မြေကွက်၊ တိုက်ခန်းများနှင့် ပတ်သတ်၍ သိသင့်သည့် အချက်များ

မြေကွက်၊ တိုက်ခန်းများနှင့် ပတ်သတ်၍ သိသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2017 12:06 pm တွင် တင်ခဲ့သည်
13790 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေကွက်၊ တိုက်ခန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားချက်တွေနဲ့ ဖြေကြား ချက်များကို ဖော်ပြပေးလိုက်ပါတယ်........

မေး။ ။ အစိုးရကနေ လူနေဖို့ မြေကွက် အသစ်တွေကို မြို့ပြင်မှာ ချထားပေး တဲ့ အခါမှာ ဘယ်လို ပုံစံနဲ့ ချထားပေးပါသလဲ။

ဖြေ။ ။ အစိုးရကနေ လူနေရပ်ကွက်သစ်တွေကို မြို့ပြင်မှာ အကွက်ရိုက်ပြီး ချပေးတဲ့အခါ ပါမစ်မြေအဖြစ် ချထားပေးပါတယ်။ မြေ အရောင်းအဝယ်သ မားတွေကတော့ဓာတ်ပုံပါတဲ့ မြေချပါမစ်လို့ ခေါ်ကြတယ်။ မြေကွက်အသစ်ဖော်ထုတ်တဲ့အခါ လယ်မြေ၊ ရွာမြေတွေ ပါသွားခဲ့ရင် အဲသည်လယ်သမား၊ ရွာသူရွာသားတွေကို မြို့ကွက်သစ်မှာ မြေကွက်တွေ ပြန်ပေးလေ့ရှိပါတယ်။

အဲသည်လယ်သမားနဲ့ ရွာသူရွာသားတွေကိုတော့ ရပ်ကွက်နဲ့ မြေကွက် လက်မှတ်တွေပါတဲ့ စလစ်စာရွက်တစ်ရွက် ပေးပါတယ်။ အဲသည် စလစ် စာ ရွက်ပေါ်မှာ မြေကွက်ချထားပေးတဲ့ ဌာန၊ ဥပမာ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန ရုံးအမည် တံဆိပ်အပိုင်းနဲ့ တာဝန်ခံအရာရှိရဲ့ လက်မှတ် ပါရှိပါ တယ်။ ပြီးတော့မှ မြေချပါမစ်ရအောင် ဆက်လျှောက်ထားပြီး ယူရပါတယ်။

နယ်မြေတွေမှာတော့ စလစ်မြေစာရွက် စာတမ်းထုတ်ပေးတယ်လို့ သိရပါ တယ်။ ပြီးတော့ မိမိအမည်ပေါက်ကို ပုံစံ (၁၀၅) မြေပုံထွက်လာအောင် ဆက်လက် လျှောက်ထားရတယ်လို့ သိရပါတယ်။ အဲသည်နောက်မှ နှစ် (၃၀) ဂရန်၊ အနှစ် (၆၀) ဂရန် မြေငှားစာချုပ်ကိုင်ထားမှ စိတ်ချရမှာ ဖြစ် ပါ တယ်။

မေး။ ။ အခန်းဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ်း ကုန်ဆုံးသွား လို့ မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင် အခန်းပြန်ရနိုင်ပါသလား။

ဖြေ။ ။ဝယ်ထားတဲ့ တိုက်ခန်းက သက်တမ်းကုန်ဆုံးလို့ ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ပြိုကျပျက်စီးရင်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အခန်းပြန် မရနိုင် ပါဘူး။ ဝယ်ထားတဲ့ အခန်းကို ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ပါဘူး။ မြေရှင်က တိုက်အသစ်ပြန်ေ ဆာက်ရင်တော့ မိမိအထပ်၊ မိမိအခန်းနေရာပြန်ရဖို့ တောင်းဆိုပိုင်ခွင့် ရှိပါ တယ်။ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်ရှိပါတယ်။ တိုက်သစ် ဆောက်တာ မြေရှင်ရဲ့ စိုက်ထုတ်ကုန်ကျ စ ရိတ်တွေရှိပါတယ်။မိမိအခန်း ဆောက်လုပ်ကုန်ကျစရိတ် ကုန်ကျငွေကို ထပ်ပေးရတဲ့ သဘောပါ။ အပြင်လူက လာဝယ်တဲ့ ဈေးအတိုင်း ပေးစရာမ လိုပါဘူး။ အကြောင်းက အရင်တိုက်အဟောင်းအခန်း ဝယ်ယူခဲ့တုန်းက မြေ ရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေရှိနေလို့ အရင် အခန်းပိုင်ရှင်ဖြစ်နေလို့ပါ။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service