အိမ်ခြံမြေ ရောင်းဝယ်နည်း စနစ်သစ် တူရာတူရာ ပေါင်းမှဖြစ်

အိမ်ခြံမြေ ရောင်းဝယ်နည်း စနစ်သစ် တူရာတူရာ ပေါင်းမှဖြစ် - Property News in Myanmar from iMyanmarHouse.com
7 Apr 2017 11:14 am တွင် တင်ခဲ့သည်
5562 ကြိမ် ကြည့်ရှု့ပြီး
နေ့စဉ်ထုတ် "ကြေးမုံသတင်းစာ" နှင့် "မြန်မာ့အလင်းသတင်းစာ" တို့၏ အချပ်ပို အိမ်ခြံမြေ ကြော်ငြာများကို ဖတ်ကြည့်လိုက်လျှင် ဒဂုံမြို့သစ် အရှေ့ ပိုင်း၊ဆိပ်ကမ်းမြို့နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ရွှေပြည်သာမြို့နယ် မြေကွက်များကို ဈေးကောင်း ပေးဝယ်သည်။ 09-50....၊ 09-45.....၊ 09-86.... စ သည်ဖြင့် ကြော်ငြာများကို ဖတ်ရသည်။ ပွဲစားခ ပေးရန်မလို ဆိုသည့် စာ သားလေးက ရောင်းသူများကို ပိုမို ဆွဲဆောင်မှု ရှိနေသည်ဟု ဆိုနိုင်သည်။

တော် မတော် သေချာမသိသော်လည်း ကြော်ငြာကြည့်ပြီး ဆက်သွယ်ကြည့်

ယခုကဲ့သို့ "ဈေးကောင်းပေးဝယ်သည်" ဟု ဆိုသော စကားလေးက အိမ်မြေ ရောင်းချင်သူများ၏ နှလုံးသည်းပွတ်ကို လှုပ်ခတ်စေသည်။ ယခုလို အချိန်ကို မျှော်နေကြသည်မှာ ၃ နှစ် ၃ မိုးပင် ကြာခဲ့ပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်ကလို မြေတစ်ခေတ် ပြန်ရောက်လာပြန်ပြီဟု ရောင်းလိုသူများက ထင်နေကြသည်။ ယခုလို အခွင့်အခါမျိုးသည် ကြုံတောင့်ကြုံခဲဖြစ်၍ ဈေးေ ကာင်းရလျှင် အပြီး ထုတ်ရောင်းလိုက်တော့မည်ဟု ဆုံးဖြတ်ကာ အထက်က တင်ပြခဲ့သည့် မြေကွက်ဈေးကောင်းပေးဝယ်သည့် ဖုန်းနံပါတ်များနှင့် ဆက်သွယ် စုံစမ်းကြတော့သည်။

သတင်းစာမှ ကိုယ့်ဘက်ပါအောင် စည်းရုံးရေး ဆင်းနေသူများ

တကယ် ဈေးကောင်းရမည်အထင်နဲ့ ဆက်သွယ်ကြည့်သည့်အခါ ငွေအလုံး အရင်း စိုက်ထုတ်၍ မြေကွက်များ စုဆောင်းထားသူများ မဟုတ်ဘဲ ဒဂုံမြို့ သစ်၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ တောင်ပိုင်း/ မြောက်ပိုင်းမြို့နယ်များတွင် ဝယ်ရောင်းလုပ်နေကြသော အိမ်ခြံမြေ အကျိုးဆောင် ပွဲစားများ ဖြစ်နေသည် ကို မြင်တွေ့ရသည်။ ထို ဝယ်ရောင်းပွဲစားများမှာ ဒဂုံမြို့သစ်မြောက်ပိုင်း၌ အခြေချ လှုပ်ရှားနေသော ပွဲစားများနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်းမှ လှုပ်ရှားနေကြသော ပွဲစားများ ဖြစ်နေသည်ကို တွေ့ရသည်။

