အမေရိကန်ပြည်တွင် ဂြိုဟ်သားတို့၏ နှောက်ယှက်မှုများခံရသောကြောင့် လယ်သမားတစ်ဦးကယာတောကိုရောင်းချရန်ပြင်ဆင်

အမေရိကန်ပြည်တွင် ဂြိုဟ်သားတို့၏ နှောက်ယှက်မှုများခံရသောကြောင့် လယ်သမားတစ်ဦးကယာတောကိုရောင်းချရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
30 Oct 2017 12:15 pm တွင် တင်ခဲ့သည်
8363 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားပြည်နယ်တွင် လယ်သမားတစ်ဦးသည် ဂြိုဟ်သားတို့၏ နှောက်ယှက်မှုများကိုနှစ်ပေါင်းများစွာခံနေရသောကြောင့်
ယာတောကိုရောင်းချရန်ပြင်ဆင် လျှက်ရှိသည်။

ဂြိုဟ်သားများကဇနီးဖြစ်သူကို ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းကြသည်ဟုဆိုသည်။

ဖီးနစ်မြို့ ၏ အနောက်ဘက် တစ်နာရီခရီးအကွာတွင် တည်ရှိသည့် ရိန်းဘိုးဗယ်လေတွင် စတားဒပ်စ် အမည်ရှိယာတောခြံကြီးတည်ရှိပြီးပိုင်ရှင်မှာ ဂျွန်အက်ဒ်မွန် ဟုအမည်ရသည်။

ဂျွန်အက်ဒ်မွန်က ဂြိုဟ်သားများနှင့် ရင်ဆိုင်ရလျှက်ရှိသည့် သူ၏ ဖြစ်ရပ်ကိုဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ရေးသားပိုစ့်တင်ခဲ့ကြောင်း 12 New TV ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“သူတို့က ကျွန်တော်ဇနီးကိုအိပ်ယာထဲကနေဆွဲထုတ်ပြီးကားပါကင်နေရာကိုခေါ်သွားတယ်။
ပြီးတော့ သူတို့ရဲ့ ယာဉ်ပျံပေါ်ကိုဆွဲတင်ဖို့ကြိုးစားကြတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် ယာတောကိုရောင်းဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟုဂျွန်အက်ဒ်မွန် က ပြောကြားသည်။

ဂျွန်အက်ဒမွန်ကပြောကြားရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်းအလွန်ထူးဆန်းသော ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ကြောင်းမိမိ၏ ယာတောအတွင်း ဂြိုဟ်သားတစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့ရပြီဖြစ်ကြောင်းပြောကြားသည်။
ပြီးခဲ့သောမတ်လအတွင်းကဖေ့ဘုတ်စ်တွင် ဓာတ်ပုံတစ်ပုံတင်ခဲ့ရာသွေးစွန်းနေသောဆာမူရိုင်းဓားတစ်ချောင်းပုံဖြစ်သည်။
အက်ဒ်မွန်၏ အဆိုအရမတ်လ ၁၃ ရက်နေ့တွင် မိမိသတ်ဖြတ်ခဲ့သော ဂြိုဟ်သား၏ သွေးများ ဖြစ်သည်ဟုဆိုသည်။

Travel Channel ရုပ်သံလိုင်း၏ ပရလောက ဖြစ်ရပ်များအစီအစဉ်တွင် အက်ဒ်မွန်၏ နေအိမ်အကြောင်းတင်ဆက်ခဲ့ရာ နိုင်ငံတကာကများစွာစိတ်ဝင်စားခဲ့ကြသည်။

အဆိုပါ ယာတောကိုအက်ဒ်မွန်ကကန်ဒေါ်လာ ၅သန်းဈေးခေါ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်တွင် ဂြိုဟ်သားတို့၏ နှောက်ယှက်မှုများခံရသောကြောင့် လယ်သမားတစ်ဦးကယာတောကိုရောင်းချရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service