လူနေသိပ်သည်းသောရပ်ကွက်များမှ အိမ်မြေများ တန်ဖိုးကျဆင်းနိုင်ခြေ ဆက်လက်နည်းပါးနေ

လူနေသိပ်သည်းသောရပ်ကွက်များမှ အိမ်မြေများ တန်ဖိုးကျဆင်းနိုင်ခြေ ဆက်လက်နည်းပါးနေ - Property News in Myanmar from iMyanmarHouse.com
30 May 2017 10:06 am တွင် တင်ခဲ့သည်
928 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ရဲ့ လတ်တလောအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးနေတဲ့အနေ
အထားအရ ဧရိယာတချို့မှာ ဈေးနှုန်းကျဆင်း ပြောင်းလဲတာမျိုးရှိပေမဲ့ လူနေထိုင်မှု သိပ်သည်းပြီးဖြစ်တဲ့ နေရာတွေက အိမ်မြေတွေရဲ့ ဈေးနှုန်းတွေကတော့ပြောင်းလဲကျဆင်း
နိုင်ခြေနည်းပါးကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်အပါအဝင် ကျောက်စိမ်းဈေးကွက်၊ ကားဈေးကွက်နဲ့ ရွှေ၊ ကောက်ပဲသီးနှံဈေးကွက်စတာတွေဟာ လည်ပတ်မှု နှေးကွေးနေပြီး ချိန်ဆအလုပ်လုပ်နေကြရတာ များပါတယ်။ ဒီအနေအထား အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်းသောင်းချီတန်တဲ့ အကွက်အကွင်းတွေဟာ အရောင်းအဝယ်မရှိသလောက် ဖြစ်နေပြီး အငှားဈေးကွက်ကိုသာ
အားထား အလုပ်လုပ်နေကြရပါတယ်။

ဈေးနှုန်းအနိမ့်တန်းလို့ဆိုရမယ့် ကျပ်သိန်း ၁,ဝဝဝ ပတ်ချာလည်နဲ့ ကျပ်သိန်း ၅ဝဝ အောက် အိမ်ခြံမြေတွေရဲ့ နှုန်းထားတွေ အနည်းငယ်
ပြောင်းလဲကျဆင်းပြီး အများဆုံးအလုပ်ဖြစ်နေကြပေမဲ့ လူနေထိုင်မှု သိပ်သည်းပြီးဖြစ်တဲ့ဈေးနှုန်းအလယ်အလတ်တန်းက အိမ်မြေတွေရဲ့ တန်ဖိုးတွေက ပြောင်းလဲကျဆင်းနိုင်ခြေ
နည်းပါးတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်အေးနေပေမဲ့ အိမ်မြေကသာ ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုလို့ အများစုက လက်ခံယူဆနေကြပါတယ်။ လူနေထိုင်မှု ကျဲပါးသေးတဲ့ ဧရိယာတွေမှာ အရင်အရောင်းအဝယ်သွက်စဉ်က ဈေးနှုန်းမျိုးကို အခုလက်ရှိမှာ ခေါ်နေရင် စိတ်ဝင်စားသူနည်းပါးပေမဲ့ လူနေအထိုင်ကျပြီးဖြစ်တဲ့အိမ်မြေအကွက်အကွင်းတွေ၊
အခြေခံလူနေမှုအဆောက်အအုံတွေနဲ့ ပြည့်စုံပြီးဖြစ်တဲ့ အကွက်အကွင်းတွေကတော့ ခေါ်ဈေးမာသလို ဈေးကွက်တောင်းဆိုမှု ကောင်းဆဲဖြစ်ပါတယ်။

လူနေထိုင်မှုသိပ်သည်းတဲ့ ဧရိယာတွေမှာ ကျပ်သိန်း ၃,၅ဝဝ ဝန်းကျင်ကနေ ကျပ်သိန်း ၁,၅ဝဝ အတွင်း အိမ်ခြံမြေဈေးနှုန်းတန်းတွေဟာ ဈေးကွက်အေးနေပေမဲ့ဈေးနှုန်းအပြောင်း
အလဲမများတာကို တွေ့ရပါတယ်။ ဒီဈေးနှုန်းတန်းတွေက အိမ်မြေတွေကို ငွေကြေးလိုအပ်ချက်ရှိတဲ့သူကလွဲပြီး ဈေးနှုန်းသိသိသာသာ ကွာဟရောင်းချတာမျိုးလည်း နည်းပါးတယ်လို့
အကျိုးဆောင်တချို့က ပြောပါတယ်။ ဈေးကွက်တောင်းဆိုမှုရှိတဲ့ အိမ်မြေတွေဖြစ်လို့နေထိုင်ဖို့စိတ်ကူးသူတွေအနေနဲ့ ခြံဝိုင်းပြည့်၊ အကွက်ပြည့် မတတ်နိုင်ရင်တောင်မြေတစ်ခြမ်းမှာ အဆောက်အအုံ သပ်သပ်ရပ်ရပ်ဆောက်ပြီးနေဖို့ စဉ်းစားဖြစ်ကြပါတယ်။

ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ လူနေမှုသိပ်သည်းပြီး ဈေးနှုန်းအလယ်အလတ်တန်းဖြစ်တဲ့ အကွက်အကွင်းတွေအဖြစ် မြို့သစ်ရပ်ကွက်ကြီးတချို့၊ မဟာမြိုင်ရပ်ကွက်၊ ထန်းကိုးပင်နဲ့ မြရည်နန္ဒာရပ်ကွက်တို့ကို အများဆုံးတွေ့ရပါတယ်။ ငွေကြေးတတ်နိုင်လို့ပဲ
ဖြစ်ဖြစ်၊ ငွေဝိတ်လျှော့ပြီးနေဖို့ ပြန်ဝယ်တာပဲဖြစ်ဖြစ် အများစုဟာအဲဒီဧရိယာတွေကို
ထည့်စဉ်းစားကြလေ့ရှိပါတယ်။

အရောင်းအဝယ်အေးနေချိန်မှာသင့်တင့်တဲ့ အလယ်အလတ်နှုန်းတန်းမှာအိနြေ္ဒရရနေနိုင်ပြီး၊ ဈေးကွက်ပြန်သွက်ရင်ဈေးပိုမာနိုင်တဲ့ အနေ
အထားမှာရှိနေတာကြောင့် သူတို့ရဲ့ နှုန်းထားတွေကို လတ်တလောမှာ သိသိသာသာပြောင်းလဲကျဆင်းဖို့ မမျှော်လင့်နိုင်ကြောင်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service