အိမ်ခြံမြေ အခွန်နှုန်းထားပြောင်းမလား ပြည်သူကိုမျက်နှာမူပါ

အိမ်ခြံမြေ အခွန်နှုန်းထားပြောင်းမလား ပြည်သူကိုမျက်နှာမူပါ - Property News in Myanmar from iMyanmarHouse.com
23 Mar 2017 10:12 am တွင် တင်ခဲ့သည်
2984 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ ဧပြီလမှ စတင်ကာ အိမ် ခြံ မြေ အခွန်နှုန်းများ တိုးမြှင့်ကောက်ခံသွားမည်ဟူသော သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်လာသည်။ဘဏ္ဍာနှစ်သစ်တစ်ခုသို့ပြောင်းလဲ
သည့်အချိန်တိုင်းတွင် ယင်းအသံများထွက်ပေါ်လာစမြဲပင်ဖြစ်သည်။

ခု ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်သို့ပြောင်းလဲလု ကာလတွင်လည်း
အိမ် ခြံ မြေ အခွန်နှုန်းထားများအား တိုးမြှင့်ကောက်ခံသွားဖွယ်ရှိသည်ဟူသော သတင်းများကြားလာရပြန်ပြီဖြစ်သည်။အခွန်နှုန်းထားများသည်
နိုင်ငံတော်အနေဖြင့် စနစ်တကျတွက်ချက်ပြီးမှသာ ကောက်ယူခြင်းဖြစ်သည်။
သို့သော်ယင်းကဲ့သို့အခွန်နှုန်းထားများအား တိုးမြှင့်ကောက်ခံမည်ဆိုပါက အခြေခံပြည်သူ ၊ အမှန်တကယ်အိမ်ရာလိုအပ်နေသော ပြည်သူများ၏
မျက်နှာကိုကြည့်စေချင်သည်။ထိုကဲ့သို့ပြောဆိုရခြင်းသည် ၂၀၁၆ ခုနှစ်က သတ်မှတ်ခဲ့သော အခွန်နှုန်းထားများကြောင့်သုံးသပ်ပြောဆိုရခြင်းဖြစ်သည်။

၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်စတွင် သတ်မှတ်ကောက်ခံခဲ့သော အခွန်နှုန်းထားများသည် သင့်လျော်ဖြစ်ထိုက်သော အခွန်နှုန်းထားများဖြစ်ကြောင်း အိမ် ခြံ မြေ အသိုင်းအဝိုင်းမှ လက်ခံခဲ့ကြသည်။ယင်းကဲ့သို့ သတ်မှတ်စဉ်က အိမ်ခြံ မြေ အခွန်နှုန်းထားသည် တစ်သိန်းမှ သိန်းတစ်ဖောင်ကြားလျှင် သုံး ရာခိုင်နှုန်း၊ သိန်း တစ်ထောင် အထက်မှ သိန်းငါးထောင်အထိလျှင် အခွန် ငါး ရာခိုင်နှုန်း ၊ သိန်း ငါးထောင်အထက်မှ သိန်းတစ်သောင်းအထိလျှင် ဆယ်ရာခိုင်နှုန်း ၊ သိန်းတစ်သောင်းအထက်မှ သိန်းတစ်သောင်းခွဲအထိလျှင် နှစ်ဆယ်ရာခိုင်နှုန်း ၊ သိန်း တစ်သောင်းခွဲအထက်လျှင် သုံးဆယ်ရာခိုင်နှုန်းဟူ၍ သတ်မှတ်ကောက်ခံခဲ့သည်။

ထိုစဉ်က အမှန်တကယ် နေထိုင်ရန်ဝယ်ယူလိုသော သူများ၏ အဓိကပစ်မှတ် တန်ဖိုးမှာ အများဆုံးလျှင် သိန်းတစ်ထောင်မှ သိန်းငါးထောင်ဝန်းကျင်ဖြစ်ပြီး အမှန်တကယ်ဝယ်ယူနေထိုင်နိုင်မှုတွင် သိန်း တစ်ထောင်အောက်
အိမ် ခြံ မြေ နေရာများသာဖြစ်ပေသည်။သို့သော် ယင်းကဲ့သို့ ဝယ်ယူရာတွင် အခွန်နှုန်းထားမှာ သုံး ရာခိုင်နှုန်းသာရှိခြင်းကြောင့် မထောင်းသာခဲ့ကြပေ။

