစ်ရာမှခြောက်ရာဝန်းကျင်မြေကွက်များ အရောင်းအ၀ယ်ဖြစ်ထွန်းနေကြောင်းယင်းမြို့နယ် အခြေစိုက်အကျိုးဆောင်များမှ ပြောသည်။

””ဒဂုံလေးမြို့နယ်ကတော့ ဈေးလျှော့ရောင်းတဲ့မြေကွက်တွေ အလုပ်ဖြစ်လာတယ်၊ဈေးကွက်က ရပ်မနေဘူး။သွားနေတယ်ပေါ့။လတ်တလော အလုပ်ဖြစ်တာကတော့ အရမ်းမြင့်တဲ့အကွက်တွေတော့ မဖြစ်ဘူး။အဖြစ်များတကတော့ နှစ်ရာ ၊ လေးရာ ။ ခြောက်ရာပေါ့ ဒီလိုမြေကွက်လေးတွေဖြစ်တယ်။ဖြစ်နေတယ်ဆိုတော့ ဈေးကွက်ကအေးမသွားတော့ပဲ သူ့ဟာနဲ့သူ လည်နေတာပေါ့။အခုဖြစ်တဲ့ ဈေးတွေက အရင်ကနဲ့ ယှဉ်ရင်တော့ ဈေးကျသွားတယ်လို့ပြောလို့ရတဲ့အကွက်တွေပေါ့။ဒါပေမယ့် ဒီဘက်အချိန်မှာကတော့ သူ့ဟာနဲ့သူ သင့်တင့်မျှတတဲ့အနေအထားလို့ပဲပြောရမှာပါ။ သိန်း ၈၀၀ လောက် အရင်ကပေါက်တဲ့ မြေကွက်တွေကို အခု သိန်း ၆၀၀ လောက်နဲ့ ဈေးချရောင်းပေးလာကြတယ်။အဲဒီလိုမြေကွက်တွေနဲ့ ဈေးးတန်းတွေလောက်ဘဲ အရောင်းအ၀ယ်ဖြစ်နေတယ်။နောက်ပြီး ရင်းနှီးမြုပ်နှံတဲ့ ၀ယ်ရောင်းတွေရော၊ တကယ်နေချင်တဲ့သူတွေရော က ဒီဈေးတန်းအနေအထားကိုပဲ အဓိကထားပြီး ၀ယ်ကြတယ်။ဈေးကွက်အနေအထားအရ ပြောရရင်တော့ နည်းနည်းမဆိုးဘူးလို့ပြောရမှာပေါ့””ဟု ဒဂုံမြို့နယ်အခြေစိုက် အောင်စည်ဟိန်းအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမှန်တကယ် နေထိုင်သူများအတွက် ၀ယ်ယူမှုသည် ၀ယ်ရောင်းများ၏ ဈေးကွက်ထက်ပိုမိုမြင့်မားနေကြောင်းလည်း သိရှိရသည်။ ””ခုနက ပြောတဲ့ဈေးတန်းတွေထဲမှာကိုမှ ၀ယ် ရောင်းတွေက သိန်း ၅၀၀ ၊ သိန်း ၆၀၀ လောက်နဲ့ ပြန်ကောက်တာတွေလည်းရှိတယ်၊။သူတို့ကတော့ ကြာရှည် ကိုင်ထားကြရတာများတယ်။ချက်ခြင်းပြန်ထွက်ဖို့ကလည်း မလွယ်ဘူးလေ ””ဟု ၎င်းပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်း ၊ မြောက်ပိုင်း ၊ အရှေ့ဒဂုံ ၊ ဒဂုံဆိပ်ကမ်းစသည့်နေရာများတွင် အငှားဈေးကွက်သည်လည်း အခြားမြို့နယ်များနည်းတူ အားကောင်းလျက်ရှိကြောင်းသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service