သေရေးထက် နေရေး ခက်နေသည့် အိမ်ငှားများ၏ဘဝ

သေရေးထက် နေရေး ခက်နေသည့် အိမ်ငှားများ၏ဘဝ - Property News in Myanmar from iMyanmarHouse.com
9 Jun 2017 10:44 am တွင် တင်ခဲ့သည်
2805 ကြိမ် ကြည့်ရှု့ပြီး
မကြာသေးမီ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့တွင်းရှိ အိမ်ငှားရမ်း ထားသူများ အိမ်ငှားလိုင်စင် ပြုလုပ်ရမည်ဟူ၍ ပြည်သူများအကြား သတင်း ပျံ့နှံ့လာခဲ့သည်။ ထိုသတင်းစကားသည် အိမ် ပိုင်မရှိသော
အိမ်ငှားများအတွက် စိုးရိမ်ထိတ် လန့်ဖွယ်ရာ တစ်ခုသဖွယ်...။

အဘယ်ကြောင့်ဆိုရမူ အိမ်ရှင်များ အိမ် ငှားလိုင်စင်ပြုလုပ်ရပါက
ကုန်ကျစရိတ် အခွန် ဆောင်ရခြင်းကြောင့် အိမ်ငှားနေထိုင်သူများ မှာ မူလငှားရမ်းနေထိုင်ရသည့် အိမ်ငှားစရိတ် ထက် ပိုမိုကြီးမြင့်သွားမည်ကို တွက်ဆမိလိုက် ခြင်းကြောင့် ဖြစ်သည်။

ရန်ကုန်အိမ်ငှားများအတွက် သတိပြု စရာ သာဓကမှာလည်း ရှိထားနှင့်ပြီးသား ဖြစ် နေသည်။ ယင်းမှာ ၂ဝ၁၇ ခုနှစ် မတ်လက မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိ မိတ်အတွင်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် အငှားချထားသော လူနေအိမ်၊ ဘော် ဒါဆောင်နှင့် အခြားသော အဆောက်အအုံ များအတွက် အိမ်ငှားလုပ်ငန်း လုပ်ကိုင်သူ အားလုံး အိမ်ငှားရမ်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားရမည်ဟု အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် အိမ်ငှားလိုင်စင်လုပ် ကိုင်ဆောင်ရွက်ခြင်းမရှိသော အိမ်ပိုင်ရှင်များ အား မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၆ နှင့် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ(၃)တို့အရ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်နိုင်သည်ဟုလည်း ဖော်ပြထား သည်။

အိမ်ငှားလိုင်စင် လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ နေအိမ် သို့မဟုတ် မိမိပိုင်ဆိုင်သည့် မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာ ရွက်စာတမ်းနှင့် ငှားရမ်းထားသောစာချုပ်ကို ပြသ၍ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အိမ်ငှားစာချုပ်တွင် ပါဝင်သော ငှားရမ်းခတန် ကြေးငွေ၊ ငှားရမ်းထားသည့် သက်တမ်းပေါ် မူတည်ကာ နေအိမ်ငှားရမ်းခ အခွန်ငါးရာခိုင် နှုန်း ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းထုတ်ပြန်ချက် အသက် ဝင်သည့် အချိန်မှစတင်ကာ ပြောင်းလဲခဲ့သော အိမ်ငှားဈေးနှုန်းမှာ နေရေးအတွက် ပူပန်စရာ တစ်ခု တိုးလာသည်ဟု ဆိုရမတက် ဖြစ်ခဲ့ကြ သည်။

၂ဝ၁၇ ခုနှစ် မတ်လကုန်အထိ တစ်လ လျှင် ကျပ်တစ်သိန်းခွဲခန့် ငှားရမ်းခရှိသော အခန်းတစ်ခန်းမှာ လက်ရှိတွင် ကျပ်နှစ်သိန်း မှ နှစ်သိန်းခွဲအထိ ရှိနေခြင်းဖြစ်ပြီး ရှစ်သောင်း ဖြင့် ငှားရမ်းခဲ့သည့် တိုက်ခန်းများမှာလည်း ကျပ်တစ်သိန်းသုံးသောင်းမှ တစ်သိန်းခြောက် သောင်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခု ရန်ကုန်မြို့တွင် ပေါ်ပေါက်နေသော သတင်းဂယက်မှာလည်း အထက်ပါကဲ့သို့ ဖြစ်နိုင်သည့် အလားအလာကို ပြသနေပေ သည်။ သို့သော် ထိုသတင်းသည် အရပ်စကား အဖြစ်သာ ပျံ့နှံ့နေခြင်းဖြစ်ပြီး ယခုအချိန်အထိ သက်ဆိုင်ရာဌာနမှ အတည်ပြုခြင်း မရှိသေး သောကြောင့် သို့လော သို့လော အဆင့်တွင် သာ ရစ်သီနေသေးသည်ကိုလည်း တွေ့ရသည်။

