အပိုရှယ်ယာဝေစုနှင့် အမြတ်ငွေပေးမည်ဟု ကြေညာပြီးနောက် FMI ရှယ်ယာဈေးမြင့်တက်လာ

အပိုရှယ်ယာဝေစုနှင့် အမြတ်ငွေပေးမည်ဟု ကြေညာပြီးနောက် FMI ရှယ်ယာဈေးမြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
10 Jul 2017 9:55 am တွင် တင်ခဲ့သည်
1530 ကြိမ် ကြည့်ရှု့ပြီး
Bonus Share (အပို ရှယ်ယာဝေစု)နှင့် အမြတ်ငွေပေး မည်ဟု ကြေညာ ပြီးနောက် FMI ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းသည် တစ်ပတ်အတွင်း ၁၁ ရာခို င်နှုန်း ကျော် မြင့်တက်လာကြောင်း သ တင်းရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ပထမဦးဆုံး စာရင်းဝင် ကုမ္ပဏီဖြစ်သည့် FMI ကုမ္ပဏီ သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း ရရှိသည့် ၀င်ငွေ၏ ၂၀ ရာ ခိုင်နှုန်းခန့်ကို အမြတ်ဝေစုအ ဖြစ် ရှယ်ယာရှင်များအား ခွဲဝေပေးမည်ဟု ဇူ လိုင် ၁ ရက်၌ ကြေညာခဲ့သည်။

ယင်းသို့ ကြေညာပြီးနောက် FMI ရှယ်ယာတစ်စုလျှင် ဇွန်လ ၃၀ ရက်က ကျပ် ၁၃,၅၀၀ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၇ ရက်တွင် ကျပ် ၁၅,၀၀၀ ပေါက်ဈေး ရှိခဲ့ခြင်းဖြစ်သည်။

FMI အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စုစုပေါင်းဝင်ငွေ ကျပ် ၁၀၀ ဘီလီ ယံမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဝင်ငွေ ကျပ် ၁၆၁ ဒသမ ၃ ဘီလီ ယံသို့ တိုးတက်ခဲ့ကြောင်း ယင်းကုမ္ပဏီ က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုမ္ပဏီ၏ ရှယ် ယာတစ်စု ၀င်ငွေသည် ၄၀၇ ကျပ်မှ လက်ရှိ ဘဏ္ဍာနှစ်တွင် ၅၁၈ ကျပ်သို့ ၂၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟုဆို သည်။

သို့သော် FMI ကုမ္ပဏီသည် လုပ်ငန်းတိုးချဲ့ဆဲဖြစ်၍ အမြတ် ငွေများကို ထပ်မံ တိုးချဲ့ရေး အ သုံးပြုရန် ရည်ရွယ်ထား၍ အ မြတ်ငွေများအစား အစုရှယ်ယာ ၁၀ စုလျှင် ရှယ်ယာတစ်စု ထုတ် ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ထားသည်။ ထို့အပြင် ရှယ်ယာတစ်စုလျှင် Bonus (ဆုကြေးငွေ) ၁၀၀ ကျပ် ပေးမည်ဟု ဆိုသည်။

FMI ကုမ္ပဏီသည် ယခင်နှစ် တွင် ရှယ်ယာတစ်စုလျှင် အမြတ်ငွေ ၁၃၅ ကျပ် ပေးခဲ့သည်။

‘‘ရှယ်ယာကို လိုချင်လာ အောင်၊ ၀ယ်ချင်လာအောင် ဦး သိမ်းဝေက ဖန်တီး လိုက်တာလို့ မြင်တယ်။ FMI က အလားအလာ ကောင်းတွေ ပိုင်ဆိုင်ထား တယ်။ ဒါကို ထပ်ပြီး ရှယ်ယာခွဲပေးလိုက် တော့ ပိုပြီး စိတ်ဝင်စားလာကြ တယ်’’ဟု FMI ရှယ်ယာပိုင်ရှင် ဦးလှမောင်ကပြောသည်။

FMI ကုမ္ပဏီအုပ်စုအနေဖြင့် ဘဏ္ဍာရေး ၀န်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော် ထုတ် တည်ဆောက် မှုကဏ္ဍနှင့် ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နေသည့် အပြင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများကို ဆောင်ရွက်ေ နသည်။

လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် ကျန်စာရင်းဝင်ကုမ္ပဏီ ဖြစ်သည့် သီ လ၀ါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ (MTSH) က ရှယ်ယာတစ်စု လျှင် ကျပ် ၂၆၀၊ မြန်မာနိုင်ငံသားများဘဏ် က အမြတ်ဝေစု ၃၀၀ ကျပ်နှင့် ပထမ ပုဂ္ဂလိကဘဏ်က အမြတ် ငွေ ကျပ် ၂,၀၀၀ ပေးမည်ဟု ကြေညာထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service