စက္ကန့်အနည်းငယ်နဲ့ first impression ကောင်းအောင်လုပ်ပါ

စက္ကန့်အနည်းငယ်နဲ့ first impression ကောင်းအောင်လုပ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2017 11:22 am တွင် တင်ခဲ့သည်
1527 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တကယ်လို့ သင်ဟာ လူတွေအများကြီးရှေ့မှာထွက်ပြီး ရှင်းပြပြောပြရမယ့်
ပွဲကြီးတစ်ခုနဲ့ ကြုံလာရပြီဆိုပါစို့။ အဲဒီမှာ သင်ဟာ လူအထင်ကြီးနိုင်
လောက်တဲ့ အကြောင်းအရာတွေကို စုစည်းပြင်ဆင်ရတာ၊
မေးလာမယ့်မေးခွန်းခက်ခက်တွေအတွက် ကြိုတင်ပြင်ဆင်ရတာမျိုး
လုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ပြဿနာတစ်ခု ရှိနေပါတယ်။ ဒီလိုပွဲကို ရောက်
လာကြမယ့်သူအားလုံးဟာ သင့်ရဲ့ လှုပ်ရှားပုံ အပေါ်မှာ အဓိက
ဝိုင်းပြီး အာရုံစိုက်ကြမှာ ဖြစ်လို့ ပထမဆုံး နှစ်စက္ကန့်လောက်အချိန်
လေးဟာ သင့်ကို သူတို့တွေ ဘယ်လိုရှုမြင်သွားမလဲဆိုတာ
ဆုံးဖြတ်ပေးမယ့်အရေးအကြီးအချိန် ဖြစ်လို့ အဲဒီအချိန်ကို
ကောင်းမွန်စွာ ကျော်ဖြတ်ဖို့လိုအပ်ပါတယ်။

ဒီအတွက် သင်ဘာမှ ပြင်ဆင်မထားဘူး၊ သိမထားဘူးဆိုရင်တော့
သင် ကြိုးကြိုးစားစား ပြင်ဆင်လုပ်ကိုင်ထားသမျှဟာ
အလာဟသဖြစ်သွားပါလိမ့်မယ်။

၁၉၉၂ ခုနှစ်တုန်းက သုတေသီတွေဖြစ်ကြတဲ့ Nalini Ambady
နဲ့ Robert Rosenthal တို့က ကျွန်တော်တို့တွေရဲ့ အောင်မြင်မှုအတွက်
first impression တွေဟာအရမ်းအရေးကြီး
တယ်ဆိုတာကို ရှာတွေ့ခဲ့ကြပါတယ်။

သူတို့တွေရဲ့ လေ့လာချက်မှာတော့ ပါမောက္ခတွေရဲ့ သင်ကြားပုံကို
ရိုက်ထားတဲ့ နှစ်စက္ကန့်စာ ဗီဒီယိုတို လေးတွေကို ကြည့်ခိုင်းပြီး
ကျောင်းသားတွေကို အကဲဖြတ်အမှတ်ပေးခိုင်းခဲ့တာဖြစ်ပါတယ်။
နောက်ပြီးတော့ အဲဒီအကဲဖြတ်အမှတ်တွေကို ယူထားပြီး
စာသင်နှစ်တစ်နှစ်ကုန်ဆုံးချိန် အဲဒီပါမောက္ခအပေါ် ကျောင်းသားတွေရဲ့
တစ်နှစ်တာအမှတ်ပေးအကဲဖြတ်ချက်တွေနဲ့ ပြန်လည် နှိုင်းယှဉ်ခဲ့
ပါတယ်။ ရလဒ်ကတော့ ဗီဒီယို ကိုကြည့်ပြီး ကျောင်းသားတွေရဲ့
အကဲဖြတ်မှုပိုင်းမှာ အမှတ်နည်းတဲ့ဆရာက စာသင်နှစ်တစ်နှစ်
လုံးအပြီး သူ့ရဲ့သင်ကြားပုံအပေါ် ကျောင်းသားတွေ ကြိုက်နှစ်သက်မှု
နည်းပါးတာကို တွေ့ရပြီး ဗီဒီယို မှာအကဲဖြတ်ချက်အမှတ်
ကောင်းကောင်း ရတဲ့ဆရာတွေကတော့ ကျောင်းသားတွေ
ရဲ့အထူးကြိုက်နှစ်သက်မှုကိုပါ ရရှိခဲ့တာကိုတွေ့ရပါတယ်။

