နှစ်ရှည် မြေငှားရမ်းထားပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်သဖြင့် အခွန်ရလမ်း ပိတ်၊ ပြည်ပရင်းနှီးမြှုပ်နှံသူ များလာပါက ပေါင်းစားလို့ရအောင် နေရာ ဦးထားကြသူများနေ

နှစ်ရှည် မြေငှားရမ်းထားပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်သဖြင့် အခွန်ရလမ်း ပိတ်၊ ပြည်ပရင်းနှီးမြှုပ်နှံသူ များလာပါက ပေါင်းစားလို့ရအောင် နေရာ ဦးထားကြသူများနေ - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 9:48 am တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး
အင်မတန် သက်သာသောဈေးနှုန်းများဖြင့် နှစ်ရှည်မြေငှားရမ်းထားပြီး ရင်းနှီးမြှုပ်နှံ မှုမလုပ်သဖြင့် အခွန်ရလမ်းပိတ်နေ ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများလာပါက ပေါင်းစားလို့ရအောင် နေရာဦးထားကြသူများနေသဖြင့် စိစစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဇူလိုင် ၁၁ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ မှပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်းပြီး ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များဆွေး နွေးရာ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်စန်းလှိုင်က အခွန်ရငွေ ပိုင်းနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ဟိုတယ် လုပ်ငန်းတွင် ရသင့်ရထိုက်သည်ထက် နည်းလွန်းနေသဖြင့် ပြန်လည်စိစစ် ရန်အကြံပြုခဲ့သည်။ ''ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အခွန်တွေ၊ လိုင်စင် ကြေးတွေ၊ ငှားရမ်းခတွေကို ဖော်ပြလိုပါတယ်။ ဌာနအနေနဲ့ ကြိုးစားမှုကြောင့် အခွန်ဝင်ငွေ နှစ်ဆလောက်နီးနီးတိုး တက်လာတာကို ကျေနပ်စရာတွေ့ရ ပါတယ်။ ဒါပေမဲ့ ငှားရမ်းလုပ်ကိုင် နေတဲ့နိုင်ငံပိုင် ဟိုတယ်လုပ်ငန်းတွေ ကိုကြည့်တဲ့အခါ အချို့မှာရသင့်တာထက် နည်းလွန်းနေတာတွေ၊ တကယ်အလုပ်မလုပ်တာ၊ ကြွေးကျန်များလွန်း နေတာတွေ့ရတာမို့လို့ ပြန်လည်စိစစ်ပြီးဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ် တော်ကြီးကနေ အကြံပြုလိုပါတယ်''ဟု ဒေါ်ခင်စန်းလှိုင်ကဆိုသည်။ ဥပမာအနေဖြင့် ရန်ကုန်မြို့ ကရဝိက်ခန်းမကို တစ်နှစ်ငှားရမ်းခ ကျပ် ၃၅ သန်းဖြင့် ၂ဝ၁၉ ခုနှစ်အထိ ငှားရမ်းထားခြင်း၊ လက်ခုပ်ကုန်းကမ်း ခြေဟိုတယ်ကို တစ်နှစ်သန်း ၂ဝ ဖြင့် ငှားရမ်းထားခြင်း၊ ပြင်ဦးလွင်ရှိ နန်း မြိုင်ဟိုတယ်မှ ကြွေးသိန်းပေါင်း ၁၂ဝဝဝ ကျော်ရရန်ရှိခြင်း စသည်များကို ပြန် လည် စိစစ်ငှားရမ်းခြင်းများပြုလုပ် ရန် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

''အလျဉ်းသင့်လို့ပြောရမယ်ဆိုရင် ဒီဟိုတယ်လုပ်ငန်းမှမဟုတ်ပါဘူး။ အခြားသောပြည်ထောင်စုဝန်ကြီးဌာနတွေမှာလည်းပဲ အင်မတန်သက်သာတဲ့ဈေးနှုန်းနဲ့ နှစ်ရှည်မြေငှားထားတာတွေ၊ ဒီထက်ဆိုးတာက အဲဒီ မြေပေါ်မှာ ကတိကဝတ်အတိုင်း ရင်းနှီးမြှုပ်နှံမှုမလုပ်တာတွေက အခွန်ရလမ်းကို ပိတ်ဆို့နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကိုသာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။ မြေ၊ ရေ၊ လျှပ်စစ်အခြားအသုံးချမှုအလိုက် အခွန်တွေရမယ်။ ထုတ်ကုန်တွေအလိုက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်တွေရမှာ ဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် မှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေလာရင် ပေါင်းစားလို့ရအောင် နေရာဦးထားကြတဲ့သူတွေသာများနေတာရှိပါတယ်။ ဒါတွေကိုစိစစ်ပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေကို ပေးမယ်ဆိုရင် တိုင်းပြည်အတွက်လည်းအကျိုးရှိမယ်''ဟု ဒေါ်ခင်စန်းလှိုင်က ထပ်လောင်းပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ''ပြင်သင့်ပြင်ထိုက်တဲ့ကိစ္စတွေ ကိုပြင်ဖို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဒေါ်ခင်စန်းလှိုင်၏ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က အစိုးရအ နေဖြင့် အခွန်ကောက်ခံမှုအပိုင်းကို ကြိုးစားဖော်ဆောင်သင့်ပြီး အခွန်တိမ်းရှောင်မှုများကို ကြိုးစားဖော် ထုတ်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြုပြင်ပြီး ရည်မှန်းချက် ကျပ် ၆၅၁၂ ဘီလီယံဖြစ်ပြီး အမှန်ကောက်ခံရရှိ မှုမှာ ၇၁၂၂ ဘီလီယံရှိကာ တစ်နှစ်လုံးရည်မှန်းချက်အပေါ် ၁ဝ၉ ဒသမ ၃ ရာခိုင်နှုန်းဆောင်ရွက်နိုင် ကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service