''အိမ်ငှားလိုင်စင်က မန္တလေးက သူ့ဘာ သာ လုပ်တာ။ တို့နဲ့ မဆိုင်ဘူး။ တို့ စည်ပင် ဥပဒေမှာ အိမ်ငှားလိုင်စင်ဆိုတာ မရှိဘူး။ အိမ်ငှားတဲ့သူတွေကို ငှားလိုက်တယ်ဆိုရင် ရာ ပြတ်ဌာနဆိုတာ ရှိတယ်။ ရာပြတ်ဌာနကနေ ပစ္စည်းခွန်ကတက်သွားရင် တက်သွားတဲ့အပေါ် အခွန်ကောက်တာပဲ ရှိတယ်။ သီးခြား အိမ်ငှား လိုင်စင် လုပ်ပေးတာမရှိဘူး''ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေး ရာဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးကပြော သည်။

စီမံရေးရာဌာနအနေဖြင့် ရန်ကုန်စည်ပင် သာယာ နယ်နိမိတ်အတွင်း၌ တည်းခိုခန်း လိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင်ဈေး လိုင်စင်နှင့် ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့် လိုင်စင်များအား ခွင့်ပြုပေးလျက်ရှိသော်လည်း အိမ်ငှားရမ်းခြင်း လုပ်ငန်းအတွက် သီးခြား လိုင်စင် ထုတ်ပေးထားခြင်းမရှိသေးကြောင်း ¤င်းက ဆက်ပြောပြသည်။

ရန်ကုန်မြို့တွင် သီးခြားအိမ်ငှားလိုင်စင် ထုတ်ပေးခြင်းမရှိသလို လိုင်စင်ရှိမှသာ အိမ် ငှားရမ်းရမည်ဆိုသော ဥပဒေသတ်မှတ်ချက် မပါရှိဟု ဆိုသည်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် နေထိုင် သည့် လူဦးရေမှာ ခုနစ်သန်းကျော်ရှိပြီး မြို့ပြ နေထိုင်သူဦးရေမှာ ငါးသန်းကျော်ရှိသည့် အနက် အိမ်ရာပိုင်ဆိုင်သည့် အိမ်ထောင်စု ပေါင်း ၆ဝ၆၆၄၇ စုသာရှိကြောင်း ၂ဝ၁၄ခုနှစ် တွင် ကောက်ခံခဲ့သည့် လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းအရ သိရ သည်။

ထိုစာရင်းများအရ အိမ်ငှားနေထိုင် သည့် အိမ်ထောင်စုပေါင်းမှာ ၃၂၈၄၃၇ စုနှင့် မိဘ၊ဆွေမျိုးများအိမ်တွင် နေထိုင်သည့် အိမ် ထောင်စုပေါင်းမှာ ၄၂၆၄၂ စုရှိပြီး အစိုးရဝန် ထမ်းအိမ်ရာတွင် နေထိုင်သည့် အိမ်ထောင်စု ပေါင်း ၆ဝဝ၉၁ စုရှိကာ ပုဂ္ဂလိက ဝန်ထမ်း အိမ်ရာတွင် ၁၃၃၅၄ စု၊ အခြားသောနေရာ များတွင် ၁၇၈၈၅ စု စသည်ဖြင့် အိမ်ထောင်စု ပေါင်း ၁ဝ၆၉ဝ၅၆ စုဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ကြီးတွင် အိမ်ပိုင်၊ တိုက်ပိုင် ဖြင့် နေထိုင်ဖို့မှာ စိတ်ကူးယဉ်မှု သက်သက် သာဖြစ်ပြီး ဓနိမိုး၊ ထရံကာ၊ ပျဉ်ထောင်၊ သွပ် မိုးဖြင့် ကျောတစ်ခင်းစာမျှ နေထိုင်နိုင်ဖို့ပင် မနည်းရုန်းကန်နေကြရသည်။

အိမ်မငှားနိုင်သည့် အကြောင်းရင်းများ စွာအနက် အဓိကအားဖြင့် အိမ်ငှားခ ဈေးကြီး ခြင်း၊ ငှားရမ်းခမှာ လစဉ်ပေးရခြင်းထက် ခြောက် လစာ၊ တစ်နှစ်စာ အပြတ်တင်ရခြင်းနှင့် အိမ် စပေါ်အဖြစ် ကျပ်ဆယ်သိန်းမှ သိန်း ၃ဝအထိ တင်ရခြင်းများကြောင့် အိမ်ငှားနေထိုင်သူ တချို့မှာ ကျူးကျော်အဖြစ် ပြောင်းလဲသွားကြ သည်။