ဒီနေရာမှာ ဆရာတွေကို အကဲဖြတ်တာကို ကြည့်ရင် နှစ်စက္ကန့်စာ
ဗီဒီယိုကို ကြည့်ပြီး အကဲဖြတ်တာနဲ့ နာရီပေါင်းများစွာကြာ
သင်ကြားမှုတွေအားလုံးကို ကြည့်ပြီး အကဲဖြတ်တာနဲ့မှာ
ရလဒ် အတူတူပဲဆိုတာကို တွေ့ရပါတယ်။ ကျောင်းသားတွေ
ကတော့ ဒီဗီဒီယိုတွေကို ကြည့်ပြီးအကဲဖြတ်ရာမှတော့
Body language တစ်ခုတည်းအပေါ်မှာပဲ မူတည်ပြီး
အကဲဖြတ်ကြတာလည်း ဖြစ်ပါတယ်။

Nalini Ambady နဲ့ Robert Rosenthal ကတော့ ဒီလိုမျိုး မြန်မြန်ဆန်ဆန်
တခဏအတွင်းအကဲဖြတ်တဲ့အပြုအမှုကို "thin-slicing" လို့
ပြောပါတယ်။ ဒီသင်ခန်းစာကို ကြည့်ရင်တော့ ကျွန်တော်တို့အနေနဲ့
ပထမဆုံး လူတွေအများကြီးတွေ့ရတော့မယ့်အချိန်မှာ
အစပထမစက္ကန့်ပိုင်းအတွင်း first impression ကောင်းအောင်
လုပ်ဖို့လိုတယ်ဆိုတာကို သိရမှာဖြစ်ပြီးတော့ အဲဒီလိုမှမဟုတ်ရင်
တော့ ဒီအတွက် ကြိုးကြိုးစားစား ပြင်ဆင်လာသမျှ အချည်းနှီးဖြစ်
သွားရဖို့သာ ရှိပါတော့တယ်။ ဒါကြောင့် နှစ်စက္ကန့်အတွင်း
လူတွေကိုယ့်ကို အထင်ကြီးစေနိုင်မယ့် နည်းလမ်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။

၁- အစကောင်းပြီး စနစ်တကျဖြစ်အောင် သေသေချာချာလုပ်ထားခြင်း

first impression အကြောင်း ကျွန်တော်တို့စပြောတဲ့အချိန်မှာ
အကြောင်းကိစ္စအတွက် အဖွင့်အမှာစကားပြောတာ၊ မိတ်ဆက်တာ
လောက်ကနေ စပြီး သေချာဂရုစိုက်ရမယ်လို့ ထင်ရထင်ပါလိမ့်မယ်။
ဒါပေမဲ့ သင်စင်ပေါ်တက်သွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အခန်းထဲ
စ၀င်လိုက်တဲ့အချိန်ပဲဖြစ်ဖြစ် အဲဒီအချိန်တွေကလည်း
သင့်အတွက်အရေးကြီးတဲ့ ပထမဆုံးသော အခိုက်အတန့်ပဲဖြစ်ပါတယ်။

အားလုံးကို သေချာပြင်ဆင်ထားပြီးပါစေ၊ သင့်ပြောမယ့်အကြောင်း
တွေ မစခင် ပတ်ဝန်းကျင်ကို ကောင်းကောင်းထိန်းထားနိုင်ပြီလား?
သင့်ပြမယ့် ဆလိုက်တွေ အသင့်ဖြစ်ပြီလား? သင့် မိုက်ခရိုဖုန်းကို
စမ်းပြီးပြီလား? သင့်အိတ်တွေကို နေရာတကျထားပြီးပြီလား?
အဲဒီအချက်တွေကို လုပ်နေရတာနဲပဲ သင့်ရဲ့ပထမဆုံးနှစ်စက္ကန့်
ကို ပြန်းတီးမသွားပါစေနဲ့။ သင်စင်ပေါ်တက်ချိန် ဒါမှမဟုတ်
အခန်းထဲဝင်ချိန်မှာ သေချာတဲ့အပြုံးတစ်ခုနဲ့
စတင်ရမှာဖြစ်ပါတယ်။

