ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအ၀ယ် စတင်သည့် လေးရက်အတွင်း ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာတန်ဖိုး အနိမ့်ဆုံးဈေးအောက် ပြုတ်ကျ

ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအ၀ယ် စတင်သည့် လေးရက်အတွင်း ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာတန်ဖိုး အနိမ့်ဆုံးဈေးအောက် ပြုတ်ကျ - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 10:29 am တွင် တင်ခဲ့သည်
1398 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ သည့် ပထမ ပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်း ချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ပထမဆုံး ရောက်ရှိသွားကြောင်း ဇန်န၀ါရီ ၂၅ ရက်တွင် ဖြစ်ပေါ် သည့် ဈေးနှုန်းပြောင်းလဲမှုအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုအပေါ် ဇန်န၀ါရီ ၁၉ ရက်က ဈေးကွက်ဖွင့်လှစ်ခဲ့ရာတွင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၄၄၀၀၀၊ အနိမ့်ဆုံးဈေး ကျပ် ၃၄၀၀၀ နှင့် ကြမ်းခင်းဈေးအဖြစ် ရှယ်ယာ တစ်စု ကျပ် ၃၉၀၀၀ အဖြစ် သတ်မှတ်ခဲ့သော်လည်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ ဖြင့်သာ နေ့စဉ် အရောင်းအ၀ယ် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုဈေးနှုန်းလျော့ကျလာခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံး စတင်ရောင်းချခဲ့သည့် FMI ရှယ်ယာသည် ကြမ်းခင်းဈေး ကျပ် ၂၆၀၀၀ ဖြင့် စတင်ခဲ့ပြီး အမြင့် ဆုံးဈေး တွင် ကျပ် ၃၁၀၀၀ နှင့် အနိမ့်ဆုံးဈေးတွင် ကျပ် ၂၁၀၀၀ သတ်မှတ် ခဲ့ရာတွင် အမြင့်ဆုံးဈေးဖြင့် စတင်ရောင်းချနိုင်ခဲ့သည်။ ထို့အတူ သီလ၀ါရှယ်ယာ သည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံသားများ ဘဏ် သည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့်နှုန်းထား ကျပ် ၇၈၀၀ ဖြင့် ပင် စတင် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းအမြင့် များဖြင့် ဈေးကွက် စတင်နိုင်ခဲ့သော်လည်း လက်ရှိတွင် စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီ လေးခုစလုံးမှာ အဖွင့်ဈေးအောက်ဈေးနှုန်း ကျဆင်းခဲ့သည့် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည် ။

ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာအရောင်းအ၀ယ် ဖြစ်ပေါ်နေမှု မှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက် ဘီလျံကျော်၊ ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက် တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီ သုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ပြီး စက်တင်ဘာတွင် လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအ၀ယ်ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့ သည်။ ထို့နောက် အောက်တိုဘာလတွင် သီလ၀ါ ရှယ်ယာများကို ရှယ်ယာ ခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန် လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှု ပြန်မြင့်လာခဲ့ပြီး ကျပ် ၄ ဘီလျံကျော်ဖိုး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအ၀ယ် မြင့်တက်မှုမှာ တစ်လသာ ကြာခဲ့ပြီး နိုဝင်ဘာလတွင်မူ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအ တွင်း နိုဝင်ဘာလသည် အရောင်းအ၀ယ်ကျဆင်းမှု အဆိုးဆုံးဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာလသည် ကျပ် ၁ ဒသမ ၆ ဘီလျံကျော်သာ အရောင်းအ၀ယ်ရှိခဲ့သဖြင့် စတော့အိတ်ချိန်း စတင်သည့် ၁၀ လအတွင်း ရောင်းအားကျဆင်းမှု အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service