ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင်

ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 12:00 pm တွင် တင်ခဲ့သည်
1612 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အဆိုတော် ရစ်ကီမာတင်က နယူးယောက်မြို့ ၊ Upper East Side ရှိ ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ထပ်မံဈေးလျှော့ ပေးကာ
ကန်ဒေါ်လာ ၇ ဒသမ ၁ သန်းဖြင့် ပြန်လည်အရောင်းဈေးကွက်
တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိပ်ခန်း ၄ ခန်းပါဝင်သော ကွန်ဒိုခန်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက အရောင်းဈေးကွက်တင်ထားခြင်းဖြစ်သော်လည်း ရောင်းမထွက်ခဲ့ချေ။
နယူးယောက်မြို့ သားများ ကာလတာရှည် စောင့်စားခဲ့သော Second Avenue မြေအောက်ဘူတာရုံ ဖွင့်လှစ်ခဲ့မှုကလည်း ရစ်ကီမာတင်၏ ကွန်ဒိုခန်း ရောင်းထွက်ရန် အထောက်အကူ မဖြစ်ခဲ့။
ယင်းမြေအောက်ဘူတာဖွင့်လှစ်လိုက်ပြီးနောက် အနီးဝန်းကျင်အိမ်ခြံမြေဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းများလည်း မြင့်တက်လာမည်ဟူသော သုံးသပ်ချက်များ များပြားခဲ့သော်လည်း ရစ်ကီမာတင်၏ အခန်းမှာမူ ရောင်းမထွက်ခဲ့ခြင်း ဖြစ်သည်။

ကာလတာရှည် ဝယ်လက်မပေါ်သောကြောင့် ရစ်ကီမာတင်က မူလခေါ်ဈေး ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းမှ ၇ ဒသမ ၁ သန်းသို့ လျှော့ချပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကွန်ဒိုခန်း၏ အကျယ်အဝန်းမှာ ၃၁၄၇ စတုရန်းပေ ကျယ်ဝန်းပြီး
Carl Schurz ပန်းခြံကို စီးမိုးကြည့်မြင်နိုင်ပြီး အရှေ့ မြစ် East River နှင့်လည်း နီးကပ်စွာ တည်ရှိသည်။Master bed room နှစ်ခန်းတွင် ခြောက်ပေအလျားရှိ ရေစိမ်ကန်များပါဝင်ပြီး ရေချိုးခန်း ၄ ခန်းပါဝင်သည်။ထို့အပြင် အဝတ်အစားထားသိုခန်း များစွာပါဝင်ပြီး
ကြမ်းခင်းမှာ ဝက်သစ်ချသား ပါကေးဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါနေအိမ်ကို
၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

ရစ်ကီမာတင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း နာမည်ကျော် ဘီဗာလီဟေးလ်နှင့် ကပ်လျက်တည်ရှိသော Beverly Crest အရပ်ရှိ စတုရန်းပေ ၁၁၃၀၀ ကျယ်ဝန်းသည့် နေအိမ်တစ်လုံးကို
ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ရစ်ကီမာတင်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာတစ်သန်းကျော် ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ပြန်လည်ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service