စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ

စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
2 May 2017 12:05 pm တွင် တင်ခဲ့သည်
1564 ကြိမ် ကြည့်ရှု့ပြီး
တိုက်တန်းနစ်ဇာတ်ကားကြီး၏ ဇာတ်ဝင်တေး My heart will go on ဖြင့် ကမ္ဘာကျော်ခဲ့သည့် ပေါ့ပ်ကြယ်ပွင့် စလင်းဒီယွန်းပိုင်ဆိုင်သည့် နေအိမ်ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာကျွန်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစံအိမ်ကြီးကို ဝယ်ယူမည့် ဝယ်လက်ပေါ်ပေါက်လာပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းစံအိမ်ကြီးသည် အရောင်းဈေးကွက်သို့ ရောက်နေခဲ့သည်မှာ ၄ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါဈေးနှုန်း ထက်ဝက်ခန့် လျှော့ချပေးလိုက်ပြီး ကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်းဖြင့် ဈေးတည့်သွားသည်ကြောင်း ဆောက်သ်ဘီ နိုင်ငံတကာ လေလံအဖွဲ့မှ အကျိုးဆောင်တစ်ဦးဖြစ်သူ
ဂျိုးဇက် မွန်တာနာရိုက အတည်ပြုသည်။

နောက်ဆုံးအကြိမ်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၈ ဒသမ ၅
သန်းဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က ဈေးနှုန်းအောက် ၄၇ ရာခိုင်နှုန်း လျှော့ချပေးလိုက်ခြင်းဖြစ်သည်။
ခြံဝန်းအတွင်း ကြီးမားလှသော ရေကန်ကြီးများရှိသည့် စံအိမ်ကို ပြင်သစ်-ကနေဒါသွေးနှောသူ စလင်းဒီယွန်းက ခင်ပွန်းဖြစ်သူ ရီနေ အန်ဂျယ်လီနှင့်
အတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အန်ဂျယ်လီ ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။လွန်ခဲ့သည့် ၄ နှစ်ခန့်၊ ၂၀၁၃ ခုနှစ်အတွင်းက ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၇၂ သန်းအထိ ဖြစ်ခဲ့ပြီး မည်သို့မျှ ရောင်းမထွက်ခဲ့ချေ။

အိမ်နောက်ရှိ ဆင်ဝင်လမ်းမှာ ရေကန်တစ်ခုဆီသို့ တိုက်ရိုက်ဦးတည်ထားပြီး အဆိုပါကန်မှာ သာမာန်အိမ်နောက်ဘက် ရေကန်အားလုံးထက် ပိုမိုကြီးမားလေသည်။ခြံနောက်ဘက် ကလေးကစားကွင်း ပတ်လည်တွင် မြစ်တစ်စင်းကာ ရစ်ခွေစီးဆင်းနေပြီး ကြိုးတံတားတစ်ခုဖြင့် ဆက်သွယ်ထားသည်ကို တွေ့ရသည်။

ရေကူးကန်ဘေးတွင် ဧည့်ဂေဟာဆောင် ၂ ခုနှင့် အပန်းဖြေစတည်းချရာနေရာ ၅ ခု ပါဝင်သည်။ကစားကွင်းခန်းမများလည်း နေအိမ်အတွင်း ပါဝင်ရာ စားပွဲတင်ဟော်ကီ၊ ဘိလိယက်၊ ပြိုင်ကားဂိမ်းနှင့် အခြားဂိမ်းကစားစက်များစွာလည်း ပါဝင်သည်။

နေအိမ်ရှေ့ တွင်လည်း ရေကန်တစ်ခုပါဝင်ပြီး ရုပ်ရှင်ရုံခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်းများအပြင် နောက်ဆုံးပေါ်ပစ္စည်းများ ထည့်သွင်းထားသည့် မီးဖိုဆောင်တို့လည်း ပါဝင်ကြောင်း ဈေးကွက်ကြော်ငြာထားမှုတွင် ဖော်ပြထားသည်။
နေအိမ်ကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ရှိပြီး
အိပ်ခန်း ၁၃ ခန်း၊ ရေချိုးခန်း ၁၄ ခန်းအထိ ပါဝင်သည်။

စလင်းဒီယွန်းသည် လက်ရှိအားဖြင့် မိသားစုနှင့်အတူ လာ့စ်ဗီးဂပ်စ်တွင် နေထိုင်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
စလင်းဒီယွန်း၏ ဂျူပီတာကျွန်း ကမ်းခြေစံချိန်ကြီး ထက်ဝက်ခန့် ဈေးလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service