ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု

ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
23 Jun 2017 10:56 am တွင် တင်ခဲ့သည်
1808 ကြိမ် ကြည့်ရှု့ပြီး
သစ်ပင်တွေပေါ်မှာ သစ်သားအိမ်လေးဆောက်ပြီး တစ်ကိုယ်တော်နေချင်မိတဲ့စိတ်ကူးဟာ ကလေးဘဝအိပ်မက်ပါပဲ။ သစ်ပင်တွေပေါ်မှာ ဆောက်လုပ်ထားတဲ့အိမ် (tree house) လေးတွေ
ကို ကမ္ဘာအနှံ့ဟာ ဟိုတယ်အဖြစ်နဲ့ ဖွင့်လှစ်ထားတာတွေရှိတယ်။

ခရီးသွားသူတွေအတွက် အားထားရတဲ့ ဟိုတယ်အကြောင်းတွေဖော်ပြရာ Hotels.com ဝက်ဘ်ဆိုက်က တည်းခိုသူတွေအကြိုက် ကမ္ဘာ့အကောင်းဆုံး tree house ဟိုတယ် ၁၀ ခုကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။

(၁၀) Daintree Eco Lodge & Spa

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်မြောက်ပိုင်းက အမြဲစိမ်းတောတွင်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ တစ်ညတာ တည်းခိုစရိတ်က ၂၀၁ ပေါင် ပေးရပါတယ်။

(၉) Eureka Springs Treehouses

တစ်ညတည်းခိုခ ပေါင် ၁၁၀ ပေးရတဲ့ ဒီနေရာလေးဟာ နာမည်ကျော်မြို့တွေရဲ့ အငွေ့အသက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဗင်းနစ်၊ နယူးယော့ခ်၊ ပါရီတို့လို အခန်းနာမည်လေးတွေ ပေးထားသတဲ့။

(၈) Silky Oaks Lodge Mossman

ဒါလည်းပဲ သြစတြေးလျမှာရှိတယ်။ တစ်ညကို ပေါင် ၂၄၀ ပေးရတဲ့ treehouse ဟိုတယ်က စိတ်ကိုအားသစ်လောင်းပေးနိုင်တဲ့ spa ကြောင့် ရောက်ဖူးသူတိုင်း သဘောကျကြတယ်။ Great Barrier Reff ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်တဲ့နေရာပါ။

(၇) Aqua Wellness Resort

နီကာရာဂွာရဲ့ မြကမ်းရိုးတမ်း (Emerald Coast) မှာ တည်ရှိတဲ့ ဟိုတယ်ပါ။ တောတောင်ရဲ့အလှအပနဲ့ ပင်လယ်ရဲ့အလှအပကို နှစ်မျိုးလုံး ခံစားရမှာဖြစ်ပါတယ်။ သစ်လုံးအိမ်လေးတွေသဏ္ဍန် ဆောက်လုပ်ထားပုံက သဘာဝကျကျပါပဲ။ ရေကန်သေးသေးလေးတွေ သီးသန့်ထည့်ထားပေးသေးတယ်။ တစ်ညကို တည်းခိုစရိတ် ၁၄၉ ပေါင် ဖြစ်ပါတယ်။

(၆) Japamala Resort

မလေးရှားနိုင်ငံ Tioman ကျွန်းမှာ တည်ရှိပါတယ်။ တောင်တရုတ်ပင်လယ်ကို ထိတွေ့ခံစားနိုင်မှာဖြစ်သလို ဟိုတယ်ကိုသွားမယ်ဆို လှေနဲ့သွားမှရောက်ပါတယ်။ တစ်ညကို ၁၃၄ ပေါင်လောက် ပေးရသတဲ့။

(၅) Tsala Treetop Lodge

တောင်အာဖရိက တောထဲက Plettenberg ပင်လယ်အော်နားမှာ ဆောက်လုပ်ထားတဲ့ဟိုတယ်ပါ။ တည်းစရိတ်က တစ်ညကို ၃၇၆ ပေါင် ပေးရတာဆိုတော့ ဈေးအတော်များတဲ့အထဲမှာပါတယ်။ ဟိုတယ်က အခန်းတွေအားလုံးမှာ spa bathroom တစ်ခုစီ ပါဝင်ပါတယ်။ ရေကူးကန်ကလည်း နာမည်ကြီးပါတယ်။

(၄) Four Seasons Resort

ကိုစတာရီကာနိုင်ငံက လေးရာသီအပန်းဖြေစခန်းပါ။ အိပ်မက်ဆန်တဲ့ရှုခင်းက လူကို မင်သက်အံ့သြသွားစေလောက်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၀ အမြင့်မှာ တည်ရှိတာက ပိုပြီးတော့ ထူးခြားတာပါ။ တည်းခိုစရိတ်က တစ်ညကို ၃၇၆ ပေါင် ဝန်းကျင် ပေးရပါတယ်။

(၃) Azulik Adults Eco-Resort & Maya Spa

မက္ကဆီနိုင်ငံ တူလမ်ဒေသက Azulik Adults အပန်းဖြေစခန်းက တောတွင်းလူသားဘဝ ရောက်သွားသလို ခံစားရစေလိမ့်မယ်။ လုံးဝကို သဘာအတိုင်းပဲ။ တစ်ညကို ၂၀၁ ပေါင် ပေးရတယ်လို့ သိရပါတယ်။

(၂) Tree Hotel

ဆွီဒင်နိုင်ငံက Tree Hotel ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတဲ့ ဟိုတယ်လေးဖြစ်ပါတယ်။ ပုံစံကိုကြည့်ရတာ သည်းထိတ်ရင်ဖိုဒီဇိုင်းနဲ့ပါ။ တည်းမယ်ဆိုရင် တစ်ညကို အနည်းဆုံး ၄၂၈ ပေါင် ပေးရမယ်လို့ဆိုတယ်။

(၁) Keemala

ခရီးသွားတွေအကြိုက်ဆုံး tree house ဟိုတယ်ကတော့ ထိုင်းနိုင်ငံမှာ တည်ရှိပါတယ်။ ထိုင်းနိုင်ငံက ငှက်သိုက်ဟိုတယ်ဟာ tree house ဟိုတယ်တွေထဲမှာ ခရီးသွားတွေ အနှစ်သက်ဆုံးအဖြစ် မဲပေးရွေးချယ်ခံထားရတာပါ။ သစ်တောကြီးရဲ့သဘာဝကို မြင်တွေ့ခံစားရနိုင်မယ့်အပြင် ရေကူးကန်ကလည်း တကယ့်ကို စိတ်လှုပ်ရှားချမ်းမြေ့စေအောင် ထည့်သွင်းထားပြန်တယ်။ တည်းခိုစရိတ်အနေနဲ့ တစ်ညကို ပေါင် ၃၀၀ နဲ့အထက် ပေးရပါလိမ့်မယ်။

Credit: : Metro
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကောင်းဆုံး Tree House ဟိုတယ် (၁၀) ခု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service