၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ငွေကျပ် ၁၆ ဘီလီယံခန့် အသုံးပြု၍ ဝန်ထမ်းအိမ်ရာ ၄၃ လုံး ဆောက်လုပ်သွားမည်

၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ငွေကျပ် ၁၆ ဘီလီယံခန့် အသုံးပြု၍ ဝန်ထမ်းအိမ်ရာ ၄၃ လုံး ဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
28 Jun 2017 9:59 am တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နှင့်ညှိနှိုင်း လျက်ရှိသဖြင့် ကျေးရွာသစ်များနှင့် ရပ်ကွက်သစ်များကို ဖော်ထုတ်ချ ထားပေးရန် အစီအစဉ်မရှိသေးကြောင်း နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ နေပြည်တော်စည်ပင် သာယာရေးကော်မတီက စီမံကိန်းအကောင်အထည်မဖော်နိုင်သောမြေများကို ပြန်လည်သိမ်းဆည်းကာ နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက် ခိုင်မာတိကျသော မူဝါဒရေးဆွဲအကောင်အထည်ဖော်ရန်နှင့် ကျေးရွာသစ် များနှင့် ရပ်ကွက်သစ်များဖော်ထုတ်၍ နေရာချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဖော်ထုတ်ထားခြင်း မရှိသည့်မြေများအား အနာဂတ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်စည်ပင် သာယာရေး ဥပဒေနှင့်အညီ အရန်မြေများအဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ဖြည့်ဆည်းပေးရန် ဌာနဆိုင်ရာများက မြေနေရာလိုအပ်ချက် တောင်းခံလာပါက စိစစ်ချထားပေးခဲ့ပါကြောင်း။
နေပြည်တော်စည်ပင်ယာရေးကော်မတီက ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ငွေကျပ် ၁၆ ဘီလီယံခန့် အသုံးပြု၍ ဝန်ထမ်းအိမ်ရာ ၄၃ လုံး ဆောက်လုပ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ့အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာများလည်း ဆက်လက်ဆောက်လုပ်ရန် အကောင်အထည်ဖော် နေသည့် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ပြင် ၄င်းကအဆင့်မြင့်ပညာရေးများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး သင်ကြားနိုင်သည့်အခွင့်အလမ်းများ၊ နိုင်ငံတကာအဆင့်မီ ပညာရေး အဆောက် အအုံများ တည်ရှိရာဗဟိုချက်အဖြစ် ဖြည့်ဆည်းဖော်ထုတ်ရန်၊ အိမ်နီးချင်း နိုင်ငံများနှင့်ချိတ်ဆက်ပေးနိုင်သည့် ဗဟိုလေကြောင်း သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ မြို့တော်အဖြစ်ဖော်ထုတ်ရန်၊ ရာသီဥတုပြောင်း လဲမှု ဒဏ်ခံနိုင်ရည်အား ဖြည့်ဆည်းထားသည့် မြို့တော်အဖြစ်ဖော်ထုတ်ရန် စသည့်အခြေခံမူများ အပေါ်မူတည်ပြီး နေပြည်တော်ကိုတည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း ရှင်းလင်းပြောကြားသည်။

အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၏ သားသတ် လုပ်ငန်းလိုင်စင်များနှင့် သားငါးရောင်းချခွင့်လိုင်စင်များသည် ဒေသတစ်ခု အတွက် လိုင်စင်(၁)ခုသာခွင့်ပြုသောကြောင့် လေလံရရှိသူက လက်ဝါးကြီး အုပ်ကာ အသားဈေးကွက်အား ချုပ်ကိုင်လွှမ်းမိုးခွင့်ရရှိနေပါသဖြင့် သားငါးဈေးနှုန်း ကျဆင်းရေးအတွက် လေလံကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ်သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ ပေးခဲ့ပါကြောင်း၊ ဝင်ငွေပိုမိုရရှိခဲ့သော်လည်း ဈေးအများဆုံးပေးသူကို လေလံချထားပေးခြင်းကြောင့် အသားဈေးကွက်ကို တစ်ဦးတစ်ယောက်တည်းကသာ ချုပ်ကိုင်လုပ်ပိုင်ခွင့် ခွင့်ပြုသည့် အခြေအနေဖြစ်ပေါ်ခဲ့ပါကြောင်း။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစ၍ သားသတ်လုပ်ငန်းလုပ်ကိုင်ခွင့်ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းမပြုတော့ပါကြောင်း၊ မြို့အနေ အထား၊ ဈေးအနေအထားအလိုက် စားသုံးသူတို့ လိုအပ်ချက်အရ ဈေးတစ်ဈေးတွင် အသားတစ်မျိုးမျိုးအတွက် သားသတ်လုပ်ငန်း လိုင်စင် တစ်ခုသာ ခွင့်ပြုမည့်အစား သားသတ်လုပ်ငန်းလိုင်စင်လုပ်ကိုင်လိုသူဦးရေ ကန့်သတ်မထားဘဲ နာမည်ပျက်စာရင်းမရှိသူ၊ ပြစ်မှုကင်းရှင်းသူ၊ သတ်မှတ် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား မည်သူကိုမဆို ဘဏ္ဍာနှစ်တစ်နှစ်အတွက် သတ်မှတ်ကြမ်းခင်းဈေးအား အညီအမျှခွဲဝေ၍ လိုင်စင်ဝယ်ယူသူ အရေအတွက်အလိုက် တိုက်ရိုက်ရောင်းချဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်အသီးသီးတွင် နှစ်စဉ်သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ သားသတ်လုပ်ငန်းလုပ်ကိုင်လို သူများမှ အချိုးကျပေးသွင်းစေပြီး လုပ်ကိုင်ခွင့်ပြုသည့်စနစ်ကို ပြောင်းလဲ အသုံးပြုလျက်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစ၍ သားသတ်လုပ်ငန်းများကို အချိုးကျခွဲဝေလုပ်ကိုင်ခဲ့သည့် စနစ်မှာ ဝင်ငွေလျော့နည်းလာခြင်း၊ ခွဲဝေလုပ်ကိုင်သူများမှလည်း ယခင်သား သတ်လုပ်ငန်းလုပ်ကိုင်သူများ၏ ဆွေမျိုးသားချင်းများသာ လုပ်ကိုင် ကြခြင်းကြောင့် ယှဉ်ပြိုင်ရောင်းချမှုမရှိခြင်း၊ လုပ်ကိုင်သူများပြား လာသည့် အတွက် သားကောင်အရေအတွက် ပိုမိုသတ်ဖြတ်လာသောကြောင့် စစ်ဆေးကြပ်မတ်မှု ပိုမိုဆောင်ရွက်ရခြင်း၊ အရေးယူမှုပိုမိုပြုလုပ်ရခြင်းစသည့် အားနည်းချက်များ ဖြစ်ပေါ်လာပါသဖြင့် သားသတ်လုပ်ငန်းလိုင်စင်များကို လေလံစနစ်ဖြင့် လေလံတင်ရောင်းချခဲ့ပါကြောင်း ဖြေကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ခန်းမအား မည်သည့်အတွက်ကြောင့် ပုဂ္ဂလိက အဖွဲ့ အစည်းတစ်ခုအား ငှားရမ်းခဲ့ပါသနည်း။ မည်သည့်ဈေးနှုန်းဖြင့် ငှားရမ်းခဲ့ပါ သနည်း။ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်အခမ်းအနားများ၊ ပညာပေးပြခန်းများနှင့် အများပြည်သူနှင့်သက်ဆိုင်သော တွေ့ဆုံပွဲများ ပြုလုပ်နိုင်ရန် မြို့နယ်ခန်းမ အား ပြန်လည်တောင်းယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက Forever Group Co.,Ltd. မှ ၄င်းတို့အနေဖြင့် ပြည်သူအကျိုးပြုရုပ်သံလိုင်းများနှင့် ဆက်စပ်ရိုက်ကူးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ခန်းမ နေရာနှင့် ခန်းမတည်ရှိရာဝန်းအား ငှားရမ်းခွင့်ပြုရန် အဆိုပြုတင်ပြခဲ့သည့် အတွက် ခွင့်ပြုခဲ့ပါကြောင်း။

၎င်းတို့အစီအစဉ်ဖြင့် ခန်းမကြီးအား မူလပုံသဏ္ဌာန်မပျက် ပြုပြင်ပြီး အဆင့်မီရိုက်ကူးရေးလုပ်ငန်းများအတွက် စတူဒီယိုတည်ဆောက်ရန်နှင့် ဒေသ ဆိုင်ရာ၊ ဌာနဆိုင်ရာ အခမ်းအနားများကိုလည်း တစ်လ(၂)ကြိမ် အခမဲ့ ဆောင်ရွက်ခွင့်ပြုရန်လည်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ ငှားရမ်းရာ တွင်လည်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တစ်ဆက်တည်း ငါးနှစ်ကို နှစ်စဉ်သက်တမ်းတိုးစာချုပ်စနစ်ဖြင့် ကနဦးနှစ်အတွက် တစ်လလျှင်ငှားရမ်းခ ကျပ်သိန်း ၅ဝ၊ နောင်နှစ်များအတွက်ငှားရမ်းခအား ငါးရာခိုင်နှုန်းတိုးမြှင့်ပေးရန် သဘောတူ ငှားရမ်းထားပါကြောင်း ဖြေကြားသည်။

ထို့ပြင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဥာဏ်ဟိန်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ပေးရေး၊ ရှေးဟောင်းဘုရား ဆင်းတုတော်များ စာရင်းကောက်ယူရေး၊ ဝါခရူမြို့ဟောင်းအား ထိန်းသိမ်းစောင့် ရှောက်ပေးရေး၊ သိမ်းဆည်းခံလယ်မြေများ နစ်နာကြေး ရရှိရေး၊ ဆန်နှင့်စက်သုံးဆီ အမျိုးမျိုး လွတ်လပ်စွာသယ်ယူခွင့်ပြုရေး၊ မြို့နယ်တိုင်းတွင် သားသတ်ရုံများကို စနစ်တကျ ဆောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းတို့က ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏အစီရင်ခံစာနှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ ''ပြည်သူ့ငွေစာရင်းကိုင်များပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း''အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service