သို့သော် ၂၀၁၆ တွင် ငွေမည်းစီးဆင်းမှုနှင့် ငွေကြေးခဝါချမှု(Money Laundry) ကို ထိန်းချုပ်ရန်ဟူသော အကြောင်းပြချက်ဖြင့်
အိမ် ခြံ မြေ များကို အခွန်နှုန်းထားတိုးမြှင့်ကောက်ခံခဲ့ကြသည်။ ထိုစဉ်ကအသစ်သတ်မှတ်ခဲ့သော အခွန်နှုန်းထားမှာ တစ်သိန်းမှ သိန်းသုံးရာအထိလျှင် ၁၅ ရာခိုင်နှုန်း ၊ သိန်း သုံးရာအထက်မှ သိန်း တစ်ထောင်အထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်းဟူ၍ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲသတ်မှတ်မှု၏ အကျိုးဆက်သည် အိမ်ခြံမြေ ဈေးကွက်အားအနည်ကျစေသည်အထိ ငြိမ်သက်သွားစေခဲ့ကာ.ယနေ့ကာလအထိခေါင်းထောင်ရန် ခက်ခဲနေဆဲအခြေအနေမျိုးသို့ရောက်သွားသည်။

၂၀၁၅ -၂၀၁၆ အခွန်ကောက်ခံချိန်တွင် နိုင်ငံတော်၏ အခွန်ငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ်ဘီလျံ ၁၂၀၀ ဝန်းကျင်ရရှိနေရာမှ
၂၀၁၄ - ၂၀၁၅ ခုနှစ်တွင် ဘဏ္ဍာငွေ ကျပ်ဘီလျံ ၄၄၀၀ ကျော်ရရှိသည်
အထိ တိုးမြင့်လာကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ထားသောစာရင်းများအရတွေ့ရသည်။

""သင့်တင့်ဆီလျော်တဲ့ အခွန်ဖြစ်တဲ့အတွက် အခွန်ရရှိမှုက တိုးလာတယ်။အခွန်လည်း မရှောင်ကြဘူး။ ဒါကြောင့် ပြည်သူတွေဝယ်ယူတဲ့အခါမှာလည်း အရှုပ်အရှင်း ကင်းလာတယ်။ကောင်းတဲ့သဘောတွေပဲပေါ့။""ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားသည်။

သို့သော် ၂၀၁၆ ဧပြီလ တစ်ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထားအသစ်သည် အခြေခံ လူတန်းစားများကိုသာ အကျိုးမဲ့စေရန်ရည်ရွယ်သကဲ့သို့ ဖြစ်နေပြီး တိုးမြင့်ကောက်ခံခဲ့သည့် ရည်ရွယ်ချက်နှင့် သွေဖယ်သကဲ့သို့ဖြစ်နေသည်။

အိမ် ခြံ မြေ အခွန် နှုန်းထားအသစ်သည် ယခင်ထက် ငါးဆ ဝန်းကျင်မြင့်တက်လာခဲ့သော်လည်း ယင်းပမာဏသည် ငွေကြေးခဝါချမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ပဲ လက်သေးများကိုသာ အခက်အခဲကြုံတွေ့စေသကဲ့သို့ဖြစ်နေသည်။

""အိမ် ခြံ မြေ မှာ သိန်းတစ်ထောင်ဆိုတာတောင် သူဌေးတွေထဲ ပြန်တွက်ရင် ဆင်းရဲသားအဆင့်ပဲရှိသေးတယ်။ပြောရရင် ကောင်းကောင်းမွန်မွန် ကျယ်ကျယ်ဝန်းဝန်း မနေနိုင်သေးဘူး။ဒါတောင် သိန်းတစ်ထောင်နော်။ဒါကို သိန်း သုံးရာလောက်ကို ၁၅ ရာခိုင်နှုန်းဆောင်ရမယ်ဆိုတော့ တကယ်သွားထိတာက လိုအပ်လို့ စုထားဆောင်းထားပြီး ဝယ်တဲ့သူတွေပဲသွားထိတာပေါ့။ဘာကြောင့်လဲဆိုရင် သိန်း တစ်ထောင်အထက်က ၃၀ ရာခိုင်နှုန်းချည်းပဲဆိုတော့ တကယ်ခဝါချနေသူတွေက အားသာပြီး အမှန်တကယ် လိုအပ်သူတွေမှာ နစ်နာတယ်""ဟု အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောဆိုသည်။

၂၀၁၆ ကဲ့သို့သော အခြေအနေများမဖြစ်ပေါ်စေရန်နှင့် အကယ်၍အခွန်နှုန်းထားတိုးမြှင့်ကောက်ခံမည်ဆိုပါကလည်း ပြည်သူအားမျက်နှာမူသင့်ပါကြောင်းတင်ပြရေးသားလိုက်ရပါသည်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service