တကယ်လို့ အောက်ကပရိသတ်မစုံသေးလို့ သင်အနည်းငယ်
စောင့်ရမယ်ဆိုရင်လည်း သင့်ဖုန်းကို ဖွင့်စစ်နေတာမျိုး၊ လ
က်ကမ်းစာစောင်တွေ ဝေနေတာမျိုး၊ ဆလိုက်တွေကို ထပ်တလဲလဲ
ပြန်ကြည့်နေတာမျိုး မလုပ်မိပါစေနဲ့။ အဲဒီအစား ရှေ့ကထိုင်ခုံ
တစ်နေရာမှာ ၀င်ထိုင်ပြီး အခန်းထဲဝင်လာကြသူတွေကို နှုတ်ဆက်ပေးပါ။

၂. ကိုယ်ပြောရမယ့်အကြောင်းအရာတွေကို သေချာအောင် ပြင်ဆင်ထားပါ။

အတော်ဆုံးဆရာဆရာမတွေကတော့ သူတို့တွေအနေနဲ့
ခင်ဗျားတို့ကို သင်ကြားပေးရတာ ပျော်ရွှင်ပြီးတော့
သူတို့သင်ကြားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ ယုံကြည်မှုရှိတယ်
ဆိုတာ ပြသပေးနိုင်ကြပါတယ်။ အဲဒီလို ပထမဆုံးနှစ်စက္ကန့်လောက်
အတွင်းမှာ သင်လည်း အဲဒီလို ဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စဖွင့်ဖွင့်ချင်းမှာ စိတ်အားတက်ကြွမှုတွေ ရှိပါစေ။
ပရိသ တ်အပေါ် လေးစားမှုကို ပြပါ၊ တကယ့်စိတ်လှုပ်ရှား
စိတ်ပါဝင်စားမှုပုံစံကို ပြပါ။

အဲဒီအခိုက်အတန့် နှစ်စက္ကန့်ကို ကျော်သွားရင်တော့ အခန်းထဲမှာ
ရှိသူအားလုံးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပါ၊ ဘာလို့လဲဆိုတော့
ကိုယ်က သူတို့တွေ တစ်ယောက်ချင်းစီကို ပြောနေတာဆိုတာကို
သိသွားစေဖို့ပါ။ ဒါကို အခန်းကျဉ်း ဒါမှမဟုတ် စာသင်ခန်းထဲမှာတော့
အလွယ်တကူလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခန်းကျယ်ကြီးထဲမှာ
ပရိသတ်အများကြီးအဲဒီလို တစ်ယောက်စီတိုင်း မျက်လုံးချင်းဆုံဖို့က
မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုရင်တော့ အခန်းရဲ့ ဘယ်ဘက်ကနေ စပြီး
ထောင့်နေရာတွေကို ကြည့်လာပြီး အလယ်မှာ အကြည့်ရပ်ပါ၊
ပြီးတော့ အဲဒီအတိုင်း ညာဘက်ကိုလည်း ကြည့်ပါ။

အဲဒီလို အားလုံးကို ခြုံပြီး ကြည့်ပြီးတဲ့အချိန် သင်ပြောနေတာ
ခဏ ရပ်လိုက်ပါ။ အဲဒီမှာ ပရိသတ်က "thin-slicing လုပ်ပါလိမ့်မယ်၊
ဒါပေမယ့် သူတို့ရဲ့ အကဲဖြတ်ချက်တွေမှာ သင့်ပုံစံကို နှစ်သက်မှုတွေပဲ
ပါနေပါလိမ့်မယ်။ ဒီလိုနည်းနဲ့ သင့်ကို ပထမဆုံးအခိုက်အတန့်မှာပဲ
အထင်ကြီးစေမယ့် နည်းကို သင်လုပ်နိုင်ပါလိမ့်မယ်။


Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service