သာမန်ဝန်ထမ်းတစ်ဦး၏ လုပ်ခလစာ မှာ တစ်လလျှင် ပျမ်းမျှ ကျပ်နှစ်သိန်းနှင့် သုံး သိန်းအကြား ဝင်ငွေရှိနေချိန်တွင် အိမ်ငှား ရမ်းခနှုန်းထားမှာ ကျပ်တစ်သိန်းနှင့် နှစ်သိန်း ဝန်းကျင်အထိ ဈေးနှုန်းပေးနိုင်မှသာ အသင့် တင့် နေထိုင်နိုင်ရုံမျှပင်။

သို့သော်လည်း တစ်နေရာတွင် အခြေကျရုံမျှနှင့်ပင် အိမ်လစာနှုန်းထားများမှာ တစ် နှစ်ထက်တစ်နှစ် အတက်ဘက်မှာသာရှိပြီး အိမ်ငှားရမ်းနေထိုင်သူများမှာလည်း နှစ်စဉ် တိုးတက်လာခြင်းကြောင့် အိမ်ပိုင်ဝယ်ယူနိုင် ခြင်းမရှိဘဲ အငှားဘဝ သံသရာထဲတွင်သာ လည်နေတော့သည်။

အိမ်ဝယ်ခြင်းထက် အငှားနေထိုင်သူဦး ရေ များပြားလာသည်နှင့်အမျှ အိမ်ပိုင်ရှင်များ ၏ ပါးစပ်ဖျားမှ တောင်းသလောက်ဈေးနှုန်း ပေးနေရသည်။ ယင်းအပြင် အိမ်ငှားရမ်းနေ ထိုင်သူများအတွက် အိမ်ရှင်၏ ကန့်သတ်ချက် စည်းကမ်းများစွာထဲမှ တစ်ခုဖြစ်သည့် အိမ် ငှားရမ်းရာတွင် အိမ်ထောင်သည်ဖြစ်ပါက လင်မယား၊ သားအမိနှင့် သူငယ်ချင်း စသည် ဖြင့် နှစ်ဦးကိုသာ အိမ်ရှင်အများစုမှ ငှားရမ်း ကြပြီး ကလေးပါသော မိသားစုနှင့် မိသားစု များသော အိမ်ထောင်သည်များအဖို့ အိမ်လစာ ပို၍ပေးမည်ဆိုသော်လည်း ငှားရမ်းသည့်အိမ် ရှင်မှာ လွန်စွာနည်းပါးသည်။

''အိမ်ငှားမယ်ဆိုရင် အိမ်ရှင်က ကလေး ပါလား၊ မိသားစုက ဘယ်နှယောက်လဲ။ ကလေး ပါရင်တောင် ကလေးက ယောက်ျားလေးဆို မငှားဘူး။ ဘာဖြစ်လို့လဲမေးတော့ ကဲလို့တဲ့ ဖြေတယ်။ ရေကို ဘယ်လိုသုံးရမယ်။ မီးကိုလဲ ဘယ်အချိန်အထိပဲ သုံးရမယ် စသဖြင့်ပေါ့။ တခြားကန့်သတ်ချက်တွေလဲ အများကြီးပါ သေးတယ်''ဟု မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ ဒေါ်စန္ဒာက ပြောသည်။

အိမ်ငှားရမ်းရာတွင် စပေါ်တင်၍ ငှား ခြင်း၊ စပေါ်ပျောက်ငှားခြင်း၊ လအပြတ်၊ နှစ် အပြတ် ငှားရမ်းခြင်းများနှင့် ယနေ့ခေတ်ကာလ တွင် အိမ်ပြန်ငွေပြန်ပေးငှားရမ်းခြင်းများဟူ၍ အိမ်ငှားခြင်း အမျိုးမျိုးရှိကြသည်။

''နေမယ်ဆိုရင် တစ်သိန်းဆို အနည်းဆုံး ခြောက်လချုပ်နဲ့ နေရမယ်။ ပွဲစားခ တစ်လစာ ပေးရမယ်။ ကိုယ့်ဘာသာကိုယ် ရှာရင်တော့ တစ်သိန်း သက်သာမယ်။ အနည်းဆုံး ရှစ် သောင်းလောက်က အောက်ဆုံးပါ။ မြောက် ဒဂုံမှာဆို ဆယ်ပေပတ်လည်လောက်ပဲ ရမယ်။ စပေါ်တင်ရတာက ဆယ်သိန်း၊ သိန်းနှစ်ဆယ် တင်ရတယ်''ဟု အိမ်ငှားနေထိုင်သူ ဒေါ်နွဲ့နွဲ့ အေးက ပြောသည်။