အိမ်ခြံမြေ ဝယ်ယူနည်းစနစ်သစ်၊ တူရာတူရာ ပေါင်းမှဖြစ်

နေ့စဉ်ထုတ်သတင်းစာများတွင် မြေကွက်များ ဈေးကောင်းပေးဝယ်သည်ဟု ကြော်ငြာကတည်းက "ထီးဖြူ၊ ဖိနပ်ပါး" ပါးစပ်ပွဲစားများတော့ မဟုတ်ကြေ ပ။ Group ဖွဲ့၍ အုပ်စုလိုက် ချိတ်ကာ လှုပ်ရှားနေကြ သူများ ဖြစ်သည်။ေ ရာင်းမည့်သူ ပေါ်လာလျှင် ဖြစ်စေ၊ ဖုန်းဖြင့် ဆက်သွယ်လာလျှင်ဖြစ်စေ "ဈေးကောင်းပေးနေသည်" ဆိုသော်လည်း ယင်းတို့ဈေးကောင်းပေးသ ည့် နှုန်းက ရောင်းသူတို့ မျှော်မှန်းထားသည့် ဈေးမျိုးမဟုတ်ဘဲ ယခင်ဈေး ကြီး မိထားသည့်နှုန်းထက် သိန်း(၅၀)၊ သိန်း(၁၀၀)ခန့် လျှော့နည်းနေသ ည့် ဈေးနှုန်း ဖြစ်နေသည်။ ဤသို့ အမှန်တကယ် ဝယ်ဈေးနှုန်းမှန်း သိသွား သည့်အခါ အချို့ရောင်းသူများက မရောင်းဘဲ ပြန်သွားကြသူများ ရှိသည်။ ထိုသူများမှာ ငွေအောင်းထားနိုင်သူများ ဖြစ်သည်။ အချို့ ရောင်းလိုသူများ ကြပြန်တော့လည်း ငွေလိုသူများ ဖြစ်နေသည်။ ထိုသို့ ငွေလိုသူများမှာ "အိုက်တင်ခံ" နေ၍ မဖြစ် ဝယ်မည့်သူ ရှိစဉ် အရှုံးခံ၍ ရောင်းလိုက်မှ ဖြစ်ေ တာ့မည်ဟု ဆုံးဖြတ်ကာ သတင်းစာမှ ကြော်ငြာသည့် ဈေးကောင်းပေး ဝယ် သူများနှင့် ဆက်သွယ်ရတော့သည်။

ရောင်းသူ တစ်ဆယ်၊ ဝယ်သူ ငါးကျပ် ဆစ်ကြတာ

ရေစီးနှင့်အတူ "ဆတ်စလူးစိန်" လှုပ်ခါရမ်းကာ မျောပါလာသော ငါးကို ဆည်ဝမှ စောင့်နေသည့် ဗျိုင်းက အသာအယာ ကောက်ယူ စားသောက် သ ကဲ့သို့ မဖြစ်မနေ ရောင်းချင်သူနှင့် ဈေးကောင်း ပေးဝယ်သည့် ပွဲစားနှင့်ေ တွ့သည့်အခါ ဈေးဆစ်တော့သည်။ ဥပမာ။ ။ သိန်း ၆၀၀ တန်သည့်
ဒဂုံမြောက်ပိုင်း၊ အရှေ့လမ်းသွယ်အတွင်းမှ မြေကွက်တစ်ကွက်ကို သိန်း ၅၀၀/ ၅၅၀ ခန့်နှင့် ရနိုင်ရန် ပွဲစား နည်းပရိယာယ်များ သုံး၍ ဝယ်ယူတတ်ြ ကသည်။ မြေကွက်တစ်ကွက်ကို ပွဲစားအုပ်စုက ဝယ်လိုက်ကြသည် ဟု ဆို လိုက်သဖြင့် သိန်း ၅၀၀/၅၅၀ စသည်ဖြင့် မြေကွက်ဖိုး ငွေများကို တစ်လုံး တစ်ခဲတည်း ပေးလိုက်သည်ဟု အထင်ကြီးလိုက်လျှင် မှားသွားပါလိမ့်မည်။ ပွဲစားအုပ်စု ရောင်းဝယ်ပုံ စာဖတ်သူ သိသွားလျှင် နောက်တွန့်သွားပါလိမ့် မည်။

