မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ အဆောက်အအုံများနှင့် အခြားဆိပ်ခံတံတားများ ငှားရမ်းဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး တင်ပြရှင်းလင်း

မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ အဆောက်အအုံများနှင့် အခြားဆိပ်ခံတံတားများ ငှားရမ်းဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး တင်ပြရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
16 Jun 2017 10:19 am တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ အဆောက်အအုံများနှင့် အခြားဆိပ်ခံတံတားများ ငှားရမ်းဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ် သက်ပြီး ဇွန် ၁၄ ရက် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် မေးမြန်းထားမှုအား မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရွှေမြင့်က လွှတ်တော်သို့ တင်ြ ပရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ပိုင်မြေ၊ အဆောက်အအုံများနှင့် အခြားဆိပ်ခံတံတားများ ငှားရမ်းေ ဆာင်ရွက်ထားမှုနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင် ဥယျာဉ်အတွင်းရှိ Ocean Shopping Mall တည်ဆောက်ထားခြင်း၊ စည်ပင် အဖွဲ့ပိုင် မြေပေါ်ရှိ အဆောက်အအုံငှားရမ်းခြင်းနှင့် ပတ်သက်ပြီး နှစ် ၂၀ ငှားရမ်းထားကာ နှုန်းထားအဖြစ် ပထမ ငါးနှစ်တွင် တစ်လလျှင် ကျပ်သိန်း ၃၀ နှုန်း၊ ဒုတိယငါးနှစ်တွင် တစ်လလျှင် ကျပ် ၄၅ သိန်းနှုန်း၊ ကျန် ၁၀ နှစ် အတွက် ပြန်လည်ညှိနှိုင်း သတ်မှတ်မည်ဖြစ်ကြောင်းနှင့် စာချုပ်အား (၄.၉.၂၀၁၃) တွင် ချုပ်ဆိုထားခဲ့ကြောင်း၊ အလားတူသံလွင်ဥယျာဉ် အတွင်းရှိ News Sky စားသောက်ဆိုင်၊ ရေကူးကန်နှင့် မင်္ဂလာခန်းမအတွက် မြေကို တစ်လလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် နှစ် ၆၀ ငှားရမ်းထားကြောင်းနှင့် စာချုပ်အား (၈.၇. ၁၉၉၀) တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းချက်အရ သိရသည်။


ထို့ပြင် စားသောက်ခန်း မတည်ဆောက်ဖွင့်လှစ်ရန် မော်လမြိုင်မြို့ ကမ်းနား လမ်းရှိ မြို့မဆိပ်ခံတံတားအကြီးစား မွမ်းမံပြင်ဆင် တည်ဆောက်ရေး လုပ် ငန်းနှင့် ပတ်သက်ပြီး အဆောက်အအုံငှားရမ်းခြင်းနှင့် ပတ်သက်ပြီး နှစ် ၂၀ ငှားရမ်းထားကာ နှုန်းထားအဖြစ် ပထမငါးနှစ်တွင် တစ်လလျှင် ကျပ်နှစ် သိန်း နှုန်း၊ ဒုတိယ ငါးနှစ်တွင် တစ်လလျှင် ကျပ်သုံးသိန်းနှုန်း၊ ကျန် ၁၀ နှစ်အ တွက် ပြန်လည်ညှိ နှိုင်းသတ်မှတ်မည်ဖြစ်ကြောင်းနှင့် စာချုပ်အား (၇.၁၂.၂၀၁၅) တွင် ချုပ်ဆိုထားခဲ့ကြောင်း ဗမာတိုင်းရင်းသားဝန်ကြီး ဦးရွှေမြင့်၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။