အိမ်ငှားနေထိုင်သူအများစု ခံစားနေရ သည်မှာ စပေါ်တင်၍ ငှားရမ်းနေထိုင်နိုင်သူ နည်းပါးပြီး အများစုမှာ ခြောက်လတစ်ကြိမ် စာချုပ်ချုပ်ဆို နေထိုင်ရသော်လည်း ခြောက်လ ပြည့်လျှင် အိမ်ရှင်အများစုက လစာတိုးတောင်း ခြင်းများနှင့် ကြုံတွေ့ရပြန်သည်။

မြို့ပြဆိုင်ရာ အိမ်ငှားရမ်းခ ကြီးကြပ် ရေးအက်ဥပဒေကို ၁၉၆ဝပြည့်နှစ်က ပြဋ္ဌာန်း ခဲ့ပြီး လက်ရှိခေတ်ကာလနှင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မလျော်ညီတော့ သည့် ယင်းဥပဒေအား ပြင်ဆင်ရန် လိုအပ်ပေ သည်။

ထိုဥပဒေတွင် ဖော်ပြချက်အရ အိမ်ရှင် မှ အိမ်ငှားများအား အလွယ်တကူ နှင်ထုတ် ခြင်း မပြုနိုင်အောင် ပြဋ္ဌာန်းထားသော်လည်း အခါအားလျော်စွာ အိမ်ငှားရမ်းခတိုးမြှင့်တောင်း ခြင်းကိုမူ ခွင့်ပြုပေးထားကြောင်း နူနလနည နြိငေ ၏ ဖော်ပြချက်အရ သိရသည်။

''ပွဲစားခကို တစ်လစာလောက်ပေးရတာ မလွယ်ဘူး။ တစ်ခါတလေမှာ အိမ်ရှင်ကတစ် မျိုး၊ ပွဲစားကတစ်မျိုး၊ အိမ်လခ ဈေးတင်တောင်း တယ်။ တောင်းမရရင် ဆက်မငှားတော့ဘူး။ ကိုယ့်ဘာသာ အိမ်ရှာတော့လဲ အလုပ်ပျက် တယ်။ ပြောင်းရွှေ့စရိတ်လဲ ထပ်ကုန်၊ နောက် ထပ်လဲ နေသားကျရော ထပ်ပြောင်းနဲ့ အိမ် ငှားသံသရာ လည်နေတယ်''ဟု လှိုင်သာယာ မြို့နယ်တွင်နေထိုင်သူ ဒေါ်သဲစုက ပြောသည်။

ညားခါစလင်မယားနှင့် ကလေးမရှိသေး သည့် အိမ်ထောင်သည်များအတွက် ယနေ့ ခေတ်ကြီးတွင် အိမ်ထောင်သည်အဆောင်ဟူ ၍လည်း ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် အကြားတွင် ငှားရမ်းကြကြောင်း ငှားရမ်းနေ ထိုင်သူများထံမှ သိရသည်။

''ကျွန်တော်တို့ဆီမှာတော့ စပေါ်ငွေ ကျပ် နှစ်သောင်း တင်ရမယ်။ အနည်းဆုံး သုံးလ နေရမယ်။ အိမ်ထောင်သည်အခန်းက တစ်လ ကို ကျပ်ခုနစ်သောင်း တစ်လတစ်ခါပေးရမယ်။ တိုက်ခန်းကတော့ ရှစ်လွှာမှာပါ''ဟု ကမာရွတ် မြို့နယ် ရဲစခန်းဘေးရှိ အဆောင်ပိုင်ရှင်က ပြောသည်။

ရန်ကုန်မြို့အတွင်း အိမ်ငှားနေထိုင်ခြင်း ထက် စက်မှုဇုန် နယ်မြေများဖြစ်သည့် လှိုင် သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ရွှေပေါက္ကံနှင့် ဒဂုံလေးမြို့နယ်တို့တွင် ငှားရမ်းနေထိုင်မှုမှာ ပိုများသည်။

