ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် သုံးနှစ်အတွင်း မြေဈေးနှုန်းများ အဆ ၅ဝ ကျော် မြင့်တက်

ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် သုံးနှစ်အတွင်း မြေဈေးနှုန်းများ အဆ ၅ဝ ကျော် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
30 Jan 2017 10:45 am တွင် တင်ခဲ့သည်
1315 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ လယ်ယာမြေနှင့် မြေမျိုးစုံဈေးနှုန်းများမှာ မြို့ခံစီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်တွင်း ကုမ္ပဏီတစ်ချို့မှ ဆက်တိုက်ဝယ်လိုအားများ ပြားလာမှုကြောင့် သုံးနှစ်အတွင်း အဆ ၅ဝ ကျော်အထိ မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျွန်းရှိ မြေဈေးနှုန်းများမှာ ၂ဝ၁၃ခုနှစ်မတိုင်မီက လယ်မြေ တစ်ဧက သုံး သိန်းကျော်၊ (၄ဝx၆ဝ) ခြံမြေတစ်ကွက်လေး သောင်းဝန်းကျင်နှင့် ဥယျာဉ်ခြံမြေ၊ တောင်ယာမြေဈေးနှုန်းများမှာ တစ်ဧကလျှင် ကျပ်တစ်သိန်း သာရှိကြောင်း ကျွန်းသူကျွန်းသားများထံမှ သိရသည်။

တရုတ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှ ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ရန်နှင့် အမြင့်ဈေးဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံမှု များပြားလာသည့်အတွက် လက်ရှိတွင် ပျမ်းမျှ လယ်မြေတစ်ဧက ကျပ်သိန်း ၅ဝ၊ (၄ဝx၆ဝ) ခြံမြေတစ်ကွက် ကျပ်သိန်း ၄ဝ ဝန်းကျင်နှင့် ဥ ယျာဉ်ခြံမြေ များမှာလည်း တစ်ဧက ကျပ် ၂၅ သိန်းကျော် အထိ မြင့်တက်နေကြောင်း မဒေးကျွန်းရှိ လယ်မြေ အရောင်းအဝယ် လုပ်ကိုင်သူများမှ သိရသည်။

''မဒေးကျွန်းက ရခိုင်ပြည်နယ်မှာ တရုတ်မြို့တော်အထိ ဖြစ်လာမှာပါ။ မြေတွေကို တရုတ်စီမံကိန်း ကုမ္ပဏီ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ မြို့ခံနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေက အကွက်ရိုက်ဝယ်နေကြတာပါ။ သူတို့က ဘယ်လောက်ပဲ ဈေးမြင့်မြင့် ဝယ်နေမြဲဝယ်နေကြတာ တွေ့ရပါတယ်။ ကျွန်းသူ၊ ကျွန်းသားမြေတွေက သိပ်ပြီးမကျန်တော့ဘူး။ လူတွေက ဆင်းရဲပြီး အသိဥာဏ်နည်းပါးတော့ ပြည်ချစ်၊ မျိုးချစ်စိတ် မမွေးနိုင်ကြဘဲ ငွေပုံကြီးမြင်ရင် အကုန်ရောင်းချလိုက်ကြတာပါ''ဟု မဒေးကျွန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ကိုင်သူ ဦးလှကျော်က ပြောသည်။

တရုတ်ရေနံတင်ဆိပ်ကမ်းနှင့် တရုတ်ကုမ္ပဏီများ တည်ရှိနေမှုကြာင့် ကျွန်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်လာမည့် အရေးကို အများက မျော်လင့်ကြိုဆိုနေကြသော်လည်း ကျွန်းအား တရုတ်မူဝါဒ လွှမ်းမိုးသွားမည့်အရေးနှင့် အမျိုးဘာသာ၊ သာသနာထိခိုက်လာမည့် အရေးကို ဒေသခံများက အထူးစိုးရိမ်မှု များရှိနေကြောင်း ကျွန်းသူ ကျွန်းသားတို့က ဆိုကြသည်။ မဒေးကျွန်း တစ်ကျွန်းလုံးရှိမှာ မြေမျိုးစုံ ဧက ၃ဝဝဝ ကျော်ရှိပြီး ယင်းမှ လယ်ယာ မြေဧက ၆ဝဝကျော်နှင့် ကျန်မြေများမှာ ဥယျာဉ်ခြံမြေနှင့် တောင်မြေများဖြစ်ပြီး လက်ရှိတွင် မြေမျိုးစုံအားလုံး၏ ၂၅ရာခိုင်နှုန်းကျော်ကို ရောင်းချထားပြီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ မဒေးကျွန်းမှာ ကျောက်ဖြူမြို့၏အရှေ့ တောင်ဘက် ခုနစ်မိုင်ကျော်အကွာတွင် တည်ရှိပြီး ရွာမ၊ ပြိန်ချောင်၊ သောက်တလူ တောင်၊ ကံ့ကော်တောင်၊ ရွာသစ်ဟူ၍ ကျေး ရွာငါးရွာရှိပြီး လူဦးရေ၃ဝဝဝ ဝန်းကျင်ခန့် နေထိုင်ကြောင်း သိရသည်။

Credit: The Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service