ထို့အတူ စားသောက်ဆိုင်နှင့် အရောင်းပြခန်းများ ဖွင့်လှစ်ရန် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ထားဝယ်တံတား ဆိပ်ခံတံတားအကြီး စားမွမ်းမံပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး တစ်လလျှင် ကျပ်တစ်သိန်း နှုန်ြး ဖင့် ရှစ်နှစ်ငှားရမ်းထားခြင်း ဖြစ်ကြောင်း၊ စာချုပ်အား (၁၄.၃.၂၀၁၂) တွင် ချုပ်ဆိုထားခဲ့ကြောင်းနှင့် ဘက်စုံသုံး စားသောက်ဆိုင်နှင့် အရောင်းပြခန်း ဖွင့်လှစ်ရန်အတွက် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရာမညတံတား အဆော က်အအုံငှားရမ်းခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး နှစ် ၂၀ ငှားရမ်းထား ကာ နှုန်း ထားအဖြစ် ပထမငါးနှစ်တွင် တစ်လလျှင် ကျပ်နှစ်သိန်းနှုန်း၊ ဒုတိယ ငါးနှစ် တွင် တစ်လလျှင် ကျပ်သုံးသိန်းနှုန်း၊ ကျန် ၁၀ နှစ်အတွက် ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် ငှားမရမ်းစာချုပ်ကို မူလက (၄.၉. ၂၀၁၅) တွင် ချုပ်ဆိုခဲ့ပြီး (၇.၁၂.၂၀၁၇) တွင် ပြင်ဆင်ချုပ်ဆိုခဲ့ကြောင်း ဦးရွှေမြင့်က လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြကျွန်းသားပန်းခြံအဆင့်မြင့် တည်ဆောင်ခြင်းအတွက် တစ်လလျှင် ကျပ်သုံးသိန်းနှုန်း ဖြင့်နှစ် ၃၀ (တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးခြင်း) ဖြင့်ငှားရမ်းထားကြောင်း၊ သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သေမင်းတ မန်မီးရထားပြတိုက်နှင့် ပန်းခြံအ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် အဆောက်အအုံနှင့် မြေငှားရမ်းခြင်း ကို နှစ် ၃၀ စာချုပ်ချုပ်ဆိုထားကာ ပထမနှစ်၊ ဒုတိယနှစ်တွင် တစ်လလျှင် ကျပ် ငါးသိန်းနှုန်း၊ တတိယ၊ စတုတ္ထနှစ် နှင့် ပဉ္စမနှစ်တွင် တစ်လကျပ် ၁၅ သိန်းနှု န်း နှင့် ကျန်နှစ်များတွင် တစ်လကျပ် သိန်း ၂၀ နှုန်းဖြင့် ငှားရမ်းထားကြောင်း၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေအဆင့်မြှင့်တင်ရန်၊ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တစ်လလျှင် ကျပ် နှစ်သိန်းနှုန်း (ခေတ်ကာလနှင့် အညီစာချုပ်သစ်ချုပ်ဆိုရန်) ဖြင့် နှစ် ၃၀ (တစ် နှစ်တစ်ကြိမ် သက်တမ်းတိုြး ခင်း) ဖြင့် မြေငှားရမ်းထားပြီး (၅.၆.၂၀၁၄) တွင် အငှားစာချုပ် ချုပ်ဆိုထားခြဲ့ ခင်းဖြစ်ကြောင်း ဦးရွှေမြင့်၏ ပြောကြားချက်များအရ သိရသည်။

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မော်လမြိုင်ခရို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မမြေ၊ အဆောက်အအုံ ငှားရမ်းထားမှုများနှင့် ပတ်သက်ပြီး စာရင်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးဦးရွှေမြင့်က လွှတ်တော်သို့ ရှင်းလင်ြးေ ပာကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်သူ့အစိုးရတက်တဲ့ လက်ထက်မှာ ယခင်အစိုးရအဆက် ဆက် စီမံခန့်ခွဲခွင့်ရှိတဲ့ အချိန်မှာ တချို့နေရာတွေဆို ရောင်းလိုက်တာတွေ ရှိသလို၊ တချို့နေရာတွေ ဆိုရင်လည်း ငှားရမ်းထားတာတွေ ရှိပါတယ်။ လက်လွှဲလုပ်ဆောင်ထားတာတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူ့အစိုးရ တက် လာတော့ ပြည်သူတွေကသူတို့ မြို့နယ်တွေ၊ သူတို့ကျေးရွာတွေမှာ ဘယ်နေ ရာတွေက ဘယ်သူတွေပိုင်သလဲ။ ဘယ်နေရာတွေက အစိုးရကစီမံခန့်ခွဲခွင့် ရှိတဲ့ နေရာတွေလဲဆိုတာတွေကို အရင်ကအင်မတန်မှ မေးချင်ပေမယ့် လည်း မေးခွင့်မရတဲ့ အခြေအနေတွေရှိခဲ့တယ်။ သိချင်ပေမယ့် သိခွင့်မရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်။ လက်ရှိပြည်သူ့ အစိုးရလက်ထက်မှာ ပွင့် လင်းမြင်သာမှုကို သွားနေတာဖြစ်တဲ့အတွက် အခုလို မေးခွန်းမေးမြန်း ရြ ခင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ပေးထားတဲ့ အချက်အလက်တွေက မပြည့်စုံ ဘူး။ ကျွန်တော်တို့ လေ့လားထားသလောက် အချက်အလက်တွေအများကြီး ကျန်သေးတယ်” ဟု မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းေ မးမြန်းခဲ့သူ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းေ အာင်က ပြောကြားသည်။


Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service