မြေကွက်ဝယ်ယူမှု သတိပြုစရာ

မြေကွက်ဝယ်ယူမှု သတိပြုစရာ - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2017 12:23 pm တွင် တင်ခဲ့သည်
25815 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တစ်ချို့သောစာဖတ်သူများက ကျွန်မတို့ Company မှတစ်ဆင့် မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆို တဲ့ မြေ၀ယ်နည်းများကို မေးမြန်းလာတဲ့အတွက် ဒီတစ်ပတ် မြေ၀ယ်ယူ ပုံလေးကို ရေးသားတင်ဆက်လို့ပါတယ်။ လူကြီးမင်းတို့ဟာ ဂရံမြေတစ် ကွက်ကို ၀ယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေ့ ဆုံခဲ့သည် ဆိုပါစို့။

ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်က မြေဈေးကို ညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကို ညှိရပါမယ်။ ဈေးညှိပြီးလို့ ကြိုက်ပြီဆို တာနဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံမြေခွန်နှင့် အရောင်းအ၀ယ် စာချုပ်တို့ ကို တောင်းယူကြည့်ရှု့ပြီး အမည်ပေါက်မြေပိုင်ရှင်က ရောင်းခြင်း ဟုတ်/ မဟုတ် ကိုလေ့လာရပါမယ်။ အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအ၀ယ်အတွက် စရံငွေ ပေးချေလို့ရပါပြီ။ စရံငွေအချို့ ပေးချေ သည့် နေ့၌ ယင်းမြေကွက်၏ မြေဂရံမူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက်စစ်ဆေးရပါမည်။

မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများ ကို မိတ္ထူတစ်စုံကူးယူထားရပါမည်။ ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေ ကွက်နှင့် ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများ ရှိပါက လာရောက်ကန့်ကွက်နိုင် ကြောင်း သတင်းစာကြော်ငြာ ထည့်သွင်း ရပါမည်။ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။

သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့် သည့်တိုင် လာရောက်ကန့်ကွက် မည့်သူမရှိပါက အရောင်းအ၀ယ်အား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအားဝယ်ယူသူမှ ရောင်းချသူသို့ ပေးချေမည့်နေ့တွင် ရောင်းချသူထံမှရောင်းချမည့် မြေကွက် နှင့်တကွ ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့် ယင်းမြေကွက်နှင့် စပ်ဆိုင်ပတ်သက်သော စာချုပ်စာတမ်း မူရင်း အားလုံးကို ၀ယ်ယူမှတောင်းခံရမည့်အပြင် ယင်းမြေကွက်အား ၀ယ်ယူသူ အမည်ပေါက်ရေးအတွက် ၀ယ်သူမှ စရိတ်စကကျ ခံပေး ပြီးရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက်မှတ်ရေး ထိုးဆောက်ရွက် ပေးမည်ဖြစ်ကြောင်း အရောင်းအ၀ယ်စာချုပ်၌ ကတိပြု လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။

ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီး တွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါကရောင်းချသူအားရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင် ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစား (S.P) ကိုပေးအပ်ရမည်ဖြစ်ပါသည်။

Credit: Myanmar Property New

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service