၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
7 Apr 2017 11:14 am တွင် တင်ခဲ့သည်
974 ကြိမ် ကြည့်ရှု့ပြီး
Arcadis ၂၀၁၇ ခုနှစ် နိုင်ငံတကာ ဆောက်လုပ်ရေးစီမံကိန်း တန်ကြေးများအစီရင်ခံစာအရ ယခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အကြီးမားဆုံး စီမံကိန်းအားလုံးမှာ အာရှတွင် တည်ရှိနေသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဒေသတွင်းရှိ ဆောက်လုပ်ရေးဈေးကွက်များမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးတက်မှုများ ရှိလာနေသည်ကို တွေ့ရသည်။

လွန်ခဲ့သောနှစ်အတွင်း ဆောက်လုပ်ရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတွင် ကန်ဒေါ်လာ ၃၆ ထရီလီယံအထိ ရှိခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း အာရှတွင် တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများမှာ

၆။ ချင်ဒူး တိယန်းဖူ နိုင်ငံတကာလေဆိပ် Chengdu Tianfu International Airport

တရုတ်နိုင်ငံတွင် ၃ နှစ်တာကာလအတွင်း အရပ်ဘက်လေဆိပ်ပေါင်း ၂၆၀ အထိ မြှင့်တင်သွားရန် စီစဉ်လျက်ရှိသည်။
အဆိုပါလေဆိပ်များအနက် အထင်ရှားဆုံးတစ်ခုမှာ ချင်ဒူးမြို့ရှိ တိယန်ဖူးနိုင်ငံတကာလေဆိပ်ပင် ဖြစ်သည်။
အဆိုပါလေဆိပ်အတွက် အသုံးစရိတ် ကန်ဒေါ်လာ ၁၁ ဘီလီယံ ချထားပေးရန် စီစဉ်လျက်ရှိသည်။တိယန်းဖူလေဆိပ်သည် တရုတ်နိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုလွတ်ကင်းသည့် ပထမဆုံးလေဆိပ်ဖြစ်လာမည် ဖြစ်သည်။
၂၀၄၅ ခုနှစ်သို့အရောက်တွင် နှစ်စဉ် ခရီးသည် သန်း ၉၀ နှင့် ကုန်စည်တန်ချိန် ၂ သန်း ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။

၅။ ပေကျင်း ဒါးဇွန် နိုင်ငံတကာလေဆိပ် Beijing Daxing International Airport

တရုတ်ပြည်မကြီးရှိ လေဆိပ်ပေါင်း ၁၃၀ အနက် ပေကျင်းဒါဇင်းနိုင်ငံတကာလေဆိပ်မှာ အကြီးမားဆုံးလေဆိပ်ကြီးဖြစ်သည်။
ပေကျင်းရှိ နန်ယွမ်လေဆိပ်နေရာကို အစားထိုးဝင်ရောက်နိုင်ရန် ရည်မှန်းထားပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။
ယင်းလေဆိပ်၏ ဆောက်လုပ်မှုကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁၃ ဘီလီယံဖြစ်ပြီး နှစ်စဉ် ခရီးသည်ပမာဏ အနည်းဆုံးအားဖြင့် သန်း ၈၀ ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။

၎။ ဂျေးဒါ စီးပွားရေးမြို့တော် Jeddah Economic City

ဂျေးဒါ စီးပွားရေးမြို့တော်သည် ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျေးဒါမြို့တွင် တည်ရှိပြီး ပင်လယ်နီနှင့် ထိစပ်နေသည်။
အဆိုပါစီမံကိန်းကို မူလက Kingdom City ဟု အမည်ပေးထားခြင်းဖြစ်ပြီး ဆောက်လုပ်မှုကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျဖွယ်ရှိသည်။
စီမံကိန်းအတွင်း နေအိမ်များ၊ ဟိုတယ်များနှင့် ရုံးခန်းတာဝါများစွာ ပါဝင်မည် ဖြစ်သည်။ဂျေးဒါ စီးပွားရေးမြို့တော်စီမံကိန်းတွင် အထင်ရှားဆုံးအဆောက်အအုံမှာ ဂျေးဒါတာဝါဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက ဒူဘိုင်းရှိ အဆောက်အအုံကိုဖြတ်ကျော်ကာ ကမ္ဘာ့အမြင့်ဆုံးဖြစ်လာမည် ဖြစ်သည်။ဂျေးဒါ စီးပွားရေးမြို့တော်စီမံကိန်း၏ အကျယ်အဝန်းမှာ ၂ စတုရန်းမိုင် ဖြစ်သည်။

