ပြည်တွင်း ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရစီစဉ်

ပြည်တွင်း ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရစီစဉ် - Property News in Myanmar from iMyanmarHouse.com
20 Feb 2017 11:09 am တွင် တင်ခဲ့သည်
2722 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း ဘဏ်အတိုးနှုန်းတွင် ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း သတ်မှတ် ထားရာမှ ထပ်မံ လျှော့ချရန် စီစဉ်နေကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ပြောကြားသည်။

အသေးစား၊ အလတ်စား လုပ်ငန်းများ ပြည်တွင်းဘဏ်များ မှ ငွေကြေးအ ရင်းအနှီးရယူရေး အခက်အခဲဖြစ်စေသော ဘဏ်အတိုးနှုန်း ကို လျှော့ချနိုင် ရန် အစိုးရအဖွဲ့အတွင်း၌သာမက ပြည်ထောင်စု လွှတ်တော်တွင် လည်း ဆွေးနွေးနေသည်ဟု ပြည်ထောင် စုဝန်ကြီးကဆိုသည်။

‘‘ဝန်ထုပ်ဝန်ပိုးတွေကို ဘယ် လောက်အထိ လျှော့ချနိုင်မလဲ ဆိုတာကိုလည်း အလေးထား ဆွေးနွေးနေပါတယ်။ ပုဂ္ဂလိကကဏ္ဍလည်း အကြံပေးနိုင်ပါ တယ်’’ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်း ချုပ်၌ ပြုလုပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင် များ တွေ့ ဆုံပွဲတွင် ဦးကျော် ဝင်းက ပြောကြားသည်။

စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ဘဏ်အတိုးနှုန်း သည် ပြည်သူ များက ဘဏ်သို့ အပ်သည့် အပ်ငွေအပေါ် တစ်နှစ် လျှင် အတိုး ၁၂ ရာ ခိုင်နှုန်း၊ ချေးငွေအပေါ်၌ ၁၇ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် သုံးကြိမ်တိုင် ဘဏ်အတိုးနှုန်း လျှော့ချခဲ့ပြီး အပ်ငွေ အပေါ် တစ်နှစ်လျှင်အတိုး ၈ ရာခိုင်နှုန်းကျော်နှင့် ချေးငွေအပေါ် ၁၃ ရာ ခိုင်နှုန်း ဗဟို ဘဏ်က သတ်မှတ်ခဲ့သည်။

ဘဏ်အတိုးနှုန်း လျှော့ချမှု သည် ချေးငွေသာမက အများ ပြည်သူများ၏ အပ်ငွေအပေး သည် အတိုးနှုန်းကိုလည်း လျှော့ချလေ့ရှိကြောင်း၊ ယခင်အ စိုးရလက်ထက် ဘဏ်အတိုးနှုန်း လျှော့ချမှုတွင်လည်း ချေးငွေများသာမက အပ်ငွေအပေါ်တွင် လျှော့ချခဲ့ကြောင်း၊ ချေးငွေနှင့် အပ်ငွေအကြား ကွာဟ မှုကို ၅ ရာခိုင်နှုန်းထားပြီး အတိုးနှုန်းလျှော့ချပေးလေ့ရှိကြောင်း ကမ္ဘောဇ ဘဏ် အကြီးတန်းအကြံပေး ဦး သန်းလွင်ကပြောသည်။

လက်ရ စီးပွားရေးအခြေအနေသည် ဖွံ့ဖြိုးတိုးတက် မှု နှေးကွေးနေ ပြီး ငွေကြေးဖောင်းပွမှု များနေချိန်တွင် ဘဏ်အတိုးနှုန်း လျှော့ချခြင်း သည် နိုင်ငံခြားငွေကြေးဈေးကွက်၊ အိမ်မြေဈေးကွက်နှင့် ရွှေဈေးကွက်တို့၌ ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုသည်။ မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုသည် ၂၀၁၆ တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့ စီးပွားရေး စောင့်ကြည့်အစီရင်ခံ စာ၌ ဖော်ပြထားသည်။

ပြည်တွင်း ဘဏ်အတိုးနှုန်း သည် ငွေကြေးဖောင်းပွမှုနှင့် တိုက်ရိုက် ချိတ် ဆက်နေသည်။ ပြည်ပ နိုင်ငံများတွင် ဘဏ်အတိုးနှုန်း သည် ငွေကြေးေ ဖာင်းပွမှု၏ အ ထက်၌ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိဘဏ် အတိုးနှုန်း သည် ငွေ ကြေးဖောင်းပွမှုအောက် ရောက်ရှိနေပြီး ထပ်မံလျှော့ချမည်ဆိုပါ က စီးပွားရေးနှင့် သက်ဆိုင်သည့် အကျပ်အတည်းများကို ထိန်း သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦး သန်းလွင်က အကြံပြုသည်။

လက်ရှိ ပြည်တွင်းဘဏ် အတိုးနှုန်းသည် အသေးစားနှင့် အလတ်စား လုပ် ငန်းများအတွက် ကြီးမားသည့် အတားအဆီးဖြစ် ပေါ်နေပြီး အချိန်ကာလ ကြာမြင့် နေပြီဖြစ်သောကြောင့် ဘဏ်အ တိုးနှုန်းကို သိသာစွာ လျှော့ချရန် လိုအပ်သည်ဟု လှိုင်သာယာစက် မှုဇုန်(၁)မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦး ကပြောသည်။

အာဆီယံဒေသတွင်း နိုင်ငံ များတွင် မြန်မာနိုင်ငံ၏ ဘဏ် အတိုးနှုန်းသည် အများဆုံးဖြစ်နေ သဖြင့် လျှော့ချပေးရန် အသေး စားနှင့် အလတ်စား လုပ်ငန်းရှင် များက အစိုးရကို မကြာခဏ တောင်းဆိုခဲ့ကြသည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service