အိမ်ခြံမြေ စာချုပ်ချုပ်မယ်ဆိုရင်

အိမ်ခြံမြေ စာချုပ်ချုပ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2017 12:02 pm တွင် တင်ခဲ့သည်
17011 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်ခြံမြေ အရောင်းအဝယ်အငှား စာချုပ်ချုပ်မယ်ဆိုရင် စာချုပ်မှာ ဖော်ပြ ရ မယ့် ရက်စွဲ၊ လက်မှတ်၊ ဆက်ခံသူတွေ စတဲ့ သိသင့်တဲ့ အချက်တွေရှိပါတယ်။

ရက်စွဲမပါတဲ့ စာချုပ်

စာချုပ်ချုပ်မယ်ဆိုရင် ရက်စွဲမပါတာဟာ ကာလသတ်မှတ်ချက် ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ စာချုပ်မှာ ‘စာချုပ်ပြုလုပ်တဲ့ အချိန်ကစပြီး ရှစ်လနဲ့ အပြီးတိုက်ကို ဆောက်လုပ်မှာ ဖြစ်ကြောင်း ကန်ထရိုက်တာက တာဝန်ယူပါသည်’ လို. ပါရှိပေမဲ့လည်း စာချုပ်ချုပ်ဆိုတဲ့ ရက်စွဲ မထည့်သွင်းထားပါဘူး။

ဒါကြောင့် စာချုပ်ချုပ်ဆိုတဲ့ အချိန်ကစပြီး ဘယ်နှစ်လ အတွင်း အပြီးဆောက်မယ် ဆိုပေမဲ့ စာချုပ်ချုပ်တဲ့ ရက်စွဲမပါတာကြောင့် အပြီး ဆောက်လုပ်မယ်ဆိုတဲ့ ကာလကို သတ်မှတ်ရခက်ပါလိမ့်မယ်။

ဒါ့အပြင် အရစ်ကျစနစ်နဲ. ငွေပေးချေရတဲ့ စာချုပ်တွေမှာလည်း ‘စာချုပ်ချုပ် ဆိုတဲ့နေ့ကနေ ၁၅ရက်မြောက်နေ့မှာ ပထမရစ်၊ ၃၀ရက်နေ့မှာ ဒုတိယအရစ်ကို ဝယ်သူက ရောင်းသူကို အပြီး ပေးချေရမယ်’ ဆိုပြီး ချုပ်ထားပါတယ်။ ဒါပေမဲ့ အဲသည်စာချုပ်မှာ ချုပ်တဲ့ ရက်စွဲ မပါ တာကြောင့် ငွေပေးရမယ့်သူအတွက် အဆင်ပြေစေနိုင်ပါတယ်။

ဒါကြောင့် စာချုပ်တိုင်းမှာ စတင်ချုပ်ဆိုတဲ့ ရက်စွဲအပြင် တခြားဆောင်ရွက် မှုနဲ့ စပ်လျဉ်းတဲ့ ရက်စွဲမှာ ပါရှိဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

စာမျက်နှာတိုင်း လက်မှတ်ထိုးရန်

အရောင်းအဝယ်စာချုပ်၊ ပေါင်နှံခြင်းစာချုပ်၊ ငွေချေးကတိ
စာချုပ်၊ ငှားရမ်းခြင်း စာချုပ်စသဖြင့် မှတ်ပုံတင်ရုံးမှာ ပြုလုပ်တဲ့ စာချုပ်တွေမှာ အငြင်းပွားမှု ပြဿနာ မရှိလှပေမဲ့ အရပ်ဘက်သဘောတူ ကတိစာချုပ်တွေမှာတော့ အငြင်းပွားမှုတွေ မကြာခဏ ပေါ်ပေါက်ပါတယ်။ အကြောင်းကတော့ စာချုပ်ရဲ့ စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုး ထားခြင်းမရှိလို့ ပေါ်ပေါက်ရတဲ့ ပြဿသာနာတွေဖြစ်ပါတယ်။

ဥပမာ အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်ချုပ်ဆိုတဲ့အခါ အိမ်ရှင်နဲ့ အိမ်ငှားလိုက်နာရမယ့်အချက်တွေပါဝင်တဲ့ စာချုပ်တွေမှာ စာမျက်နှာ သုံးမျက်နှာလောက်အထိ ပါရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးရာမှာ စာချုပ်ချုပ်ဆိုသူတွေဟာ များသောအားဖြင့် စာချုပ်ရဲ. နောက်ဆုံးစာမျက်နှာ၊ စာချုပ်ရဲ့ နောက်ဆုံး စာပိုဒ်အောက်ရှိ (အိမ်ရှင်) (အိမ်ငှား) စသဖြင့် ရည်ညွှန်းအမည် နေရာမှာပဲ ကာယကံရှင် လက်မှတ်ရေးထိုးကြလေ့ ရှိပါတယ်။

