တရုတ် အိမ်ခြံမြေ developer က နယူးယောက်မြို့လယ်မန်ဟက်တန်ရှိ ၄၈ ထပ်မိုးမျှော်တိုက်ကို ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် နီးစပ်လျက်ရှိ

တရုတ် အိမ်ခြံမြေ developer က နယူးယောက်မြို့လယ်မန်ဟက်တန်ရှိ ၄၈ ထပ်မိုးမျှော်တိုက်ကို ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် နီးစပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Mar 2017 11:13 am တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အခြေစိုက်သည့် တရုတ်အိမ်ခြံမြေ developer၊ decoration engineering ကုမ္ပဏီဖြစ်သော HNA Property Holdings သည် နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်၊ Park Avenue ၊ အမှတ် ၂၄၅ ရှိ မိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ ၂ ဒသမ ၂၁ ဘီလီယံဖြင့် အပြီးသတ်ဝယ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အကယ်၍ ယခုအရောင်းအဝယ်သာဖြစ်မြောက်ခဲ့မည်ဆိုပါက
နယူးယောက်မြို့ အိမ်ခြံမြေဈေးကွက်သမိုင်းတွင် အဆောက်အအုံတစ်ခု အတွက် ဈေးနှုန်းအမြင့်မားဆုံးဖြင့် အရောင်းအဝယ်ဖြစ်မှု ဖြစ်လာတော့မည်ဖြစ်ကြောင်း Bloomberg က သုံးသပ်ထားသည်။

ယခုမိုးမျှော်တိုက်ဝယ်ယူမှုနှင့်ဆိုလျှင် HNA Property Holdings သည် အမေရိကန်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း
ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရှိလာမည် ဖြစ်သည်။

HNA Property Holdings သည် တရုတ်ဘီလျံနာ ချန်းဖန်ပိုင်ဆိုင်ပြီး လွန်ခဲ့သော ၁၃ လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရှိခဲ့သည်။

မန်ဟက်တန်မိုးမျှော်တိုက်သည် စတုရန်းမီတာ ၁၅၈၀၀၀ ( စတုရန်းပေ ၁ ဒသမ ၇ သန်း) အကျယ်အဝန်းရှိပြီး ၆၄၈ ပေ မြင့်မားကာ
၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

HNA Property Holdings အတွက် ယခုအဆောက်အအုံသည် နယူးယောက်တွင် ဒုတိယမြောက်ဝယ်ယူခဲ့သည့် အဆောက်အအုံဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ခန့်က မန်ဟက်တန်အရပ်၊ တတိယရိပ်သာလမ်း၊
အမှတ် ၈၅၀ ရှိအဆောက်အအုံကို ကန်ဒေါ်လာ ၄၆၃ သန်းဖြင့် ဝယ်ယူထားခဲ့သည်။

HNA Property Holdings သည် ၂၀၁၁ ခုနှစ်တွင် 1180 Avenue of the Americas from Carlyle Group ၏ ရှယ်ယာ ၉၀ ရာခိုင်နှုန်း
ဝယ်ယူကာ နယူးယောက် အိမ်ခြံမြေဈေးကွက်ကို
စတင်ဝင်ရောက်ခဲ့သည်။

ယခုဝယ်ယူလိုက်သည့် မန်ဟက်တန် ၄၈ ထပ်အဆောက်အအုံသည် ဝီကီပီဒီယာတွင် ကိုယ်ပိုင်စာမျက်နှာတစ်ခု (goo.gl/0ZkOtJ)
ပင်ရှိနေသည့် အဆောက်အအုံဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ် အိမ်ခြံမြေ developer က နယူးယောက်မြို့လယ်မန်ဟက်တန်ရှိ ၄၈ ထပ်မိုးမျှော်တိုက်ကို ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် နီးစပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service