တိုက်ခန်းနှင့် အိမ်ခြံမြေဈေးနှုန်းများမှာ ယခင်နှစ်ကာလများနှင့် နှိုင်းယှဉ်ပါက ဈေး နှုန်းလျော့နည်းလာသည်ဟု ဆိုနိုင်သော်လည်း ဝန်ထမ်းများနှင့် သာမန်လူတန်းစားတစ်ရပ် အတွက် ဝယ်ယူရန် လက်လှမ်းမမီသေးသော ကြောင့် အရောင်းဈေးကွက်ထက် အငှားဈေး ကွက်မှာ ပိုမိုကျယ်ပြန့်လာသည်။

ထိုသို့ ပိုမိုကျယ်ပြန့်လာသော အိမ်ငှား ဈေးကွက်အား ထိန်းချုပ်နိုင်ရန် လက်ရှိအစိုးရ အနေဖြင့် ဗန္ဓုလအငှားအိမ်ရာကဲ့သို့ အိမ်ငှား များအတွက် အိမ်ရာများစွာ ဖော်ဆောင်ပေး ရန် လိုအပ်ပေသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုဘတ်ဂျက်ငွေ ဘီလီယံ ၂ဝဖြင့် အကောင်အထည်ဖော်ခဲ့သော ဗန္ဓုလအငှား အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂)လမ်းမကြီးနှင့် ဗန္ဓုလလမ်းထောင့် တွင် မြေ ၁၂ဧကကျော် အကောင်အထည်ဖော် ခဲ့ကာ အိမ်ငှားရမ်းခ နှုန်းထားများမှာလည်း တစ်လလျှင် ကျပ်သုံးသောင်းမှ ငါးသောင်း ဝန်းကျင်ဖြင့် ငှားရမ်းပေးခဲ့သည်။

သို့ရာတွင် လိုအပ်ချက်နှင့် ငှားရမ်းမည့် သူ မမျှတခြင်းများကြောင့် ရန်ကုန်မြို့၏ အိမ် ငှားခ နှုန်းထားများမှာ မြင့်သထက်မြင့်နေပြီး အစိုးရအနေဖြင့်လည်း အမြန်ဆုံး အကောင် အထည်ဖော်ရန် လိုအပ်ပေသည်။

''အိမ်ငှားဘဝနဲ့နေလာတာ အနှစ် ၃ဝ ကျော်ပြီ။ အိမ်လခ ဈေးနှုန်းတွေကတော့ တဖြည်းဖြည်း ခေါင်ခိုက်လာပြီ။ ဦးသိန်းစိန် အစိုးရလက်ထက်ကတော့ ဗန္ဓုလအငှားအိမ် ရာကို ဈေးသက်သက်သာသာနဲ့ နေခွင့်ရမယ် ဆိုတော့ လျှောက်ခဲ့သေးတယ်။ ဒါပေမဲ့ လျှောက် ထားတဲ့သူက သုံးသောင်းကျော်ကို ချပေးတော့ တစ်ထောင့်နှစ်ရာဆိုတော့ ဆင့်ပါးစပ်ကို နှမ်း ပက်သလို ဖြစ်နေတယ်''ဟု မြောက်ဥက္ကလာပ တွင် အိမ်ငှားနေထိုင်သူ ဒေါ်ဌေးမြင့်ကပြော သည်။

အစိုးရမှ အကောင်အထည် မဖော်ပေး နိုင်ပါက အစိုးရမြေနေရာပေးလျှင် တိုက်ခန်း ပေါင်း သိန်းချီဆောက်လုပ်မည်ဟု ဆောက် လုပ်ရေး ကုမ္ပဏီများက ယခင်အစိုးရလက် ထက်၌ ကမ်းလှမ်းခဲ့ဖူးသော်လည်း ယနေ့အ ချိန်အထိ မလုပ်ဆောင်နိုင်သေးပေ။

လက်ရှိအစိုးရသစ်လက်ထက်တွင်လည်း ပြည်သူအများ မျှော်လင့်နေသော ခေတ်ကာ လနှင့် မကိုက်ညီတော့သည့် အိမ်ရှင်အိမ်ငှား ဥပဒေအား ပြင်ဆင်သတ်မှတ်၍ အိမ်ငှားရမ်းခ နှုန်းထားအား ထိန်းချုပ်နိုင်ရေးနှင့် ယခင်အ ကောင်အထည်ဖော်ခဲ့သော ဗန္ဓုလအငှားအိမ် ရာကဲ့သို့ သင့်တင့်မျှတသော အိမ်ငှားရမ်းခ ဖြင့် အစိုးရမှ အကောင်အထည်ဖော်ပေးရန် မျှော်လင့်ချက်ကြီးစွာဖြင့် အိမ်ငှားများက စောင့် မျှော်နေကြသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service