တချို.က စာချုပ်ရဲ. ပထမစာမျက်နှာနဲ. ဒုတိယစာမျက်နှာတွေကို မိမိစိတ်တိုင်းကျ လက်ရေးတူ၊ လက်နှိပ်စက် စသဖြင့် ပြန်လည်ရေးသား ရိုက်နှိပ်ပြီး တတိယစာမျက်နှာနဲ့ အဆက်အစပ် ပြုကာ စာချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းလဲသွားအောင် လုပ်တတ်ကြပါတယ်။

ဒါကြောင့် စာချုပ်ချုပ်ဆိုမယ်ဆိုရင် စာမျက်နှာတိုင်းရဲ့ အောက်ခြေနေ ရာမှာ ဖြစ်စေ၊ နံဘေးနေရာလွတ်မှာ ဖြစ်စေ၊ ကာယကံရှင် နှစ် ဦးနေရာလွတ်မှာ ဖြစ်စေ၊ ကာယကံရှင်နှစ်ဦးနှစ်ဖက်လုံးနဲ့ သက်သေတွေ အပါအဝင် လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါတယ်။

ဆက်ခံသူတွေ အကျုံးဝင်အောင်

စာချုပ်ချုပ်ဆိုရာမှာ လူပုဂ္ဂိုလ်အချင်းချင်း စာချုပ်ချုပ်ဆိုတာ ရှိသလို ကုမ္ပဏီ အသင်းအဖွဲ.အချင်းချင်း ချုပ်ဆိုကြတာလည်း ရှိကြပါတယ်။ နောင်တစ်ချိန်မှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆင်ခြေမပေးနိုင်အောင် ဖော်ပြချုပ်ဆိုသင့်ပါတယ်။

ဥပမာ လူပုဂ္ဂိုလ်အချင်းချင်း ချုပ်ဆိုမယ်ဆိုရင် ‘အထက်ပါအပိုင်ရောင်းသူ၊ အပိုင်ဝယ်သူဆိုရာ၌ ၎င်းတို့ရဲ့ အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ် လွှဲစာရသူတွေအားလုံး အကျုံးဝင်သည်’ ဟူ၍ မှတ်ယူကြရမှာ ဖြစ်ပါတယ်။
ရောင်းသူဘက်အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင် ကိုယ်စားလှယ်လွှဲစာရသူတွေက ၎င်းတို့မသိကြောင်း သို့မဟုတ် ၎င်းတို့ဆောင်ရွက်ပေးနိုင်ပါကြောင်း ငြင်းပယ်ခွင့် မရှိအောင် ထည့်သွင်းရခြင်းဖြစ်ပါတယ်။

အလားတူ ဝယ်သူဘက် အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသများ၊ တရားဝင် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာရသူတွေ အနေနဲ့ ဆက်လက်ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြောခွင့်ရှိအောင် ထည့်သွင်း ရတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းအဖွဲ့ ကုမ္ပဏီတွေနဲ. စာချုပ်ဆိုတဲ့အခါမှာလည်း ကိုယ်စားပြု ပုဂ္ဂိုလ်တွေက လက်မှတ်ထိုးရပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသူ ပုဂ္ဂိုလ်တွေ ကနေ သဘောတူလက်မှတ်ထိုးခဲ့တာကို မိမိတို့ အသိအမှတ် မပြုကြောင်း ၊သဘောမတူကြောင်း နောင်တစ်ချိန်မှာ ထပ်ရောက်လာတဲ့ အသင်းအဖွဲ့၊ ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ ဆင်ခြေမပေးနိုင်အောင် စာချုပ်မှာ အောက်ပါအတိုင်း ချုပ်ဆိုသင့်ပါတယ်။

ဥပမာ ‘_____အသင်းအဖွဲ.ကိုယ်စား၊ ဥက္ကဌဖြစ်သူ ဦး ___က() ရက်နေ.မှာ ပြုလုပ်တဲ့ အသင်း အမှုဆောင် အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိကိုယ်စားပြုတဲ့ အသင်းအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ အာဏာကို ကျင့်သုံးပြီး တာဝန်ယူလက်မှတ် ရေးထိုးပါတယ်’ ဟု ဖော်ပြလျက် (ဖော်ပြပါ အသင်းအဖွဲ့၊ ကုမ္ပဏီဟုဆိုရာမှာ မိမိတို့အပြင် အသင်းအဖွဲ့၊ ကုမ္ပဏီရဲ့ ဆက်ခံသူတွေ၊ ဆက်ခံခွင့်ရှိသူတွေ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစရသူတွေ အားလုံး အကျုံးဝင်သည်ဟူ၍ မှတ်ယူကြ ရမှာ ဖြစ်ပါတယ်။)ဆိုတဲ့ အပိုဒ်ကို ထည့်သွင်း ချုပ်ဆိုရ မှာ ဖြစ်ပါ တယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service