လာမည့် ၃နှစ် အတွက် မြန်မာ့ စီးပွားရေး တိုးတက်မှု မြင့်တက်မည် ခန့်မှန်း

လာမည့် ၃နှစ် အတွက် မြန်မာ့ စီးပွားရေး တိုးတက်မှု မြင့်တက်မည် ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
2 Feb 2017 10:25 am တွင် တင်ခဲ့သည်
1381 ကြိမ် ကြည့်ရှု့ပြီး
ငွေကြေးဖောင်းပွမှု လျှော့ကျလာပြီး အခြေခံ အဆောက်အအုံ၊ အသေးစား ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် ရင်နှီးမြှုပ်နှံမှု တိုးတက်လာသောကြောင့် မြန်မာ့စီးပွားရေးသည် ရှေ့လာမည့် ၃ နှစ်အတွင်း တနှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း တနင်္လာနေ့က ကမ္ဘာ့ဘဏ်အစီရင်ခံစာတစောင်က ဆိုသည်။

စီးပွားရေးရှေ့ အလားအလာမှာ နှိုင်းယှဉ်ချက်အားဖြင့် ကောင်းသော်လည်း တည်ငြိမ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအ တွက် အန္တရာယ်များတွင် ကျဉ်းမြောင်းသော ကုန်ထုတ်လုပ်မှု အခြေခံ၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသော ကမ္ဘာ့ ဈေးကွက်၊ ကုန်စည် အမျိုးအမည် ကွဲပြားမှု မရှိခြင်းနှင့် နိုင်ငံတကာ ကုန်စည်ဈေးများ မြင့်မားလာခြင်းတို့ပါဝင်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းမှု၊ ဆက်သွယ်နိုင်မှု၊ အယုံအကြည်ရှိမှုတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအကြား သတိကြီးကြီးထားသော နည်းလမ်းကို အသုံးပြုရန် ပြင်ဆင်ရမည်ဟု ထိုအစီရင်ခံစာက အကြံပြုသည်။

ပြီးခဲ့တဲ့နှစ်အတွင်း ဇူလိုင်လက ထုတ်ပြန်သည့် အချက် ၁၂ ချက်ပါ စီးပွားရေး မူဝါဒများ အရ စီးပွားရေး ရည်မှန်းချက်ကို ကာလတို စီးပွားရေး မူဝါဒများနှင့် အခြေအနေများကို ပုံမှန်ပြန်လည် အစီရင်ခံခြင်းနှင့် ပေါင်းစပ်ပါက စီးပွားရေး မျှော်မှန်း ချက်များကို ပိုမိုခိုင်မာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းရန် အထောက်အကူ ပြုနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

“ရေရှည်တည်ငြိမ်ပြီး အားလုံး ခံစားနိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒတွေဟာ မြန်မာပြည်သူတွေ ဝင်ငွေရပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေရဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် အရေးကြီးပါတယ်။

ဒါတွေဟာ ဆင်း ရဲတဲ့သူတွေ ကို အထိခိုက်ဆုံးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချရာမှာလည်း အရေးပါပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ Abdoulaye Seck က ပြောသည်။

၂၀၁၇ ခုနှစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၅- ၁၆ ခုနှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်း မှ ၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်သည်။

နိုင်ငံသည် ယခင်နှစ်က ရေလွှမ်းမိုးမှုများကြောင့် ထုတ်လုပ်မှု ကျဆင်းပြီး အစိုးရသစ်သည် တာဝန်ယူပြီး ပထမ ၆ လအတွင်း စီးပွားရေး ခက်ခဲသော စီးပွားရေး ဝန်းကျင်တွင် လမ်းကြောင်း ရှာနေရသည်။ ရေလွှမ်းမိုးမှုနှင့် အတူ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်း ဘဏ္ဍာရေးရှင်းတမ်းကို ကွာဟစေပြီး လိုငွေပြစေသည်ဟု အစီရင်ခံစာက ပြောသည်။

ကိုမင်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖြစ်ပ်ါသော ရေလွှမ်းမိုးမှုမှ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည် နလံထရေးမှာလည်း မျိုးစေ့ညံ့ ဖျင်းမှု၊ ဓာတ်မြေသြဇာ ရရှိမှု စသည့် ကဏ္ဍအတွင်း နှစ်ပေါင်းများစွာ ကန့်သတ်ချက်များကြောင့် အဟန့်အတား ကြုံရသည် ဟု အစီရင်ခံစာက ဆိုသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service