မသန်စွမ်းတစ်ဦးဖြစ်သည်ဟု လိမ်လည်ကာ နှစ်ပေါင်း ၂၀ ခန့် ထောက်ပံ့ကြေးထုတ်ယူသည့် အိမ်ပွဲစား ထောင် ၁၈ လကျခံရ

မသန်စွမ်းတစ်ဦးဖြစ်သည်ဟု လိမ်လည်ကာ နှစ်ပေါင်း ၂၀ ခန့် ထောက်ပံ့ကြေးထုတ်ယူသည့် အိမ်ပွဲစား ထောင် ၁၈ လကျခံရ - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 12:26 pm တွင် တင်ခဲ့သည်
1662 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စုတွင် ဂျက်ဖရီ အေ ရက်တ်လစ်ဖ်အမည်ရှိ အလုပ်သမားတစ်ဦးသည် မသန်စွမ်းသူဖြစ်သည်ဟု လိမ်လည်ကာ အမေရိကန် မီးရထားလမ်းအငြိမ်းစားဘုတ်အဖွဲ့ထံမှ နှစ်ပေါင်း ၂၀ ခန့် ထောက်ပံ့ကြေး ထုတ်ယူခဲ့မှုဖြင့် တရားရုံးက
ထောင်ဒဏ် ၁၈ လကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း လော့စ်အိန်ဂျလိ
အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

တရားရုံးမှတ်တမ်းများအရ ရက်တ်လစ်ဖ်သည် နော်ဖော့ခ် ဆောက်သမ်း ကော်ပိုရေးရှင်းတွင် ပိုက်ဆက်လုပ်သားတစ်ဦးအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။

ယင်းနောက် လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းဖြစ်သည်ဟုဆိုကာ မသန်စွမ်းနှစ်စဉ်ထောက်ပံ့ကြေးငွေ လျှောက်ထားရယူခဲ့သည်။
နှစ်ပေါင်း ၂၀ အတွင်း ရက်တ်လစ်ဖ် ထုတ်ယူခဲ့သည့်ငွေ စုစုပေါင်းမှာ ကန်ဒေါ်လာ ၄၄၇၀၀၀ ကျော်ရှိသည်။

နော်ဖော့်ခ်မှ အနားယူပြီးနောက် ဟောင်းဝပ်ဟာနာကုမ္ပဏီတွင် အိမ်ခြံမြေပွဲစားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။တရားရုံးမှတ်တမ်းများအရ ရက်တ်လစ်ဖ်သည် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီမှ စတင်ကာ အိမ်ခြံမြေပွဲစားအဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ ဖြစ်သည်။

ယင်းကာလအတွင်း ရက်တ်လစ်ဖ်သည် ဟောင်းဝပ် ဟန်နာ၏ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်တစ်ဦးဖြစ်ခဲ့ပြီး အရောင်းရဆုံး အကျိုးဆောင်စာရင်းတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

မီးရထားလမ်းအငြိမ်းစားဘုတ်အဖွဲ့က အကယ်၍ ရက်တ်လစ်ဖ်အနေဖြင့် အလုပ်အကိုင်အခြေအနေပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက အကြောင်းကြားရန် နှစ်စဉ် သတိပေးအကြောင်းကြားစာပေးပို့ခဲ့သော်လည်း အလုပ်ရနေကြောင်း ဘုတ်အဖွဲ့အား တင်ပြခြင်းမရှိခဲ့။
နောက်ဆုံးတွင် ရက်တ်လစ်ဖ်က လိမ်လည်ခဲ့ကြောင်းနှင့် မိမိလုပ်ရပ်မှားယွင်းသည်ကို သိပါကြောင်း ဝန်ခံခဲ့သည်။

၎င်း၏ရှေ့နေက ထောင်ဒဏ်ချမှတ်ခြင်းမပြုပါရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ခရိုင်တရားသူကြီး ရေဗက္ကာ ဘိခ်ျ စမစ်က ရက်တ်လစ်ဖ် လိမ်လည်ရယူထားငွေအားလုံး ပြန်လည်ပေးဆပ်ရန်နှင့် ထောင်ဒဏ် ၁၈ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ရက်တ်လစ်ဖ်၏ ရှေ့ နေက လျှောက်ထားရာတွင် မိမိ၏အမှုသည်သည် ဘုရားကျောင်းတွင် ပုံမှန်လုပ်အားပေးနေသူတစ်ဦး ဖြစ်သည့်အပြင် မိသားစုအပေါ် တာဝန်ကျေစွာ အိမ်ထောင်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထည်ထည်ဝါဝါနေထိုင်ရခြင်းမျိုးလည်း မရှိကြောင်း၊ ၎င်း၏လုပ်ရပ်အပေါ် ရှက်ရွံ့ ကာ နောင်တကြီးစွာရနေပြီဖြစ်သောကြောင့် ထောင်ဒဏ်မချမှတ်သင့်ပါကြောင်း လျှောက်ထားခဲ့သည်။

တရားသူကြီးစမစ်က ပြောကြားရာတွင်မူ ယခုပြစ်မှုကြီးသည် ထောင်ဒဏ်ချမှတ်သင့်သည့် ပြစ်မှုဖြစ်ပြီး အခြားသူများ အလားတူ မကျူးလွန်ဝံ့စေရန် နမူနာတစ်ရပ်အဖြစ် ပြစ်ဒဏ်ချမှတ်ရမည်သာဖြစ်ကြောင်း၊ ရာဇဝတ်မှုများကို ကျူးလွန်ပြီးနောက် ရှောင်လွှဲထွက်ခွာသွား၍ မရကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service