ချင်းပြည်နယ်၏ တံခါးပေါက်တစ်ခုဖြစ်လာမည့် ဖလမ်းဆူရ်ဘုန်လေဆိပ်အား ငါးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်

ချင်းပြည်နယ်၏ တံခါးပေါက်တစ်ခုဖြစ်လာမည့် ဖလမ်းဆူရ်ဘုန်လေဆိပ်အား ငါးနှစ်အတွင်း အပြီးတည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
10 Nov 2017 10:52 am တွင် တင်ခဲ့သည်
3288 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်း ဖလမ်းဆူရ်ဘုန်လေဆိပ်ကို ဖလမ်းမြို့မှ ရှစ်မိုင်ကျော်အကွာ ရိခေါဒါရ်မြို့သွားရာလမ်း ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၅၉ဝဝ ရှိသော ဆူရ်ဘုန်တောင်တန်းကြီးပေါ်တွင် ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစ၍ အရှိန်အဟုန်ဖြင့် စတင်တည်ဆောက်လျက်ရှိရာ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်ကွင်း တည်ဆောက်ရန် စီမံကိန်း တစ်ခုလုံးအတွက် နိုင်ငံတော်က ရန်ပုံငွေကျပ် ၂၅ ဘီလီယံ အသုံးပြုရန် လျာထားပြီး ယခုအချိန်တွင် ငွေကျပ်သန်းပေါင်း ၂၉ဝဝ အထိ အသုံးပြုထားပြီးဖြစ်ကြောင်း၊ လေယာဉ်ကွင်း တည်ဆောက်မှုပြီးစီးပါက ART-72 လေယာဉ်များပါ ဆင်းသက်နိုင်ရန် ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝ ရှိသော လေယာဉ်ပြေးလမ်း အရှည်ပေ ၆ဝဝဝ၊ အကျယ် ပေ ၁ဝဝ နှင့် လေယာဉ်ရပ်နားရန်နေရာကို အလျားပေ ၂၅ဝ၊ အနံ ပေ ၂၅ဝ သတ်မှတ်ထားကြောင်း၊ အလျား ပေ ၂ဝဝ၊ အနံ ၈၆ ပေရှိ လေဆိပ်အဆောက်အအုံနှင့် Control Tower များကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်ပြီးစီးသွားပါက ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်မြို့များ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ တို့နှင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ် ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်ရန် လွယ်ကူလာမည်ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တံခါးပေါက်တစ်ခုဖြစ်လာမည့် ဖလမ်းလေယာဉ်ကွင်း ဆူရ်ဘုန်လေဆိပ်သည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ချင်းပြည်နယ်သည် လေယာဉ်ကွင်းမရှိသေးသည့် တစ်ခုတည်းသောပြည်နယ် ဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service