သူတို့ အဖွဲ့ ဝယ်ယူနည်းကလည်း ပညာသားပါသည်။ မြေကွက်တစ်ကွက်ကို
ဝယ်ယူတော့မည်ဆိုလျှင် ရောင်းသူထံတွင် ရှိသည်။ မြေကွက်မှာ အရှုပ်အ ရှင်း ရှိမရှိနှင့် အိုးအိမ်ဦးစီးဌာန(ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန) မှ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှုဌာနသို့ လွှဲပြောင်းပေးထားခြင်း ရှိမရှိ စစ်ဆေးကြည့်ကြသည်။ (ချက်ချင်း သိနိုင်သည့် အဆက်အသွယ်များ ရှိပုံ ရသည်။)

စရန်ပေး စာချုပ် ပေးသည့်အခါ ပါမစ်စာရွက်စာတမ်းများ မှန်မမှန် သက်ဆိုင် ရာ မြို့နယ် မြေယာရုံးခွဲ() တွင် သွားရောက် စစ်ဆေးကြလေ့ ရှိသည်။ မြေ ကွက် အရောင်းအဝယ် စရန်ငွေပေး စာချုပ်သည့်အခါ၌ သိန်း ၅၀ ခန့်ေ လာက်သာ စရန်ငွေ ပေးတတ်ကြသည့် စရန်ငွေ ပေးစာချုပ်ပြီးသည်နှင့်ေ ရာင်းသူထံမှ ဂရန်မိတ္တူတစ်စုံနှင့် အရောင်းအဝယ် စာချုပ်အဆက် အစပ်များ ကို မိတ္တူတစ်စုံစီ ကူးယူခဲ့ကြသည်။

ကျော်အောင် ငြားလိုက်သည့်အတွက် လူသိများ

ရောင်းသူနှင့် အပြီး ငွေချေမည့် ရက်ကို တစ်လ သို့မဟုတ် တစ်လခွဲခန့် ခွာ ချိန်းတတ်ကြသည်။ ယင်းသို့ ခွာချိန်းရခြင်းများ တစ်လ/တစ်လခွဲအတွင်း ကြားကာလ၌ ပြန်ရောင်းထွက်ရန် ကြိုးစားလိုကြခြင်းကြောင့် ဖြစ်သည်။ ပွဲ စား အုပ်စုအနေဖြင့် သတင်းစားများတွင် မကြာခဏ ကြော်ငြာပေးခြင်ြး ဖင့် ရောင်းသူများက လာရောက် ဆက်သွယ်ကြသကဲ့သို့ မြေကွက်ဝယ်လိုသူ များကလည်း ၎င်းတို့ထံတွင် အချိုအချောင် ရောင်းမည့် မြေကွက်များ ရှိနိုင် သည်ဟု ယုံကြည်ကြသောကြောင့် ဆက်သွယ်လာကြသည်။

မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူရသည့် ဝယ်သူများ

ဤသည်ကပင်လျှင် ပွဲစားအုပ်စုအတွက် အကောင်းဆုံးဆုလာဘ်ကြီးကို ပိုင်ဆိုင်ခါင့်ရသူကဲ့သို့ ဖြစ်နေကြသည်။ ယင်းသို့ ဆောင်း၊ နွေ၊ မိုး၊ သစ္စာ ၊ မေတ္တာ စသည့် ကြော်ငြာရှင် အိမ်ခြံမြေ အကျိုးဆောင်တို့နှင့် ဆက်သွယ်
ဝယ်ယူလိုက်ခြင်းဖြင့် ဝယ်သူထံမှ စရန်ငွေအဖြစ် သိန်း ၅၀၊ သိန်း ၁၀၀ စ ရန်ငွေ တောင်းကြသည်။ သိန်း ၅၅၀ တန် ပစ္စည်းကို သိန်း ၆၀၀ တင်ရိုက်၍ (၇)ရက်အတွင်း သို့မဟုတ် (၁၀) ရက်အတွင်း အပြီးငွေေ ချကြရန် ဝယ်သူ ကို ချည်နှောင်ကြတော့သည်။

