စင်္ကာပူ-မလေးရှား မြန်နှုန်းမြင့်ရထားစီမံကိန်းတင်ဒါရရှိရေး တရုတ်ကြိုးပမ်း

စင်္ကာပူ-မလေးရှား မြန်နှုန်းမြင့်ရထားစီမံကိန်းတင်ဒါရရှိရေး တရုတ်ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 10:11 am တွင် တင်ခဲ့သည်
2139 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် စင်္ကာပူနိုင်ငံအကြား သွယ်တန်းဖောက်လုပ်မည့် မြန်နှုန်းမြင့်ရထား (HSR) စီမံကိန်းအတွက် ယခုတိုင် မည်သည့်ကုမ္ပဏီကမျှတင်ဒါမရရှိသေးပေ။ သို့သော်လည်း အကျိုးတူပူးပေါင်းထားသော တရုတ်ယာယီ
အဖွဲ့အစည်းတစ်ခုက ၎င်းတို့လုပ်ပိုင်ခွင့်ရပါက ပြုလုပ်ပေးမည့် HSR စင်စစ်နီးပါးရှိသောHSR နမူနာပုံစံငယ်တစ်ခုကို မလေးရှားနိုင်ငံသားများအား အစမ်းပြသ၊ မောင်းနှင်စီးနင်းခွင့်ပေးခြင်းဖြင့် တင်ဒါရရှိရန်အခွင့်အလမ်းများကို မြှင့်တင်လာသည်။

တရုတ်နိုင်ငံပိုင် China Railway Corporation (CRC) တရုတ်ရထားကော်ပိုရေးရှင်းက
ဦးဆောင်သည့် ထိုအဖွဲ့အစည်းသည် ၎င်းတို့အဆိုပြုတင်ပြထားသော HSR လမ်းနှင့်အသွင်တူအောင် ဖန်တီးထားသည့် ယာယီရုံတစ်ခုဖြစ်သော "Cube" ကို ကွာလာလမ်ပူရှိ KL Sentral ရှောပင်းမောလ်တွင် ပြသလျက်ရှိသည်။

"အများပြည်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ သုံးလကြာ ဖွင့်လှစ်ထားရှိထားပေးမယ့်
Cube မှာ HSR ကို လက်တွေ့အကြိုခံစားနိုင်မှာပါပဲဖြစ်ပါတယ်" ဟု CRC ဥက္ကဋ္ဌယန်ကျုံးမင်က ထိုစမ်းသပ်ရုံငယ်အား ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်နှုန်းမြင့်ရလားလမ်းများ ဆောက်လုပ်၊ လုပ်ငန်းလုပ်ပတ်မှုတွင် တရုတ်၏ မှတ်တမ်းများကိုလည်း ယန်က မီးမောင်းထိုးပြခဲ့သည်။
"၂၀၁၆ က တရုတ်ရဲ့ မြန်နှုန်းမြင့်ရထားဟာ
ခရီးမိုင်ပေါင်း ၂၂,၀၀၀ ကီလိုမီတာ ကျော်ခဲ့ပြီး ကမ္ဘာ့ပထမနေရာ ရရှိခဲ့ပါတယ်။ လက်ရှိ
မှာလည်း ရထားပေါင်း ၄,၅၀၀ ကျော် ပြေးဆွဲနေပြီး နေ့စဉ် ခရီးသည် ၄ ဒသမ ၅ သန်းကိုပို့ဆောင်ပေးနေတာပါ" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အီလက်ထရောနစ်မျက်နှာပြင်များဖြင့် အတိပြုလုပ်ထားသည့် စက်ခန်းဖြင့်သာ Cube ကို ဖန်တီးထားခြင်းဖြစ်သည်။ လာရောက်စမ်းသပ်သူများသည် ထိုမြန်နှုန်းမြင့်ရထားကို
ကိုယ်တိုင်မောင်းနှင်စီးနင်းခံစားကြည့်နိုင်မည်ဖြစ်သည်။

မလေးရှား၏အများပြည်သူမြေပြင်ပို့ဆောင်ရေးကော်မရှင်ဥက္ကဋ္ဌ
ဆေးယက်ဟာမစ်အယ်လ်ဘာက တင်ဒါကို CRC က ရရှိနိုင်ခြေရှိ၊
မရှိကို ဖွင့်ဟထားခြင်းမရှိသော်လည်း
CRC ၏ ကြိုးပမ်းအားထုတ်မှုမျးကို လူသိရှင်ကြား အသိအမှတ်ပြုထားသည်။ မလေးရှားအစိုးရနှင့် စင်္ကာပူအစိုးရတို့သည် ထိုမြန်နှုန်းမြင့်ရထားစီမံကိန်းအတွက် ပြီးခဲ့သည့်လက
သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် ပြီးစီးရန်လည်း သူတို့က မျှော်လင့်ထားကြသည်။

"HSR ဆောက်လုပ်မှုက အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမှာမို့စီမံကိန်းပြီးသွားရင် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဌတွေမှာများစွာအကျိုးဖြစ်ထွန်းမှာပါ" ဟု ဆေးယက်ဟာမစ်က ပြောကြားထားသည်။

HSR သည် ကွာလာလမ်ပူ၏ ဘန်ဒါမလေးရှားစီမံကိန်းမြို့နှင့် စင်္ကာပူ၏ Jurong Lake(ဂျူရုံးလိက်ခ်) ခရိုင်တို့အကြား သွယ်တန်းမည်ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
စင်္ကာပူ-မလေးရှား မြန်နှုန်းမြင့်ရထားစီမံကိန်းတင်ဒါရရှိရေး တရုတ်ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service