အင်္ဂလန်နိုင်ငံမှ တိမ်းစောင်းပေးနိုင်သော လူကူးတံတားကြီး

အင်္ဂလန်နိုင်ငံမှ တိမ်းစောင်းပေးနိုင်သော လူကူးတံတားကြီး - Property News in Myanmar from iMyanmarHouse.com
8 Aug 2017 10:55 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံတွင် တောင်ဘက် ကမ်းပါးရှိ ဂိတ်စ်ဟတ်မြို့ဆိပ်ကမ်းနှင့် မြောက်ဘက်ကမ်းပါးရှိ နယူးကာဆယ်ဆိပ်ကမ်းကြား Tyne မြစ်ကိုဖြတ်၍ အများပြည်သူဖြတ်သန်းသွားလာရန်နှင့်စက် ဘီးသမားများအတွက်တည်ဆောက်ထားသော Gateshead Millennium တံတား သည် တိမ်းစောင်းပေးနိုင်သည်။

၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဗိသုကာပညာရှင် Wilkson Eyre နှင့် အင်ဂျင်နီယာ Gifford တို့၏ဒီဇိုင်းဖြစ်သည်။ တံ တား၏ပုံသဏ္ဌာန်နှင့် တိမ်းစောင်းနေပုံ တို့ကြောင့် Winking Eye Bridge ဟုလည်း ခေါ်ဆိုကြသည်။ Millennium Commission နှင့် European Regional Development Fund တို့က ဒေါ်လာ ၂၉ သန်းအကုန်အကျခံကာ Volker Stevin ကုမ္ပဏီက တည်ဆောက်ပေးခဲ့သည်။

အချင်း ၁၈ လက်မရှိသော ဟိုက်ဒရောလစ်မောင်းတံခြောက်ခုက တံတားအောက်မှလှေငယ်များ ဖြတ်သန်းနိုင်ရန် တံတားကြီးကိုမတင်ပေးနိုင်သည်။ တံတား၏တစ်ဖက်စီတွင် မောင်းတံသုံးခုစီ ရှိပြီး တစ်ခုစီကို ၅၅ ကီ လိုဝပ်လျှပ်စစ်ဓာတ်အားသုံးမော်တာဖြင့် စွမ်းအင်ပေးထား သည်။ တံတားသည် လေတိုက်နှုန်းပေါ် တွင်မူတည်၍ ၄၀ ဒီဂရီ တိမ်းစောင်းပေးရန် ၄ မိနစ်ခွဲခန့်ကြာမြင့်တတ်သည်။ တံတားတိမ်းစောင်းသည့်အချိန်များကို တံတား ပေါ်တွင်ရေးသားထားပြီး ဂိတ်စ်ဟတ်ကောင်စီ၏ဝက်ဘက်ဆိုက်ဒ်တွင်လည်း ကြည့်ရှုနိုင်သည်။

တံတားကြီး၏ထူးခြားသည့်ဒီဇိုင်းကြောင့် Wilkson Eyre သည် ၂၀၀၂ ခုနှစ်တွင် Royal Institute of British Architects Stirling ဆု၊ Gifford သည် ၂၀၀၃ ခုနှစ်တွင် IStructE Supreme ဆုနှင့် ၂၀၀၅ ခုနှစ်တွင် တံတားကြီးသည် International Association for Bridge and Structural Engineering မှချီးမြှင့်သော Oustanding Structure ဆုကိုရရှိခဲ့သည်ဟု သိရသည်။

Credit: Pyi Myanmar
အင်္ဂလန်နိုင်ငံမှ တိမ်းစောင်းပေးနိုင်သော လူကူးတံတားကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံမှ တိမ်းစောင်းပေးနိုင်သော လူကူးတံတားကြီး - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံမှ တိမ်းစောင်းပေးနိုင်သော လူကူးတံတားကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service