ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လို စတင်ရမလဲ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လို စတင်ရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2017 11:52 am တွင် တင်ခဲ့သည်
3370 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အသေးစားစီးပွားရေး လုပ်ငန်းတွေဟာ တကယ်တမ်းတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး စီးပွားရေးဈေးကွက်ကြီး ဖြစ်ပါတယ်။ အမေရိကန်တစ်နိုင်ငံတည်းမှာကိုပဲ အသေးစားစီးပွားရေး လုပ်ငန်းပေါင်း ၂၈ သန်းကျော်ရှိပါတယ်။

ဒါဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၉.၇% လည်း ဖြစ်ပါတယ်။ဒီတော့ ဒီလောက်ကြီးတဲ့ ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို အခြေချတော့မယ်ဆိုရင် စနစ်တကျတာထွက်ကောင်းဖို့ လိုပါတယ်။

ခေတ်မီအသေးစားစီးပွားရေးလုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် စတင်နိုင်ဖို့ ဆိုရင် အခုပြောမယ့် အချက်တွေကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒီအဆင့်တွေကို တစ်ဆင့်ချင်း ဖြတ်သန်းသွားခြင်းအားဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုကို အောင်အောင်မြင်မြင်
ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

(၁) သုတေသနပြုပါ

ကိုယ့်မှာ စီးပွားရေးအိုင်ဒီယာတစ်ခု ရှိထားတယ်ဆိုရင် ဒီအချိန်ဟာ ဒါကို တကယ်အကောင်အထည်ပေါ်လာအောင် စီစဉ်ဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံးကိုယ်သွားမယ့် လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဘာတွေလိုအပ်မယ်၊ ဘယ်လိုပြဿနာ တွေကို ရင်ဆိုင်ရမယ်၊ ဘယ်လောက်အထိ ဈေးကွက်ရှိနိုင်တယ်၊ ကိုယ်လိုမျိုး ဘယ်ကုမ္ပဏီတွေက ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်ဘက်က ဘာတွေ လုပ်နိုင်မလဲ ရှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ထုတ်နေဖို့ ပါပဲ။

(၂) အစီအစဉ်တစ်ခု ဆွဲပါ

စီးပွားရေးအစီအစဉ်တစ်ခု ရေးဆွဲဖို့ က ဒုတိယအဆင့်ပါ။ ခေါင်းထဲက စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံ တစ်ခုကို ချမှတ်ရပါမယ်။ ဒီထဲမှာ တစ်ခြားသူတွေဆီက ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့် စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ရေးဆွဲဖို့ လိုပါတယ်။

(၃) ငွေကြေးကို စီမံပါ

လုပ်ငန်းတစ်ခုထောင်ဖို့ အတွက် ပိုက်ဆံအများကြီး မလိုပေမဲ့ လုပ်ငန်းကနေ အမြတ်မထွက်ခင်ကြားကာလမှာတော့ ဒီလုပ် ငန်းပေါ် သုံးစွဲရတာတွေ ရှိပါတယ်။ လုပ်ငန်း လိုင်စင်ဆောင်တာ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းငှားတာ၊ marketing ဆင်းတာ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့ လိုပါတယ်။

(၄) စီးပွားရေး ပုံစံရွေးချယ်ပါ

စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား ၊ ပါတနာနဲ့ သွားမလား၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ ထွက်မလား ဆိုတာ ကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင် သလို သွားလို့ ရအောင် ဖွဲ့ စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

(၅) လုပ်ငန်းနာမည်ပေးပြီး မှတ်ပုံတင်ပါ

အလုပ်ခွင်မှာ သုံးနိုင်ဖို့ လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင် ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ် နာမည်ပေးသင့်ပါတယ်။

(၆) လုပ်ငန်းမှတ်ပုံတင်ပြီး ပါမစ်ယူပါ

ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစားကို မှတ်ပုံတင်ရုံးသွားပြီး မှတ်ပုံတင်သင့်ပါတယ်။ ဒါမှသာ နောက်ပိုင်း ကုန်အမှတ်တံ ဆိပ် မူပိုင်ခွင့်ပြဿနာ မရှိတော့မှာ ဖြစ်ပါတယ်။

(၇) ငွေကြေးစီမံပေးမယ့်စာရင်းကိုင်ပုံစံ ရွေးချယ်ပါ

အလုပ်တစ်ခု တည်ထောင်ရာမှာ ငွေကြေး အဝင်အထွက်ကို စိစစ်ပေးမယ့် စာရင်းကိုင်တစ်ယောက်လိုပါတယ်။ ဒါမှသာ လစာ၊ ဝင်ငွေ၊ အခွန်ကအစ စီမံပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် စာရင်းကိုင်စနစ်ကို ကိုယ်တိုင်ပဲ လုပ်လုပ်၊ ကျွမ်းကျင်သူ စာရင်းကိုင်တစ်ယောက်ပဲငှားငှား ပြဿနာမရှိပါဘူး။ တစ်ချို့ဆို စာရင်းကိုင်ဆော့ဖ်ဝဲလ်သုံးတာလည်း ရှိပါတယ်။

(၈) လုပ်ငန်းတည်နေရာကို သတ်မှတ်ပါ

စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်နိုင်ဖို့ လုပ်ငန်းနေရာသတ်မှတ်ဖို့ လည်း အရေးကြီးပါတယ်။ ရုံးခန်းနေရာ ရွေးရာမှာ အိမ်မှာ ဖြစ်စေ တစ်ခြားစီးပွားရေးလုပ်ငန်းခွင်တစ်နေရာမှာ ငှားပြီး ဖြစ်စေ နေရာသတ်မှတ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့ စီးပွားရေးနဲ့ ကိုက်ညီတဲ့ အလုပ်နေရာမျိုး ဖြစ်ဖို့ ပါပဲ။

(၉) အလုပ်ခွင်ဝင်ဖို့အဆင်သင့်ဖြစ်နေပါစေ

ဒီအဆင့်မှာတော့ ဝန်ထမ်းတွေ ငှားပြီး အလုပ်တစ်ခု စတင်ရမယ့် အချိန်ပါပဲ။ တကယ်လို့ဝန်ထမ်းမငှားပဲ ကန်ထရိုက်စနစ် နဲ့ သွားမယ်ဆိုရင်လည်း ဒီအဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး ဖြစ်ရမှာပါ။

(၁၀) သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို မြှင့်တင်ပါ

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်လည်ပတ်ပြီ ဆိုတာနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ လိုလာပါပြီ။ ဒီအတွက် ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များ သုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးထူထောင်မှုမှာ လိုအပ်တဲ့ လှုပ်ရှားမှုတွေ လုပ်နေရပါမယ်။ ဒါတွေကတော့ တစ်ဆင့်ချင်း သွားရမှာပါ။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service