၃။ ဒူဘိုင်း အယ်လ် မက်ခ်တူးမ် လေဆိပ် Dubai Al Maktoum Airport

ဒူဘိုင်း အယ်လ် မက်ခ်တူးမ် လေဆိပ်သည် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် တည်ရှိသည်။
အယ်လ်မက်ခ်တူးမ် လေဆိပ်၏ ဆောက်လုပ်မှုကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၃၃ ဘီလီယံ ဖြစ်သည်။ဒူဘိုင်းတွင် လေကြောင်းခရီးစဉ်များ များပြားမှုကို ဖြေရှင်းပေးနိုင်ရန် ရည်မှန်းထားပြီး ဆောက်လုပ်ပြီးစီးပါက ကမ္ဘာ့အကြီးမားဆုံး လေဆိပ်ကြီး ဖြစ်လာမည်ဖြစ်ကာ နှစ်စဉ် ခရီးသည်ပေါင်း သန်း ၂၂၀ နှင့် ကုန်စည် တန်ချိန် ၁၆ သန်း ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

၂။ ဒေလီ- မွန်ဘိုင်း စက်မှုစင်္ကြန် Delhi Mumbai Industrial Corridor

အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် မွန်ဘိုင်းမြို့တို့အကြား ဖြန့်ကျက်တည်ရှိသည်။
ယင်းမြို့ကြီးနှစ်မြို့သည် အိန္ဒိယနိုင်ငံတွင် လူနေမှုအထူထပ်ဆုံး အကြီးမားဆုံးမြို့ကြီးနှစ်ခု ဖြစ်သည်။စီမံကိန်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၉၀ ဘီလီယံခန့်အထိ ကုန်ကျမည်ဖြစ်ပြီး စက်မှုဇုန်ပေါင်း ၂၄ ခု ပါဝင်မည်ဖြစ်ကာ ပြည်နယ် ၇ ခုနှင့် စမတ်မြို့ကြီးပေါင်း ၈ မြို့တွင် ဖြန့်ကျက်ပါဝင်မည် ဖြစ်သည်။
လာမည့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။

၁။ ခါးပတ်တစ်ခု၊ လမ်းမတစ်ခု
တရုတ်နိုင်ငံသည် ယခင်မဟာဗျူဟာဖြစ်သော ပိုးလမ်းမစီမံကိန်းကို အခြေခံကာ ခါးပတ်တစ်ခု၊ လမ်းမတစ်ခုစီမံကိန်း (OBOR) ကို အကောင်အထည်ဖော်လာလျက်ရှိသည်။
တရုတ်နိုင်ငံ၏ ကုန်ကျစရိတ်အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလမှာ ၁၃ နှစ်ဖြစ်သည်။
ယူရေးရှားဒေသ၊ ဗဟိုအာရှ၊ သမုဒ္ဒရာဇုန်၊ မြောက်အာဖရိကနှင့် တောင်အာရှဒေသတို့တွင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်သွားမည့် အလွန်ကြီးမားလှသော စီမံကိန်းကြီးဖြစ်သည်။ယင်းစီမံကိန်းသည် ကုန်းမြေစီမံကိန်းများအပြင် ရေကြောင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်နေသည်။

OBOR အတွက် လက်ရှိရည်မှန်းထားသည့် စီမံကိန်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၅၀ ဘီလီယံဖြစ်ပြီး ကမ္ဘာ့ရေးရာများတွင် တရုတ်နိုင်ငံက ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာသည်ကို ပြသလျက်ရှိကြောင်း သုံးသပ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service