တောင်ကြီး အေးသာယာမြို့သစ်ရှိ ကျူးကျော်အိမ်များကို ဖယ်ရှားရန်စီစဉ်

တောင်ကြီး အေးသာယာမြို့သစ်ရှိ ကျူးကျော်အိမ်များကို ဖယ်ရှားရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Feb 2017 11:18 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီးမြို့နယ် အေးသာယာမြို့သစ် ထုံးဖိုရပ် ကွက် (၁) နယ်မြေရှိ လျှိုအတွင်း ကျူးကျော်အိမ်ရာများ လာရောက်ဆောက်လုပ်နေမှု ကို တောင် ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်စာ ထုတ်ပြန် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လျှိုအတွင်း ဖေဖော်ဝါရီလ ဆန်းကစတင်၍ လပိုင်း၊ ရက်ပိုင်းအတွင်း ကျူးကျော်နေအိမ်များ တဖြည်းဖြည်း များပြားလာနေပြီး အိမ်ခြေစုစုပေါင်း ၈၃ လုံးအထိ ရှိနေပြီဟု တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော် အံ့မောင်ကပြောသည်။

‘‘ဒီလိုတရားမ၀င်ကျူးကျော် နေအိမ်တွေတည်ဆောက်နေတာ ဟာ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေထဲမှာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ စာရင်းကောက် ထားပြီးပါပြီ။ တရားမ၀င်ကျူးကျော်နေထိုင်တာတွေကို ခွင့်လည်းမပြုပါ ဘူး။ တားမြစ်မိန့် ထုတ်ပြန်သွားပါမယ်’’ဟု ဦးကျော်အံ့မောင်က ပြောသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေများဖြစ်၍ နည်းဥပဒေ (၆၁)အရ တားမြစ် စာကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်မည်ဟု တောင်ကြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။

တားမြစ်စာ ထုတ်ပြီးသည့် နေ့ကစ၍ ၂၁ ရက်အတွင်း အပြီး ဖယ်ရှားရ မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူ မည်ဟု တောင်ကြီးခ ရိုင်ဥပဒေအရာရှိ ဦးညွန့်ဝင်းကပြောကြား သည်။

‘‘ကျူးကျော်တွေက နေ့ချင်းညချင်းများလာတယ်။ မြေကွက်တွေရမယ်ဆိုပြီးတော့ တစ်ကွက်ကို တစ်သိန်းနှုန်းနဲ့ အိမ်ဆောက်ခွင့်ဆိုပြီး လူတစ်ဦးကနေ ဦးဆောင်ပြီး လုပ်နေတယ်။ ဒါကို အရေးယူဖို့လည်း လိုတယ်’’ဟု အေးသာ ယာမြို့သစ်နေ ဒေသခံ တစ်ဦးကပြောသည်။

တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်တွင် ကွင်းဆင်း ကောက်ယူထားသည့် စာရင်းအရ ကျူးကျော်ဆောက် လုပ်ထားသော လူနေသွပ်မိုးထရံကာနေအိမ် ၈၃ လုံးနှင့် ကျူးကျော်ရန် အကွက်ဖော်ထားသည့် မြေကွက် ၃၀ ကျော်ရှိသည်ဟု ယင်းဌာနမှ သိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service