မြေယာရုံးခွဲက အဖြေ "အိုကေ" ပါက ငွေချေပါ

ဝယ်သူများကလည်း အိမ်ခြံမြေ အရောင်းအဝယ် လောက အကြောင်း ရေေ ရရာရာ မသိကြသဖြင့် ၎င်းတို့ ပြောသည့် (၇)ရက်အတွင်း မချေနိုင်က စ ရန်ငွေ ဆုံးမည် စိုးသောကြောင့် အပြေးအလွှား ငွေရှာ၍ မြေကွက် အေ ရာင်းအဝယ် စာချုပ်ချုပ်ကာ အပြီး ငွေချေလိုက်ကြရတော့ အပြေးအလွှားေ ငွရှာ၍ မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ကာ အပြီး ငွေချေလိုက် ကြရေ တာ့သည်။ ဤတွင်မူ မြေကွက်ပါမစ်မူရင်း ပိုင်ရှင်အား၊ မြေယာရုံးခွဲတွင်
ချိန်းဆိုကာ နောက်ဝယ်သူထံမှ ငွေကိုတောင်းယူကာ ပထမ ရောင်းသူကိုေ ငွချေလိုက်သည်။

ပါမစ်မူရင်း ယူ၍ မှန်ကန်ကြောင်း သိရှိရန် ပွဲစားအုပ်စုထံမှ ထပ်မံ ဝယ်ယူ မည့် သူကိုလည်း တစ်ခါတည်း လိုက်ကြည့်ခိုင်းလိုက်သည်။ အိုကေ အရှုပ် အရှင်းကင်းသည် မှန်ကန်သည် ပြည့်စုံသည်ဟု မြေယာရုံးခွဲထံမှ သိရသည့် အခါ နှစ်ဘက်စလုံး အဆင်ပြေသွားကြသည်။

သဲထိတ်ရင်ဖို စွန့်စားနေကြသည့် ယနေ့ခေတ် အိမ်ခြံမြေ

ပွဲစားအုပ်စု က မူလပါမစ်မူရင်းကိုင်ထားသူထံမှ ငွေချေပြီး ပါမစ်ယူသည့် အရောင်းအဝယ် စာချုပ် ချုပ်သည်။ ထို့နောက် ပွဲစား အုပ်စုထံမှ ထပ်မံ ဝယ်ယူသူသို့ ပြန်လည် ရောင်းချသည့် စာချုပ်ချုပ်ပေးသည်။ သိန်း ၅၅၀ နှင့် ဝယ်ထားသည့် မြေကွက်ကို သိန်း ၆၀၀ နှင့် လက်လွှဲ ပြန်ရောင်းပေး လိုက်သည်။ ဤသို့ဖြင့် သတင်းစာ ကြော်ငြာပါ ဈေးကောင်းပေး ဝယ်သူများ မှာ "အရင်းမစိုက်၊ လှေထိုးလိုက်သည့်" နည်းကို ကျင့်သုံးကြခြင်းဖြင့် တစ်ပြွဲ ဖစ်တိုင်း သိန်း ၅၀ အမြတ်ငွေ ပြေးမလွှတ်တမ်း ရကြသည်ဟု သိရပါတော့ သည်။

"မသိသူ ကျော်သွား၊ သိသူဖော်စား" ဆိုတာ ဒါမျိုးများလား နော်


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service