ကမ္ဘောဒီးယား အစိုးရက ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအတွက် ကန်ဒေါ်လာ ၈၈ သန်းသုံးစွဲကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည်

ကမ္ဘောဒီးယား အစိုးရက ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအတွက် ကန်ဒေါ်လာ ၈၈ သန်းသုံးစွဲကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
21 Mar 2017 11:12 am တွင် တင်ခဲ့သည်
670 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားအစိုးရ မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MLMUPC) သည် ဝင်ငွေနည်းပါးသူများနှင့် လူလတ်တန်းစားများအတွက် အိမ်ရာစီမံကိန်းများဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ Bun Ches Groups Co., Ltd နှင့် လက်တွဲ၍ ကန်ဒေါ်လာ ၈၈ သန်း သုံးစွဲကာ တန်ဖိုးနည်းအိမ်ရာတစ်ခုဆောက်လုပ်ရန် နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးလိုက်ကြကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ MLMUPC ၏ ဝန်ကြီး ချီယာ ဆိုဖာရာတက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။
တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့်နေရာမှာ ကန်ဒယ်ပြည်နယ်၊ ပွန်ဟီးလျူခရိုင်၊ ဆလန်ဒိုင်ဒေါ့စ်ကျေးရွာတွင် ဖြစ်သည်။

ယင်းအိမ်ရာကို ဝင်ငွေနည်းပါးသူများ၊ လူလတ်တန်းစားများအတွက် ရည်ရွယ်သည့်နည်းတူ အရပ်ဘက် အစိုးရဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များမှ အမှုထမ်းများအတွက်လည်း ရည်ရွယ်သည်ဟု ဆိုသည်။

Bun Ches Groups Co., Ltd မှ ဥက္ကဌဖြစ်သူ ဘွန်ချက်စ်က ပြောကြားရာ
တွင် ကုမ္ပဏီအနေဖြင့် အိမ်ရာစီမံကိန်း ဒီဇိုင်းနှင့်
ဆောက်လုပ်မှုအတွက် တာဝန်ယူသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။

“ဒီအုပ်စုဟာ ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့ပြီး ကမ္ဘောဒီးယားမှာ စီမံကိန်းတွေ အများကြီး ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
Toul Kork သိုလှောင်ရုံ၊ Mekong View တာဝါနဲ့ အခြားစီမံကိန်းတွေ
ပါဝင်ပါတယ်။ အခုစီမံကိန်းက စတုတ္ထမြောက်ဆောက်လုပ်ရေး စီမံကိန်း ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

နေအိမ်ခန်းများ၏ ဈေးနှုန်းမှာ တစ်ခန်းလျှင် ကန်ဒေါ်လာ ၂၃၅၀၀ နှင့် ၂၄၈၀၀ အကြားရှိမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်း လက်ငင်းပေးသွင်းရမည်
ဟု ဆိုသည်။

တန်ဖိုးအနည်းငယ်မြင့်သော်လည်း တစ်လလျှင် ပေးသွင်းရမည့်ငွေမှာ
ဒေါ်လာ ၂၀၀ အောက်သာ ဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းတွင် နေအိမ်ခန်းပေါင်း ၅၃၄၀ ပါဝင်မည်ဖြစ်ပြီး
စာသင်ကျောင်းများ၊ ဆေးခန်းနှင့် ဈေးဝယ်စင်တာများလည်း
ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service